Wednesday, January 7, 2009

ဝင်ကစွပ်

ပိုင်ရှင်လာတဲ့အခါ
ဖယ်ပေးရမယ် ဆိုတဲ့အသိနဲ့
ညညတွေ ခဏခဏ လန့်နိုး
အိပ်မက်ဆိုးတွေနဲ့ နပမ်းလုံးနေရ
ဘဝက မလှတာ ကြာလှပေါ့။

ကိုယ့်အိမ်အစစ်မဟုတ်မှန်း သိပေမယ့်
ဒီနေရာလေးကိုပဲ အလှဆင်ချင်နေမိတယ်
အဲဒီပီတိတွေက ငါ့အတွက် အာဟာရလေ။

အတိတ်ချိုချို ပစ္စုပ္ပန်ခါးခါး
အနာဂတ်ကတော့ အရသာအားလုံး ပျောက်ဆုံးပြီပဲ ထားတော့
မင်းရဲ့ချစ်ခြင်းတွေအောက်မှာ
ဒီနေ့တရက်သာ ခိုလှုံခွင့်ရရင် နေလည်းပျော် .. သေလည်း ပျော်မယ့်သူပါ။

စကားမှာအရောင်နဲ့ အရသာရှိတယ်ဆိုတာ
ငါ ရှာဖွေတွေ့ရှိခဲ့ပြီ
အစိမ်းရောင်၊ ခါးသက် အဲဒါ ငါ့အတွက်သက်သက်မဟုတ်လား။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်
ဝင်ကစွပ်တကောင်ကြောင့်တော့
မင်း ဒဏ်ရာ မရစေရပါဘူးကွယ်။ ။
Glitter Word GeneratorGlitter Word GeneratorGlitter Word GeneratorGlitter Word Generator

Glitter Word Generator

8 comments:

tututha said...

ခံစားချက်စစ်စစ်တွေ ထင်ပါ့

မီးတောက် said...

ကဗျာလေးကို ဖတ်ရင်းခံစားသွားပါတယ်.
ကဗျာကောင်းလေး တစ်ပုဒ်ပါ ......
ဆက်လက်ရေးသားနိုင်ပါစေ

ဖိုးဂျယ် said...

ကောင်းတယ်ဗျိုးးးး

ခေါင်ခေါင် said...

သူများနဲ့ မတူတဲ့ဖီလင်လေးပေါ့..

PHYO said...

ဟုတ်ကဲ့ တကယ် ကျေးဇူးတင်ပါတယ်ဗျာ ဆက်ကြိုးစားပါ့မယ်

PHYO said...

ဟုတ်ကဲ့ တကယ် ကျေးဇူးတင်ပါတယ်ဗျာ ဆက်ကြိုးစားပါ့မယ်

Unknown said...

မိုက်တယ်ကွာ ကဗျာကတော့ ပီတယ်

zawhtike said...

အလည်ရောက်ခဲ့ပါတယ် ..ကဗျာလေးကိုလဲခံစားသွားပါတယ် BRo.