Showing posts with label Copy From Alinkar. Show all posts
Showing posts with label Copy From Alinkar. Show all posts

Tuesday, December 2, 2008

ဂစ်တာကိုအရှိန်ပြင်းပြင်းတီးချင်သူတွေအတွကDragon Force ရဲ့ Solo (3) ခု


Dragon Force ဆိုတဲ့ အဖွဲ့ဟာ ဂစ်တာအမြန်တီးချင်တဲ့ အလင်္ကာတွေ မဖြစ်မနေ လေ့လာရ မယ့် အဖွဲ့ပါ။ ခင်ဗျားတို့တွေရဲ့ စိတ်ထဲ မှာ ဂစ်တာ Solo ကို အမြန်ဆုံး အသပ်ရပ်ဆုံး တီးချင်ရင် Dragon Force က ဂစ်တာငနဲနှစ်ယောက်ကို လေ့လာပါလို့ တိုက်တွန်းချင်ပါတယ်။ အဲဒီ ဂစ်တာသမားနှစ်ယောက်ကတော့ Herman Li နဲ့ Sam Totmam ဆိုတဲ့ ငနဲ နှစ် ယောက်ပါပဲ။ ဒီဂစ်တာငနဲနှစ် ယောက်ဟာ ၂၀၀၇ ခုနှစ်ရဲ့ အကောင်း ဆုံး Solo ဂစ်တာသမားနှစ်ယောက်လို့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Tempo အသွက်တွေ၊ စည်းချက် အမြန်တွေပေါ် မှာ ဂစ်တာသံတွေကို 32 Notes, 16 Notes အဖြစ် သပ်သပ်ရပ်ရပ် တင်နိုင် ခဲ့တဲ့ နှစ်ယောက်ဗျ။

အခု အောက်မှာ ရှင်းပြမယ့် Solo သုံးခုက Dragon Force ရဲ့ Fury of the Storm၊ Valley of the damned နဲ့ Revelations သီချင်း သုံးပုဒ်ရဲ့ ဂစ်တာ Solo တွေပါ။ သူတို့နှစ်ယောက်သုံးတဲ့ ဂစ်တာနည်း စနစ်တွေက Palm-muting၊ Sweep Picking၊ Tapping နဲ့ Alternate Picking တွေဗျ။ သူတို့က အဲဒီနည်း စနစ်တွေကို အမြန်ဆုံး တီးနိုင်သလို လိုအပ်ရင် ရုတ်တရက် နှေးပစ်နိုင်တယ် လေ။ သူတို့သုံးတဲ့ နည်းစနစ်တွေက Palm-muting ဆိုတာ ခင်ဗျားရဲ့ လက်ခတ် (Pick) ကိုင်တဲ့လက်ကို ကြိုးပေါ်အုပ်ပြီး အသံထုံအသွားအောင် တီးတာပါ။ ခင်ဗျားတို့ သိပြီးသားပါ။ Tapping ဆိုတာက ဘယ်လက်၊ ညာ လက်နှစ်ဘက်ကို ကြိုးပေါ်မှာ ပေါက် တီးတာ။ Sweeping Picking ဆိုတာက ဂစ်တာလက်ခတ်နဲ့ လက်နဲ့တွဲပြီး Plucking တီးတာပါ။ Alternate Picking ဆိုတာက လက်ခတ်ကို အပေါ်၊ အောက် down၊ up ကစ တစ် လှည့်စီတီးတာပါ။ ဒါက ခင်ဗျားတို့ကို ဆရာလုပ်တာမဟုတ်ပါဘူး။ လုံးဝမသိ တဲ့တစ်ယောက် ကိုင်ဖတ်ဖြစ်ရင် အခြေခံလောက် သိသွားအောင် လူပြိန်း နည်းနဲ့ ရှင်းပြထားတာပါ။ ကဲ ထားပါ၊ သေချာတာကတော့ ခင်ဗျားတို့အနေနဲ့ သူတို့ရဲ့ notes တွေကို သူတို့ တီး သလိုမျိုး တန်းပြီး မတီးနိုင်လောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ သီချင်းတွေ ရဲ့ tempo တွေက အရမ်းမြန်တယ် ဗျ။ ၂၀၀ ၊ ၁၉၈ နဲ့ ၁၄၀ ဆိုတော့ notes ကို ကြည့်ပြီး လက်တန်း တီး ဖို့ မလွယ်ဘူးဗျ။ ကျွန်တော်လည်း ဒီ ဆောင်းပါးရေးဖို့ တီးကြည့်တာ တော် တော် ရွာလယ်တယ်။

ဒါကြောင့် notes တွေကို ကြည့်ပြီး မလန့်ပါနဲ့။ ကိုယ်ကြိုက်တဲ့ နှုန်းနဲ့ စကျင့်ပါ။ notes ကို အပိုင်း ပိုင်းဖြတ်ပြီး၊ beat တစ်ခုချင်းစီ တစ် bar ချင်းစီ ခွဲကျင့်ပါ။ အနှေးကျင့်ပြီးမှ တဖြည်းဖြည်း မြန်ဖို့ မမေ့ပါနဲ့။

Herman Li နဲ့ Sam Totman နှစ်ယောက်စလုံးက Laney GH 100 head နဲ့ Laney cab တွေကို Amp အဖြစ် သုံးတယ်။ သူတို့တွေ ဂစ်တာ Amp ချိန်တဲ့အခါမှာ Trible ကို အဆုံးထိတင်ပြီး 10 မှာ ထားတယ်။ Mid ကို 6 မှာ ထားတယ်။ Bass ကို တစ်ဝက် (5) မှာ ထားတယ်။ Reverb သံကိုတော့ နှစ်ကောင်စလုံးက မကြိုက်ဘူးထင်တယ်။ (0) မှာ ထားတယ်။ Gain ကိုတော့ 8 မှာ ထားတယ်ဗျာ။

သူတို့သုံးတဲ့ဂစ်တာက Ibanez ဂစ်တာတွေပါ။ ဂစ်တာသံတွေက ပါဝါ ပြင်းပြီး Gain မြင့်တယ်။ ဂစ်တာ bridge တွေက bar တံကို လိုသလို ဆော့နိုင်ဖို့ humbucker bridge ကို သုံးတယ်ဗျ။ ကဲ သူတို့ notes တွေနဲ့ သူတို့ပြောစကားကို ကြည့်ရအောင် . . .။

'ဒီ Fury of the Storm သီချင်းရဲ့ Intro က Dragon ရဲ့ အခက်ဆုံး Intro ပဲဗျ။ ဒါက Paul Gilbert ရဲ့ဂစ်တာသံတွေကို ကျွန်တော် ပြန်ဝင်စားပြီးတီးထားတာ။ ခင်ဗျား အနေနဲ့ ဒီ Solo ကနေပြီး နည်းစနစ်နဲ့ notes ရွေးချယ်မှုကို ကြားရမယ်ဗျ။ ကျွန်တော်ကတော့ ဒီ Solo ကိုရဖို့ အကြာကြီးကို ခက်ခက်ခဲခဲလေ့ကျင့်ပြီးမှ အသံသွင်းခဲ့တာဗျ။ ဘာပဲဖြစ်ဖြစ် ဒီ Solo က ကျွန်တော့်ကို ပရိသတ်တွေနဲ့ ဟာမိုနီဖြစ်စေခဲ့တယ်ဗျ'

Intro ပထမလေးဘားမှာ နောက် နှစ်ဘားအပေါ်မှာ ၁ ကို နှစ်ဘားစာ ဘောင်ခတ်ထားတာနဲ့ အဲဒီ့ နောက်တစ်ဘားမှာ ၂ ကို ဘောင်ခတ်ထားတာတွေ့မှာပါ။ ပထမလေးဘားအဆုံးမှာ (း) အစက်နှစ်စက်ပြထားတော့ နှစ်ခေါက်တီးရမှာပါ။ အဲဒီ နှစ်ခေါက်မှာ ပထမအခေါက်ကို ၁ ပြထားတဲ့ နှစ်ဘားထည့်တီးပြီး ဒုတိယတစ်ခေါက်မှာ ပထမနှစ်ဘားပြီးရင် ၂ ပြ ထားတာကိုတီးဖို့ပါ။ လုံးဝမသိသေးသူတွေအတွက်ပါ။ ပထမရှစ်ဘားတီးပြီးတဲ့အခါ ကြောက်စရာကောင်းတဲ့ 16th notes တီးချက် တီးကွက်တွေဟာ ၀ါးလုံးထိုး စီးကျလာပါတယ်။ ခင်ဗျား ဒီအပိုင်းကိုလိုက်တီးရင် တစ်ခု သတိထားရမယ်ဗျ။ အဲဒါက ၉ ဘားမြောက်ကစပြီး ပထမ beat မှာ resetသင်္ကေတပါတာဗျ။ အဲဒီ resetကို ပထမစည်းချက် (beat) ရဲ့ 1e & a မှာ e နေရာပဲ နားပြီး နောက် 2,3,4, မှာ 16th notes ပြန်တီးရမှာပါ။ Tempo အမြန်နဲ့ ခက်ရင် အနှေးနဲ့ စကျင့်ပါ။ အရသာတစ်မျိုးတွေမှာပါ။ ၁၂ ခုမြောက် bar ရဲ့ အဆုံး beat (4) မှာ Pinch Harmonic (P.H) ထည့်တီးတာကံHollow နဲ့ဆို ခက်ပါလိမ့်မယ်။ ကြိုးစားကျင့်ပါ။ တီးလို့မရရင် A notes ကို နေရာပြောင်းပြီး P.Hထုတ်ပါ။ ဒီမှာပါတဲ့ hammer-on နဲ့ pull-off တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကျင့်တီးပါ။ ဒါကို ခင်ဗျား သူ့အတိုင်း တီးနိုင်ရင် ခင်ဗျားအနေနဲ့ အမြန်ဆုံး Soloတွေကို တီးဖို့ အဆင်သင့်ဖြစ်ပြီ မှတ်ထားပါ။

Valley of the Damned

'ကျွန်တော်Stage စင်ပေါ် မှာ ဒီ Valley of the Damned သီချင်းကို ကြားရင် 'အမေရေ ဒါကတော့ တော်တော်လေတဲ့ riff ပဲ' လို့ စဉ်းစားမိတယ်ဗျ။ ဒီထဲက အပိုင်းတစ် ပိုင်းကို စတီးဖို့ ကျွန်တော်ကတော့ ၇ နှစ်လောက် စကျင့်ရမယ်ဗျ။ ကျွန်တော်စပြီး လေ့ကျင့်ခဲတဲ့ ၁၉၉၉ ခုနှစ်ကို ပြန်ရောက်သွားသလိုပဲ'

ခင်ဗျားအနေနဲ့ ဒီ riff ကို တီးရင် alternate picking ကို အမြန်သုံးရမယ်။ ကြိုးကျော် notes တွေ ပါတော့ ကြားထဲက ကြိုးတွေကိုမထိဘဲတီးမိအောင် သေသေချာချာကျင့်ရမယ်။Tempo က 198ဆိုတော့ မြန်တယ်ဗျ။ ထုံးစံအတိုင်း အနှေးနဲ့ စကျင့်ပါ။ P.M (Plam Mute) လုပ်တီးတဲ့နေရာတွေကို ဂရုစိုက်ပြီး hammer-on လုပ်တဲ့နေရာနဲ့ ချိတ်မိအောင် ဂရုစိုက်ပါ။ သေသေချာချာ အထပ်ထပ်တီးရင် ခင်ဗျားတစ်ခုခုရမှာပါ။


Revelations

'ကျွန်တော့်ရှဲ့Solo တွေထဲက ဒီ Revelations သီချင်းရဲ့ Solo က အကောင်းဆုံးတစ်ခုလို့ ပြောချင်ပါ တယ်။ ဒီသီချင်းကို ကျွန်တော်တို့ တစ်ဖွဲ့လုံး အမြဲတီးကြတာဗျ။Herman က သူ ဂစ်တာကို မတီးခင် ကျွန်တော်က အရင်ဆော်ခွင့်ရတSolo ပေါ့။ တီးကြည့်ပါ'



ခင်ဗျားတို့တော့ မသိဘူး။ ဒီ tempo 140 နဲ့ Solo ကို ကျွန်တော် တီးကြည့်တော့ တော်တော်စားသွားတယ်။Hollow နဲ့ တီးရင် မလွယ်ပါ ဘူး။ သူ့ရဲ့ position အနေအထားက 12th အကွက်ရဲ့ နောက်မှာ တီးတာကိုဗျ။ ဒုတိယ bar ကစပြီး ကြိုးတွန်းထားတော့ ရောက်အောင် တွန်းဖို့ စ ခက်တာပေါ့။ တတိယ bar ရဲ့ နောက်ဆုံးမှာ Vibartoလုပ်ပြီး ကြိုးလှုပ်တာကို ဂရုစိုက်ပါ။ သူ့ရဲ့ ကြိုးလှုပ်တဲ့ အချိန်က စတုတ္ထ bar ရဲ့ ပထမနှစ် beat မှာhammer-on ပြီးပြီးချင်း slide လုပ်ပြီး ကြိုးပတ်ဆွဲတီးတာကို ဂရုစိုက်ပါ။

ရှစ် bar မြောက်ကနေ 12 bar မြောက် အထိက ခင်ဗျား ဂရုစိုက် တီးရမယ့်အပိုင်းထဲမှာ ပါပါတယ်။ မြန် မြန်ဆန်ဆန်နဲ့ သေသေသပ်သပ် တီးနိုင်ဖို့ ဂရုစိုက်ပါ။ လောဘမကြီးပါနဲ့။ 16th bar ရဲ့ အဆုံးကနေ 17th bar ရဲ့ အစ အကူးကစပြီး arpeggio စ တီးထားပါတယ်။ ခင်ဗျားရဲ့ ဂစ်တာလက် ခတ်ကို down တစ်ချက် upတစ်ချက်တည်းနဲ့ အသံစုံထွက်နိုင်ဖို့ ဖြည်းဖြည်းစကျင့်ပါ။18th bar မြောက်က hammer-on နဲ့ pull-off ပေါင်းပြီး ကြားထဲမှာ နှစ်ကြိုးကG-notes ကို ဖောက်ပြီး တီးတာကို ဂရုစိုက်ပါ။ အသံထွက်ပီသအောင် ကျင့်ပါ။Sixplet note ရဲ့ အရသာကို သိပါလိမ့်မယ်။

19th bar ကို ရောက်တဲ့အခါ Sixplet ကို့  hammer-on တွေ ဘာတွေမသုံးဘဲ လက်ခတ်နဲ့ alternative picking (down & up) တီးထားတာဗျ။ ဒီSam Totman ဆိုတဲ့ ငနဲက Solo တစ်ပုဒ်ထဲမှာ နည်းစနစ် တွေကို စုပြီး မွှေထည့်ထားတော့ ခက်တော့ ခက်လိမ့်မယ်။ ဒါကြောင့် ဂစ်တာ Hero ဖြစ်ချင်ရင်တော့ ရအောင်ကျင့် သင့်ပါတယ်။ တစ် bar ချင်း ခွဲကျင့်ပြီးမှ တီးပါ။

Monday, December 1, 2008

Slash ပြောတဲ့ သူ့ရဲ့ Signature Guitars များအကြောင်း


Guns N' Roses ဝိုင်းရဲ့ နာမည်ကျော် ဂစ်တာ သမားဟောင်း ဆလက်ရှ် Slash ဟာ သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် ဂစ်တာတွေ အဖြစ် Gibson Custom Slash Inspired By VOS, Gibson USA Slash Signature Les Paul Standard နဲ့ The Epiphone Slash Les Paul Standard Plus တို့ကို ထုတ်လုပ်ထားပါတယ်။ အခု သူ့ရဲ့ Les Paul ဂစ်တာ ပုံစံသစ်တွေအကြောင်း Total Guitar မဂ္ဂဇင်းကို ဆလက်ရှ်က ပြောပြခဲ့ပါတယ်။

ခင်ဗျားရဲ့ အမှတ်တံဆိပ် ဂစ်တာတွေ ထုတ်လုပ်နိုင်ဖို့ အချိန်ဘယ်လောက် ကြာခဲ့သလဲ။ ဘယ်လိုလုပ်ခဲ့ကြလဲ ပြော ပြပေးပါ။
Slash

အခုပုံစံသစ် (Slash Les Paul Standard VOS ကို ထပ်မံမွမ်းမံ ထားသော Gibson Custom Slash) ကို ပြင် ဆင်နေခဲ့ကြတာ ၁ နှစ်လောက် ရှိမယ် ထင်ပါတယ်။ ဒီဂစ်တာ အတွက် စပြီးတိုင် ပင်ကြတုန်း ကတော့ အချိန်သိပ်မကြာ ခဲ့ကြပါဘူး။ ကျွန်တော် လိုချင်တဲ့ပုံစံကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော်ကြိုက်တဲ့ Les Paul ရဲ့ တချို့ အစိတ်အပိုင်း တွေကိုယူပါ တယ်။ ပြီးတော့ တခြား ကျွန်တော် ကြိုက်တာတွေနဲ့ ပေါင်းစပ်ပါတယ်။ ဥပမာ ပြောရရင် Gibson မှာ ဂစ်တာ လက်တံပုံစံအမျိုး မျိုးရှိပါတယ်။ အဲဒီအထဲက ကျွန်တော့် စိတ်ကြိုက် လက်တံပုံစံ တစ်ခု ရှိပါတယ်။ ဒါနဲ့ ကျွန်တော်က ဒီဂစ်တာသစ်မှာတော့ ဒီလက်တံကိုတပ်ပါ။ ဒီ pickups တွေကို တပ်ပါ။ ဒီပစ္စည်းတွေကိုသုံးပါဆိုပြီး ပြော လိုက်တယ်။ ဂစ်တာကိုယ်ထည်ကိုလည်း မေပယ်သားကောင်းကောင်းနဲ့ လုပ်ထား ပါတယ်။

ဒီ ဂစ်တာမှာ ခင်ဗျားအနေနဲ့ တချို့ အစိတ်အပိုင်းတွေကို သေသေချာချာ စမ်းသပ်ဖို့ လိုလာ တာမျိုးတွေရော ပေါ် ခဲ့သေးလား။

မရှိခဲ့ပါဘူး။ ဂစ်တာပုံစံသစ်တစ်ခုကို ဒီဇိုင်းဆွဲရတာကလောက်တော့ ရှုပ်ထွေး မှု မရှိပါဘူး။ ဒီဂစ်တာက ဟိုးအရင် Les Paul ဒီဇိုင်း လုပ်ခဲ့တာမျိုးပါ။ ကြီးကြီး မားမား ပြန်ပြီး ပြင်ဆင်ရတာမျိုး မရှိခဲ့ပါဘူး။ ခင်ဗျားအမြင်မှာ ပြည့်စုံတဲ့ ဂစ်တာတစ်လုံး ဆိုတာကို ဘယ်အချက် တွေနဲ့ သတ် မှတ်မလဲ။ ပြီးတော့ ခင်ဗျား ရဲ့ဂစ်တာတွေကရော အဲဒီအ ချက်တွေနဲ့ ဘယ်လောက် ကိုက်ညီမှု ရှိလဲ။ ကျွန်တော့်အတွက်တော့ ကျွန်တော့် ဂစ်တာတွေဟာ အပြည့်စုံဆုံးပါ။ Gibson ဟာ ကျွန်တော့်စိတ်ကြိုက် အမျိုးအစားပါ။ လက်ရှိလည်း ကျွန်တော် တီးခတ်နေပါ တယ်။ ဒီဂစ်တာတွေက သိပ်အံ့သြစရာ ကောင်းပါတယ်။

ခင်ဗျားအမှတ်တံဆိပ်ဂစ်တာကို ထုတ်ဖို့ ဆက်သွယ်လာတုန်းက ခင်ဗျားဆန္ဒရှိ နေတာတွေကို ကိုယ့်ကိုကိုယ် တိတိကျကျ သိခဲ့သလား။ ဘယ်ပစ္စည်းတွေက ခင်ဗျား အတွက် အရေးပါသလဲ။

ကျွန်တော် ဆန္ဒရှိတာတွေကို သူတို့ကို ပြောတာ ၁ နာရီလောက်ပဲ ကြာတယ် ဗျ။ ဟိုအရင်တုန်းက Jimmy Page နဲ့ ကျွန်တော် အလုပ်တွဲ လုပ်နေ ခဲ့တယ်။ သူ့ဆီမှာက ဒီဂစ်တာပုံစံမျိုး ရှိတယ်ဗျ။ သူ့ဂစ်တာကိုတွေ့တော့ အရမ်း ကြိုက် ခဲ့တယ်။ အခုတော့ အဲဒီလို ဂစ်တာမျိုး ကျွန်တော့် အမှတ်တံဆိပ်နဲ့ ရှိလာပြီ ပေါ့ဗျာ။

ခင်ဗျားဂစ်တာတွေရဲ့ ဈေးနှုန်းတွေ အပြင်၊ လက်ရှိရောင်းချနေတဲ့ ခင်ဗျားရဲ့ အမှတ် တံဆိပ်ဂစ်တာတွေကြားမှာ ဘယ်လို ကွဲပြားမှုတွေ ရှိသလဲ။

The Epiphone ကတော့ ခံနိုင်ရည် အကောင်းဆုံးပါပဲ။ ဒီဂစ်တာက Gibson နဲ့ အခြေခံအစိတ်အပိုင်းတွေ အတူတူပါပဲ။ ကျွန်တော့် ဂစ်တာ ဈေးနှုန်းတွေ ကတော့ ဈေးကြီးပါတယ်။ ဒေါ်လာထောင်ဂဏန်း လောက်တော့ ပေးရမှာပါ။ အခုနောက်ဆုံး အမျိုးအစားကတော့ ဈေးအကြီးဆုံးပါ။ ဟိုအရင်ကတည်းက ကျွန်တော်အသုံးပြု နေတဲ့ Les Paul ရဲ့ ပုံစံတူပါပဲ ။ ဒီဂစ် တာရဲ့ ထူးခြားမှုတစ်ခုကတော့ အစင်းရာ၊ ခြစ်ရာတွေနဲ့ စီးကရက် မီးပေါက်ရာတွေကို အချော မသတ်ဘဲ ဒီအတိုင်းထားတာပါပဲ။
Slash

အရိုးသားဆုံး ဖြေပေးပါ။ ခင်ဗျား ဂစ် တာတွေရဲ့ ပုံစံတွေက ခင်ဗျားအတွက် ဘယ်လောက် အရေး ပါသလဲ။

ဂစ်တာပုံစံဟာ ကျွန်တော့်အတွက် အရေးအပါဆုံးပါ။ ဥပမာပြောရရင် Joe Perry ဆီမှာ ကျွန်တော် ကြိုက်တဲ့ Tobacco sunburst နဲ့ ၁၉၅၉ Les Paul တစ်လက်ရှိပါတယ်။ အဲဒီတုန်း က Gibson ကထုတ်တဲ့ Les Paul ရဲ့ တစ်မျိုးတည်းသောအရောင်က ချယ်ရီရောင် နီနီဖြစ်ပါတယ်။ ကျွန်တော့် တသီးပုဂ္ဂလ အ မြင်မှာတော့ Tobacco sunburst ဟာ ပိုပြီးမိုက်ပါတယ်။ ဒါကြောင့် အခုပုံစံသစ်ကို အဲဒီလိုလုပ်စေခဲ့တာပါ။

ဂစ်တာဆိုင် တစ်ခုဆီသွားပြီး ခင်ဗျားတံ ဆိပ်ဂစ်တာတစ်လက်ကို စမ်းတီးဖူးလား။ ခင်ဗျား မှာရှိ နေတဲ့ ဂစ်တာလိုမျိုးကောင်း၊ မကောင်းသိရအောင်လို့ပေါ့။

အဲဒီလို မျိုးတော့ မလုပ်ဖူးပါဘူး။ ဒါပေမယ့် ကျွန်တော့်တံဆိပ် ဂစ်တာတိုင်းဟာ ကျွန် တော့်မှာရှိနေတဲ့ ဂစ်တာလိုပဲ စံချိန်မီ ဂစ်တာ တွေပါ။ ဒီဂစ်တာ တိုင်းမှာ ကျွန်တော့်နာမည် ပါနေတာကို ခင်ဗျားတွေ့မှာပါ။ ကျွန်တော် စိတ်တိုင်းမကျတဲ့ပုံစံကို ကျွန်တော်ထုတ် လုပ်ခွင့်ပေးမှာမဟုတ်ပါဘူး။ ဂစ်တာပြုလုပ်သူ တစ်ယောက်ရဲ့ အရေးအကြီးဆုံးအရည် အသွေး ဟာကြာရှည်ခံမှုပါပဲ။ Gibson ရဲ့ အကောင်း ဆုံးအချက်ကလည်း ကြာရှည်ခံမှုပဲလေ။

ခင်ဗျားရဲ့ အခုလက်ရှိ ပုံစံသစ်ကို အပြောင်း အလဲ ထပ်လုပ်ဖို့ရောရှိလား။

လိုတယ် မထင်ပါဘူး။ ဒီဂစ်တာကို ကျွန် တော့်စိတ်ထဲမှာ အချိန်အကြာကြီး ပုံစံထုတ် နေတာပါ။ ဒီဂစ်တာကို ကျွန်တော်ချစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် တွေအတွင်းမှာ တခြား ကျွန်တော့်တံ ဆိပ် Les Paul တွေ ထုတ်လုပ်ထားပါတယ်။ အကုန်လုံးဟာ အံ့သြစရာ ကောင်းတဲ့ ဂစ်တာ တွေ ပါပဲဗျာ။

Slash ၏ ကိုယ်ရေးအကျဉ်း

Slash ၏ အမည်ရင်းမှာ ဆောဟဒ်ဆန် ဖြစ်ပြီး၊ ၁၉၆၅၊ ဇူလိုင် ၂၃ တွင် လန်ဒန်၊ Hampsted ၌ မွေးဖွားခဲ့သည်။ အမည်ရင်းထက် ဆလက်ရှ် Slash ဟုသာ နာမည် ကျော်သည်။ တေးရေး ဆရာလည်း ဖြစ်သော ဆလက်ရှ်သည် အင်္ဂလိပ်-အမေရိကန် ဂစ်တာသမား တစ်ယောက် ဖြစ်သည်။ Guns N' Roses ၏ လိဒ်ဂစ်တာ သမားဟောင်းဖြစ်ပြီး၊ Velvet Revolver ၏ လက်ရှိ ဂစ်တာသမား ဖြစ်သည်။ Gibson Les Paul အမျိုးအစား ဂစ်တာကို တီးခတ်သည်။ ဆလက်ရှ်၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ www.slashonline.com ဖြစ်သည်။

Metal Guitar ဆရာများ






၁၉၈၆ ခုနှစ် Joe Satriani ရဲ့ "Surfing with the Alien" နဲ့အတူ ဂစ်တာ shred တွေ မွေးဖွား လာပြီးနောက် ခင်ဗျားမှာ လက်က အရည်ကြည်ဖုတွေ ပေါက်ကွဲလု မတတ်၊ အရည်ပျော်မတတ် ဂစ်တာ သာဓကတွေ နှစ်ပေါင်း ၂ဝ ကျော် လောက်အောင် ချီးမွမ်းခန်း ဖွင့်ပြီး လောက်ပါပြီ။ Satch, Yngwie Malmsteen နဲ့ Steve Vai တို့လို လမ်းသစ် ဖောက်သူတွေဟာ မျိုးဆက်သစ် shredder တွေကို လွှမ်းမိုး စေခဲ့ပါ တယ်။ ကျွန်တော်တို့ အများဆုံး ရိုသေ လေးစားရတဲ့ ဂီတအမျိုးအစား သုံးခုထဲ မှ ဂစ်တာသမား တွေဖြစ်တဲ့ Michael Amott (Arch Enemy), Mark Tremonti (Alter Bridge) နဲ့ Alexi Laiho (Children of Bodom) တို့ရဲ့ မျိုးဆက်သစ် shred သူရဲကောင်း ဖြစ် လာဖို့ ဘာတွေ လိုအပ် သလဲဆိုတာ ရှာဖွေကြအောင်ဗျာ။
Mark Tremonti

Shred ဆိုတဲ့ စကားလုံးကို ဘယ် လိုအဓိပ္ပာယ်ဖွင့်မလဲ။

Mark Tremontiး ဂစ်တာနဲ့ ပတ်သက်ပြီး Technique တွေကျမ်းကျေ နေတယ်လို့ ထင် တယ်။

Michael Amottး ဂစ်တာကို note အမြင့် ထူထူ တီးတယ် ဆိုရင် ကောဗျာ။

Alexi Laihoး Shred ဆိုတာကို တွေးမိရင် ကျွန်တော် Zakk Wylde နဲ့ Sweden ဘုရင်ကြီး Yngwie တို့ကို တွေးမိတယ်။

Michaelး အိုး Yngwie Malmsteen က shred ကမ္ဗည်း တင်ထားခံ ရတဲ့လူဗျ။ ၈ဝ ခုနှစ် အလယ်ပိုင်းမှာ သူ့လောက် ကောင်းတဲ့ လူ ဘယ်သူမှ မရှိဘူး။ သူ့မှာ shredder တိုင်းမှာ မရှိတဲ့ tone ကောင်း ကောင်းရှိတယ်။

Shredder တွေရဲ့ အဓိက technique က ဘာလဲ။

Michaelး အမြန်နှုန်းနဲ့ ထိန်းချုပ်မှုပဲ။

Markး လက်ခတ် ( Picking)၊ Finger tapping, theory နဲ့ ပတ်သက် ပြီး အသိဥာဏ်၊ ပြီးတော့ စိတ်ရှည်မှု။

Alexiး Alternate Picking က အဲဒါတွေ အားလုံးရဲ့ အစပဲ။ Sweep Picking, String Skipping, bend တွေ။ vibrato တွေ။


ခင်ဗျားတို့ကိုယ် ခင်ဗျား shredder တွေလို့ သတ်မှတ်လား။


Alexiး ခေါင်းစဉ်တပ်တာတွေ ကျွန် တော်ဂရုမစိုက်ဘူး။ လူတွေက အဲဒီလို ထင်ရင်တော့ ကျွန်တော့်အတွက် ok ပါတယ်။ ကျွန်တော်က ဂစ်တာသမား ပါပဲ။

Markး ကျွန်တော့်ကိုယ် ကျွန်တော် သီချင်းရေးဆရာတစ်ယောက်အဖြစ် ပို မြင်တယ်။ Shred လုပ်ရတာလည်း ကြိုက်ပါတယ်။ ဂစ်တာသမားတစ် ယောက်အနေနဲ့ ရင့်ကျက်လာတဲ့အခါ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ပျက်စီး စေတာတွေ ထပ်ပြီးသင်ယူဖို့ မကြိုးစား တော့ဘူး။ Pharsing တွေ၊ tap တွေနဲ့ blues တွေပေါ်မှာပဲ အာရုံစိုက်တော့ တယ်။

Michaelး အကြောင်းမရှိဘဲ speed တွေ ကျွန်တော်မတီးချင်ဘူး။ ကျွန်တော်က အချိတ်အဆက် ကောင်းတဲ့ player တစ် ယောက်ပဲ ဖြစ်ချင်တယ်။ တကယ် ကောင်းတဲ့ vibrato ၊tone တွေနဲ့ melodic ဖြစ်နေတဲ့ အချိန်မှာ speed နဲ့ power တွေ တီးရတာ ကြိုက် တယ်။

ဂစ်တာ shred hero အဖြစ် TG က သတ်မှတ်ပေးလိုက်တာ ခင်ဗျားတို့ အမြင်က ဘယ်လိုလဲ။

Michaelး Hero ဖြစ်သွားတာပေါ့။

Alexiး မြှောက်နေပြန်ပြီဗျာ (ရယ်လျက်)။ နှစ်ပေါင်းများစွာ ဂစ်တာတီး ခဲ့တာတွေနဲ့ ကိုယ့်ရဲ့ style ဖြစ်လာ အောင် ကြိုးစားခဲ့ တာ တွေက အောင်မြင် မှုတစ်ခုပါပဲ။

Markး ကောင်းတာပေါ့။ ကျွန်တော် တို့ ဘဝတလျှောက်လုံး ဂစ်တာတီးရဖို့ အခွင့်အရေးတစ်ခုရသွားတာပေါ့။ ကျွန် တော်တို့ လက်လျှော့ အရှုံးပေးမှာတော့ မဟုတ်ဘူး၊ ဟုတ်တယ်မဟုတ်လား။
Michael Amott

ခင်ဗျားတို့ရဲ့ အကောင်းဆုံး shredder က ဘယ်သူဖြစ်နိုင်မလဲ။

Markး တကယ် သန့်စင်တဲ့ shred လား။ Stevai, Michael Angelo Batio, techique ပိုင်းမှာပေါ့။ ဒါပေမယ့် ဂစ်တာကို အမိန့် အပေးနိုင်ဆုံး Olympic ပြိုင်ပွဲ လုပ်ရင်တော့ Rusty Cooley က အကောင်းဆုံး ဖြစ်မှာပဲ။ Joe Satrian ကိုလည်း မေ့လို့မရဘူး။ သူက Modren shred ရဲ့ ဘိုးအေကြီးဗျ။ အခုလောလော ဆယ် ကမ္ဘာကို အခြောက်လှန့်ဆုံး shredder ကတော့ Guthrie Govan ပဲ။ သူ့ဆီမှာ အရသာတွေ အများကြီးပဲ။ Shredder တွေထဲမှာ ကျွန်တော်ရှာနေတာ အဲဒါပဲ။

Alexiး Zakk Wylde ကတော့ ကျွန်တော် အကြိုက်ဆုံးတွေ ထဲက တစ် ယောက်ပဲ။ သူ့ရဲ့ rhythm တွေက ရူးသွားလောက်တယ်။ လူတော်တော်များ များက ဂစ်တာတီးတာ ကောင်းကောင်း နားထောင်ချင်ရင် lead ကိုပဲ နား ထောင်ကြတယ်။ ဒါပေမယ့် rhythm ကိုလည်း ညီတူမျှတူ သတိထားပြီး နား ထောင်သင့်တယ်လို့ ကျွန်တော်ထင် တယ်။

Michaelး ကျွန်တော်ကတော့ John Norum, Frank Marino, Michael Schenker, John Sykes, Uli Jon Roth နဲ့ Gary Moore တို့လို လူမျိုး တွေကို ကြိုက်တယ်။ အရသာရှိတဲ့ heavy ဂစ်တာ solo အမြန်တွေ တီးရတာ သဘောကျတာ အဲဒါကြောင့်ပဲ။

ခင်ဗျားတို့ ဒီလောက် level ရောက် နေတာတောင် နောက်ထပ် အသစ် တွေ သင်ယူဖို့ ကြိုးစားသေးလား။

Michaelး သေချာတာပေါ့။ နောက် level တစ်ခုရောက်အောင် အမြဲတမ်း ကြိုးစားနေတယ်။ လုပ်ရမှာပဲလေ။

Alexiး ကျွန်တော် သင်ချင်တဲ့ဟာတွေ ရှိသေးတယ်ဗျ။ ဥပမာ-chicken picking ပေါ့။ အဲဒီနေရာမှာ ကျွန်တော် အသုံးမကျဘူး။ ဒါ ကျွန်တော့် အတွက် မရှိမဖြစ်တော့ မလိုအပ်ပါဘူး။ အသစ် တစ်ခုကို အမြဲတမ်း သင်ချင်တာ တစ်ခု ပါပဲ။

Markး ကျွန်တော်ကတော့ အမြဲတမ်း သင်ယူနေတယ်။ Show တစ်ခုရောက် တိုင်း သူငယ်ချင်းတွေနဲ့အတူတူ ဂစ်တာ တီးပြီး သူတို့ဆီက အသစ်တွေကို နှိုက် ယူတယ်။

ခင်ဗျားတို့ အလွှမ်းမိုးခံချင်တယ်ဆိုရင် ဘယ်သူတွေကို နားထောင်မလဲ။

Michaelး ၇ဝ ခုနှစ်နဲ့ ၈ဝ လောက် က hard rock နဲ့ metal တွေ လွှမ်းမိုးခံရတာ ကျွန်တော်ပဲ။ သူတို့ဟာ အခုချိန်မှာ အဲဒီတုန်းက ထက် အများ ကြီး သာနေပြီ။

Alexiး Randy Rhoads, Jake Else, Steve Vai, Paul Gilbert, Dimegab နောက်ပြီး မထင်ရှားတဲ့ သူထဲကဆိုရင် Mark Knopfler ပေါ့။ သူက သူ့ဟာနဲ့သူ သွားတာဗျ။

Markး အခု တလောကော John Petrucci ရဲ့ Suspended Animation ကို နားထောင် နေတယ်။ Joe Bananasa လို blue shredder တွေကောပဲ။

ဘယ်လောက်ထိ လေ့ကျင့်လဲ။

Michaelး Tour တွေမှာ အချိန်တွေ ဖြုန်းဖို့အတွက် အများ ကြီးတီးဖြစ်တယ်။ အိမ် မှာတော့ သိပ်မတီးဖြစ်ဘူး။ ဒါပေမယ့် အနည်းဆုံး တစ် နာရီ၊ နှစ်နာရီလောက်တော့ တစ်နေ့ကို တီးဖြစ်ပါတယ်။

Alexiး လမ်းပေါ်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် တီး တယ်။ ဒါပေမယ့် show မစခင်တော့သိပ်မတီးဖြစ် ဘူး။ သောက်လို့တော့ မဖြစ်ဘူး။ မှားကုန် လိမ့်မယ်။ amp အသေးလေးယူပြီး အခြားဂစ်တာ သမားတွေနဲ့ တီးတယ်။ စိတ်ညစ် နေတဲ့ အချိန်မှာ တော့ ဥရောပ CD တစ်ချပ် ဖွင့် ပြီး solo လိုက် တီးနေလိုက် တယ်။

Markး ကျွန်တော်ရဲ့ လက်ချောင်းတွေ နာသည်အထိ လေ့ကျင့်တယ်။ Tour ထွက်တဲ့အခါ လက်ထဲမှာ ဂစ်တာက လေးနာရီ၊ ငါးနာရီလောက်ရှိနေတယ်။ Show ပေါ်မှာရယ်နဲ့ပေါင်းရင် အားလုံး ပေါင်း ၆ နာရီလောက် ရှိမယ်။ တစ်နေ့ မှာပေါ့။ အိမ်မှာတော့ တစ်နေ့ သုံးနာရီ လောက်ပဲ။ ကျွန်တော့်မှာ သားတစ် ယောက် ရနေပြီလေ။

ခင်ဗျားတို့ အားလုံး သွက်လက်တဲ့ ဂစ်တာသမား တွေ ကြီးပဲ။ ဒါသဘာဝ အ လျောက် ဖြစ်လာတာလား။

Michaelး Speed က နှစ်ပေါင်း များစွာ ကျွန်တော်လေ့ကျင့်လာတဲ့ အရာတစ်ခုပဲ။

Alexiး အဲဒါကို ရအောင် ကြိုးစားရမှာပဲ။ အဲဒီလို မြန်တဲ့ player တွေဆို ကျွန်တော် သင်ယူနေတုန်းက အရမ်းအားကျတယ်။ ဒါကြောင့် speed က ကျွန်တော် အသင်ယူချင်ဆုံး အရာတစ်ခုပဲ။

Markး ဂစ်တာတီးခဲ့သမျှတော့ speed-metal လို rhythm picking ကလွဲလို့ အားလုံးကို ကြိုးစား လေ့ကျင့်ခဲ့တယ်။

ခင်ဗျား solo တွေ တီးတဲ့အခါ အကြိုက်ဆုံး scale တို့၊ Arpeggio Pattern တို့ရှိလား။

Michaelး Pentatonic ပေါ်မှာပဲ heavy ဖြစ်အောင် တီးတယ်။ ဒါပေမယ့် note တွေ၊ lick နဲ့တွေ ပေါင်းပြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်း အောင်လည်း တီးပါတယ်။

Alexiး ကျွန်တော် မကြိုက်တာတွေ ကို ပိုပြီးပြောချင်တယ်။ ကျွန်တော်က harmonic minor တွေ မကြိုက်ဘူး။ Pentatonic ကို ကြိုက်တယ်။ ကျွန် တော်က flat five နဲ့ major six ကို ပေါင်းပြီး ကျန်တာ လုပ်ချင်ရာ ဆက် လုပ်တော့တာပဲ။ အခြေခံ major scale နဲ့ minor scale တွေကိုပဲ မထပ် အောင် သုံးနိုင်ရင် တကယ်ကောင်းတဲ့ အသံတွေ ထွက်လာမှာပဲ။

Markး ကျွန်တော်က Legato ပုံစံကိုပဲ လုပ်ဖြစ်လိမ့်မယ်။ Mixolydian ပုံစံက ကျွန်တော့်ရဲ့ အကြိုက်ဆုံးပဲ။
Alexi Laiho

ခင်ဗျားတို့ အမြန်တွေ တီးကြတဲ့အခါ ဂစ်တာရွေးချယ်မှုက ဘယ်လောက် အထိ အရေးပါလဲ။

Michaelး ကျွန်တော့်ရဲ့ signature ESP Ninja V Model က ကျွန်တော် ပျံသန်းဖို့အတွက် ဒီဇိုင်းထုတ် ထားတာ။ ကျွန်တော်ပိုင်တဲ့ ဂစ်တာတွေက ကောင်းတဲ့ အရာတွေနဲ့ပြန်ပြီး ပေါင်းစပ်ထားတာ။ Studio ထဲမှာတော့ အပြောင်းအလဲဖြစ် အောင် ဂစ်တာအမျိုးမျိုး သုံးပါတယ်။ တစ်ခါတလေ ဂစ်တာအသစ်နဲ့ တီးရတာ လည်း ခင်ဗျားဥာဏ်ကို ကွန့်မြူးစေတယ် လေ။

Alexiး ခင်ဗျားရဲ့ အကောင်းဆုံးကို လုပ်မယ်ဆိုရင်တော့ neck က အရမ်း အရေးကြီးပါတယ်။

Markး ကျွန်တော့်ရဲ့ signature PRS ကို မသုံးတဲ့အချိန်က ကျွန်တော် blues lead တွေ တီးတဲ့အချိန်ပဲရှိတယ်။ စစ် မှန်တဲ့ အသံတစ်ခုကို ရချင်ပြီဆိုရင်တော့ ကျွန်တော့်ရဲ့ သကြားရောင် neck နဲ့ strat ကို သုံးမယ်။

အခြား Gear တွေကရော ဘာတွေ လဲ။

Michaelး Player တွေအားလုံးက အသံထွက်ကောင်းကောင်းရဖို့ ပစ္စည်း တွေ ပေါင်းစပ်ပြီး သုံးကြတယ်။ ကျွန်တော်ဆီမှာ အမျိုးအစားမတူတဲ့ amp တွေ၊ mountain of vintage တစ်ခုနဲ့ modren effect pedal တွေ ရှိတယ်။ Studio ထဲမှာတော့ ပျော်စရာ ကြီးပဲ။

Markး ကျွန်တော်က Warren Haynes လို အသံမျိုးရအောင် ကြိုးစား နေတာဆိုတော့ ကျွန်တော့်မှာ Bognor Shiver တစ်ခုရှိတယ်။ အသံ က Warm လည်းဖြစ်တယ်။ အသံထွက်ကျယ်တဲ့ Lead amp ပဲ။

Solo ရေးတော့မယ်ဆို ဘယ်ကနေ စသလဲ။

Michaelး ကျွန်တော်က solo မှာ melodic ဖြစ်တာကို ပိုကြိုက်တယ်။ ကျွန်တော့်ရဲ့ solo တွေက တစ်ခါ တလေကျရင် သီချင်းထဲက သီချင်း တစ်ပုဒ်လိုပဲ။

Alexiး ကျွန်တော် တီးလိုက်တဲ့ဟာ ကို record လုပ်ထားလိုက်တယ်။ ပြီး တော့ ပြန်နားထောင်တယ်။ အဲဒီမှာ ကျွန်တော် ကြိုက်တာတွေ့သွားပြီဆိုရင် အဲဒါကိုအကြိမ် ၂ဝ လောက် တီးလိုက် တယ်။ ကဲ solo ရသွားရော။

Markး Track တစ်ခုပေါ်မှာတင်ပြီး အဲဒီပေါ်ကနေ နာရီအနည်းငယ်လောက် လိုက်တီးကြည့်တယ်။ ခေါင်းထဲမှာ ပေါ် ခဲ့တဲ့ idea အချို့ကို ပြန်မှတ်မိအောင် လုပ်ပြီး Studio အတွက် ကျောရိုး ရသွားအောင် လုပ်တယ်။

ခင်ဗျားတို့ရဲ့ အကြိုက်ဆုံး လက်ခတ် လေ့ကျင့်ခန်းကို ဖော်ပြနိုင်မလား။

Michaelး ကျွန်တော်တို့ Arch Enemy မှာရှိတဲ့ rhythm တွေ တော်တော် များများက down-pick လုပ်တဲ့ဟာလေး တစ်ခုရှိတယ်။ ရယ်စရာတော့ကောင်း တယ်။ The Sex Pistol ရဲ့ Friggin in the Riggin အဆုံးမှာပါတဲ့ Orchestral melody ပုံစံလေး။ တကယ် ပြောနေတာနော်။ အဲဒါ လေ့ကျင့်လို့ တကယ်ကောင်းတယ်။ သူက major scale ပါပဲ။ အဲဒါကို ကျွန်တော်တီးနိုင် ပြီဆိုရင် ဘာမဆို ကျွန်တော်တီးလို့ရပြီ။ High speed တီးရင်တော့ခက်တယ်။ သူ့ရဲ့ harmony line ကိုလည်း ရှာထားပြီးပြီ။ ကျွန်တော် ပြောခဲ့သလိုပေါ့၊ လမ်းပေါ်မှာ အချိန်အပိုတွေ အများကြီးရှိ ပါတယ်။

Markး ကျွန်တော် warm up လုပ် တဲ့အခါ legato နဲ့ picking တွေပဲ ရှေ့နောက် ဆက်လုပ်တယ်။ Legato က ပထမဦးစားပေးပေါ့။ ဘယ်ဘက် warm-up မဖြစ်သေးဘဲနဲ့ ညာဘက်လက် က ခတ်လို့မရဘူး။ ညာဘက်လက် အတွက်ဆိုရင် Metronome ဖွင့်ပြီးတော့ Low E ကို နှစ်မိနစ်လောက် down-pick တီးလိုက်တယ်။ နောက် လုံလောက် သည် အထိ alternate picking ကို ဆက်တိုက်တီးလိုက်တယ်။ နောက်ပြီ့း high E ကနေ note တစ်ခု ချင်းဆီ အောက်ဆုံးကြိုးကနေ အပေါ်အထိ လိုက်တီးတယ်။ အဲဒါတွေပြီးရင်တော့ တစ်ကြိုးမှာသုံး note ပုံစံမျိုးနဲ့ အပေါ် အောက် Eminor scale တွေကိုတီး တယ်။

လူတွေ အတော်များများ လက်နှစ်ဘက် လုံး တစ်ချိန်ထဲမှာ ကောင်းအောင် လုပ်ဖို့ ဒုက္ခရောက်ကြတယ်။ ခင်ဗျား တို့မှာ အကြံဥာဏ် လေးများ မရှိဘူး လား။

Michaelး အိုး ကျွန်တော်လည်း မသိဘူး။ အဲဒါက ကျွန်တော် စတီး တုန်းကတော့ စဉ်းစားခဲ့တယ်။ အခုတော့ ခေါင်းထဲမှာ မရှိတော့ဘူး။

Alexiး ပထမဆုံးတော့ လွယ်လွယ်ပဲ လုပ်သွားပါ။ လူတိုင်း အချိန်ယူရတာပါပဲ။ Tempo ဖြည်းဖြည်းချင်းတင်သွားပါ။ Technique ကိုရသွားပြီဆိုရင် မှန်မှန် ကန်ကန်သုံးတတ်ဖို့ပဲ လိုပါတယ်။

Markး တကယ်တမ်းတော့ အဲဒါ တွေကို သိပ်မကြာသေးခင်က လုပ်ခဲ့ တယ်။ ခင်ဗျားတို့ picking လေ့ကျင့် ခန်းတွေ လုပ်တဲ့အခါ scale တစ်ခု မပြီးမချင်း ခင်ဗျားတီး တာလည်း မရပ် ဘူးမဟုတ်လား။ picking အမြန် တီးတဲ့အခါ အခက်ဆုံးက ရပ်တာပဲ။ ကြိုးတစ်ချောင်း တည်းပေါ်မှာပဲ rhythmic pattern တစ်ခုကို တီးပြီးတဝက် လောက်မှာ ရပ်လိုက်တယ်။ အဲဒါ ခင်ဗျား ကို အဆုံးသတ် ကောင်းကောင်း ရစေမှာပါ။

ဂစ်တာ pick တွေ၊ ကြိုးတွေ၊ မှန်ကန် တဲ့ ဂစ်တာရွေးချယ်မှု၊ တီးတဲ့စတိုင်လ် တွေနဲ့ technique တွေဟာ ဘယ် လောက်အထိ အရေးပါသလဲ။

Michaelး ဒါတွေအားလုံး မှန်ကန်ဖို့ အချိန်တော့ ယူရပါတယ်။ တစ်ဘဝလုံး တောင် ကြာသွားနိုင် တယ်။ အချို့အပိုင်းတွေမှာ ကျွန်တော် အခုထိ ရှာဖွေလို့မပြီးသေး ဘူး။

Alexiး စတိုင်လ်မှာကတော့ rock band တစ်ခုအနေနဲ့ rock band နဲ့တူအောင် လေ့ကျင့်ပြီးရမှာပဲလေ။

Markး ကျွန်တော် NAMM သွား တဲ့အခါ နှစ်တိုင်း ဂစ်တာတိုင်းက .009s နဲ့ တပ်ထားတယ်။ ကျွန်တော်က အရမ်း တီးတော့ အဲဒါတွေမတီးနိုင်ဘူး။ ကျွန် တော်လိုချင်တဲ့ တုန့်ပြန်မှုမျိုးမရဘဲ ဖြစ်နေ တယ်။ ထူတဲ့ကြိုးအတွက် .011s နဲ့ မြင့်တဲ့ကြိုးအတွက် 010s တွေ ပြောင်းပြီး သုံးရတယ်။ အဲတော့မှ rhythm တွေကို ခပ်ကြမ်းကြမ်းတီးလို့ရတော့ တယ်။

Show မစခင် warm-up က ဘယ် လောက်အရေးပါလဲ။

Michaelး ကျွန်တော်ကတော့ backstage မှာဖြစ်ဖြစ် Bus ပေါ်မှာဖြစ်ဖြစ် တစ်ချိန်လုံး တီးနေတာပဲ။ စင်ပေါ်စ တက်ပြီး ပထမဆုံး အပုဒ်မှာ ကောင်း နေစေချင်တယ်။ လက်ကောက်ဝတ်တွေ၊ လက်ချောင်းတွေ ကိုလည်း အကြော ဖြေတယ်။ သွေးတွေ လည်ပတ်သွား အောင်လို့ပေါ့။ အဲဒါ ကျွန်တော့် အတွက် အရေးအကြီးဆုံးပဲ။

Alexiး ကျွန်တော့်အတွက်တော့ အရမ်းကို အရေးကြီးတယ်။ နှစ်ရက် လောက်မတီးလိုက်တာနဲ့ ကျွန်တော့် လက်က သံချေးတက်သွားရော။

ခင်ဗျားတို့ တစ်ချိန်လုံး သုံးတဲ့ Scale pattern တွေပေါ်မှာ သတိထားမိလား။ ဒါမှမဟုတ် ကိုယ်တီးတာကို ပြန်ပြီး စူးစမ်းမှုမျိုး မလုပ် ဘဲနေလား။

Michaelး ကျွန်တော် စင်ပေါ်ရောက် နေပြီဆိုရင် ဘာမှ မတွေး တော့ဘူး။ အဲဒီမှာ ရပ်ပြီး တီးနေတော့ တာပဲ။

Alexiး များသောအားဖြင့်တော့ scale pattern တွေနဲ့ အရာအားလုံးဟာ သဘာဝအတိုင်း ဖြစ်လာတာတွေပါ။ သီချင်း ထဲမှာ ဘာဖြစ်လာ တော့မယ်ဆိုတာ သိနေ သရွေ့တော့ ဘယ် scale ကနေ ဘယ် scale ကိုမဆို အချိန်မရွေး ကျွန်တော် ပြောင်းလို့ရပါတယ်။

Markး ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးထဲမှာ ဆိုရင်တော့ ကျွန်တော့်ရဲ့ တီးခတ်မှုကို မစူးစမ်းချင်ပါဘူး။ ဒါပေမယ့် အဲဒါ ကလည်း palyer တိုင်းရဲ့ ရည်မှန်းချက် လို့ ကျွန်တော်ထင်တယ်။