Friday, October 31, 2008

စာဖတ်သူများခင်ဗျား .. ကျနော့်မေးလ်ထဲ ဝင်လာသမျှထဲက ကြိုက်နှစ်သက်လွန်းလို့ တင်မိပါတယ်။ ဘယ်သူရေးမှန်းမသိလို့ နာမည်မတပ်မိတာ နားလည်ပေးပါ။ အခု မနိုင်းနိုင်း စနေရေးတယ်ဆိုတာကို မာကျူရီက ပြောပြပေးတဲ့အတွက် အတိုင်းထက်အလွန်ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း ကျနော်ကိုယ်တိုင်ရေးတဲ့ပို့စ်တွေကိုပဲ ကြိုးစားတင်ပါ့မယ်ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဖြိုးသူ ..

Thursday, October 30, 2008

ညီမလေးရေ ..

ညီမလေးရေ ...
အမှတ်တရ ရက်စွဲတွေကို ကိုယ်ပြန်ရေကြည့်ချင်တယ်
နေ့ရက်တိုင်းမှာ ညီမလေးကချည်း တိုးဝင်ခဲ့တာလို့ ကိုယ်မပြောရက်ဘူးကွယ်

ကျမကို လွမ်းမနေပါနဲ့ ကိုကိုရယ်လို့ ပြောတုန်းက
ကိုယ်တကယ် မလွမ်းတတ်သေးဘူး
ကျမက သိပ်ချစ်နေပြီကိုကိုလို့ ပြောတုန်းကလည်း
ကိုယ် မချစ်တတ်သေးဘူးထင်ရဲ့
ကိုယ့်ရဲ့ အသည်းနှလုံးကျောက်ဆိုင်က မာကျောတုန်း
ကိုယ့်ရဲ့ အမှတ်သညာတွေကလည်း တွေဝေတတ်တုန်းလေ

ကျမကိုမေ့လိုက်ပါတော့ လို့ ပြောတော့မှ ကိုယ်က ....
အချစ်ဆိုတာကိုစတွေ့
ညီမလေးရဲ့ ပါးပြင်က နှင်းဆီရိုင်းသွေးကို ကိုယ် စဖမ်းဆုပ်မိတယ်

ကံကြမ္မာက ကိုယ့်ကို စနောက်တာ ဆိုရင်တော့
ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးသူဟာ ကိုယ်ပါကွယ်

ညီမလေးရေ ...
တကယ်တော့ ကလေးတယောက်လို ငိုရှိုက်လိုက်တိုင်း
လိုချင်တာတွေ ရမယ်လို့ ကလေးတွေးတွေးမိသူက ကိုယ်ပါ
အိပ်မက်ဆိုတာ တကယ်မဟုတ်မှန်း လူကြီးဖြစ်ရက် မသိတဲ့သူဟာလည်း ကိုယ်ပါပဲ

ဆိုခဲစေမြဲစေလို့ ညီမလေးကို ကိုယ်မပြောရက်ဘူးကွဲ့
ကိုကို့ကို ကျမ မချစ်တော့ဘူး ..
အိပ်မက်လို့သာ မှတ်လိုက်ပါ ကိုကိုရယ် ....

အဲဒီမှာ ကန့်ကော်ပန်းတွေ ကြွေတယ်
ခရေပန်းတွေ ကြွေတယ်
ကိုကိုချစ်တဲ့ နှင်းဆီရိုင်းတွေတောင် ကြွေတယ် ညီမလေးရေ ...
ပြီးတော့ ကိုယ့်အသည်းနှလုံးလည်း ကြွေတယ်

ညီမလေးရေ
အမြင့်ဆုံးကိုသွားပါ
အချစ်ဆုံးနဲ့နေပါ
အဆုံးသတ်ထိ အပြုံးမပျက်ပါစေနဲ့
ကိုကို ဆိုတာကတော့
မင်း စိတ် ကစားဖို့အတွက်
အထောက်အကူ ပစ္စည်းတခု
မင်း အချစ်စစ်ကိုတွေ့ဖို့ ခင်းပေးတဲ့ လမ်းပါ
အဲဒီလမ်းကလေးမှာ ခလုတ်ကန်သင်းတွေ မရှိဘူးဆိုတာ ကိုယ်အာမခံပါတယ်

ရဲရဲနင်းလိုက်ပါ
တိုးဝင်တုန်းက တိုးဝင်ခဲ့သလို ...
ပြန်ထွက်ချင်တဲ့အခါ မတားပါဘူးကွယ်

ညီမလေးရေ
ဒီလမ်းကို တယောက်တည်းပဲ လျှောက်တော့မယ်။ ။

Saturday, October 25, 2008

နင့်ရဲ့ငါ
























ငါ့အတွက်တော့ကွန်ပျူတာဆိုတာတပ်ဆင်ဖို့မခက်ပေမဲ့
မင်းဆီကငြိုငြင်မှူတွေကိုတော့မရအောင်ရှောင်ဖို့ခက်ဆဲပဲ
Harddisk တလုံးကို Fromat ချဖို့မခက်ပေမဲ့
ငါ့ရဲ့အကျင့်ဆိုးတွေကိုပြင်နိုင်ဖို့တော်တော်ခက်တုံးပဲ <ငါရအောင်ပြင်ပါ့မယ်ဟာ>
Window တင်ရင် Blue Screen Of Death ဖြစ်မှာမကြောက်ပေမဲ့
မင်းရဲ့မျက်စောင်းတစ်ချက်ကိုတော့ခံနိုင်ရေ၊မရှိခဲ့ဘူး
Device Manager ထဲမှာအဝါရောင် Question Marks တွေများနေသလို
ငါ့နှလုံးသားထဲမှာလဲ ဒဏ်ရာဒဏ်ချက်တွေကမနဲတော့ဘူး
Computer ဆိုတာ ၁၀၀၁ နဲ့အရာရာကို တွက်ချက်ပေးနိုင်သလို
ငါ့နှလုံးသားကလဲဘယ်အချိန်မေးမေး *နင့်ကိုအရမ်းချစ်တယ်* ပဲအဖြေကထွက်လာတယ်

Wednesday, October 22, 2008

ရှစ်နှစ်သား ဂစ်တာ တီးတာတဲ့ဗျာလန်ထွက်နေရောပဲ

Arpeggiosတွေအကြောင်း



ဆရာရဲ့lessonsတွေကကျွန်တော်မှာBooksရောအသံဖိုင်တွေရောရှိပါတယ်။ တချို့တွေကျတော့ကျွန်တော်တင်ရတာတော်တော်ခက်နေလို့ပါ။ဖြေးဖြေးခြင်းအဆင်ပြေသလိုတင်သွားပေးပါ့မယ်ခင်ဗျာ။

Important for the guitarist Time Lessons

ဂစ်တာတီးတော့မယ်ဆိုTimingကလဲအရေးကြီးပါတယ်။
ကိုတစ်ယောက်ထဲတီးတာတော့ချောနေတာပဲသူငယ်ချင်းတွေနဲ့ပေါင်းပီးတီးကြည့်တော့မှကိုကမြန်နေတာနှေးနေတာတွေဖြစ်တတ်ပါတယ်။
ဒီတော့Timingလေးလဲကျင့်သင့်တယ်ထင်ပါတယ်။ကျွန်တော်လဲProfessionalမဟုတ်ပါလေ့လာနေတုန်းသင်ယူနေစဲပါ။
အားလုံးအဆင်ပြေရင်ကျေနပ်ပါတယ်။







Fingering Excerice



ဆရာညီညီထွေး ရဲ့ Lesson Movie လေးပါ။ Blog မှာ See ရတအဆင်မပြေလိုDownload လုပ်ချင်တယ်ဆိုရင်Cbox မှာရေးပေးပါ။Link တင်ပေးပါ့မယ်

Sunday, October 19, 2008

Mr. Big guitarist Paul Gilbert - Terrifyin g Guitar Trip

1- http://ifile.it/hbd5sr1
2- http://ifile.it/0ejw2br
3- http://ifile.it/lqx2p4z
4- http://ifile.it/61lsqtc
5- http://ifile.it/q0hcu2x
6- http://ifile.it/5a621lq
7- http://ifile.it/teni18o
8- http://ifile.it/sw1bdgf

credit to winntun (MF)

Mr. Big guitarist Paul Gilbert-Intense Rock II

1- http://ifile.it/zvb2or8
2- http://ifile.it/ycen6xz
3- http://ifile.it/1h2bdtk
4- http://ifile.it/s46miu3
5- http://ifile.it/obfcgsr
6- http://ifile.it/0bqtm4f
7- http://ifile.it/v46q89i
8- http://ifile.it/rhznyfc
9- http://ifile.it/tqsab3e
10- http://ifile.it/8qax7jb
11- http://ifile.it/gh5lz4y
12- http://ifile.it/p7l2drh
13- http://ifile.it/7ogumsz
14- http://ifile.it/b9o1y7r
credit to winntun

Mr. Big guitarist Paul Gilbert-Intense Rock I

ကမ္ဘာပေါ်မှာ speed အမြန်ဆုံးဂစ်တာသမားအဖြစ်သတ်မှတ်ခံထားရတဲ့ Michael Angelo Batio ရဲ့ speed skill ခွေပါ




အစ်ကိုကြီး ကိုဝင်းထွန်းရေကျွန်တော်လဲကျေးဇူးတင်ပါတယ်ဗျာ
1- http://ifile.it/ejgzvlk
2- http://ifile.it/rg3p2c8
3- http://ifile.it/1087m36
4- http://ifile.it/4gw0hns
5- http://ifile.it/2ox7cvy
6- http://ifile.it/6cjhrk9
7- http://ifile.it/ieukb6x
8- http://ifile.it/x1uizyq
9- http://ifile.it/mt4rpe6
10- http://ifile.it/7q1um9y
11- http://ifile.it/vt30rmx
12- http://ifile.it/chmfr70
13- http://ifile.it/w5lc82i
14- http://ifile.it/c56g1vs
15- http://ifile.it/ogeknbx
16- http://ifile.it/nleo5h3
17- http://ifile.it/j4f01xo
18- http://ifile.it/9myha3s
19- http://ifile.it/xu8wysp
20- http://ifile.it/071o8tz
21- http://ifile.it/5tqkiyr
22- http://ifile.it/73wjt68
23- http://ifile.it/310gjdk
24- http://ifile.it/shpdl32
25- http://ifile.it/z7yltcf
26- http://ifile.it/y2onwdh
27- http://ifile.it/ygwfo61
28- http://ifile.it/dm9wih5
29- http://ifile.it/y4ghfxr
30- http://ifile.it/ri79nyd

Al Di Meola - REH Master Series

Forum ကကော်ပီ လေး ပါတင်ပေးထားတဲ့အကိုတွေကို စပယ်ရှယ် Thanks
ဗျာ.
http://ifile.it/3xb9qta
http://ifile.it/cby6549
http://ifile.it/ty4h6ke
http://ifile.it/pchtkjx
http://ifile.it/4jcs8q5
http://ifile.it/a6c8qfs

Missing

ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။

ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။

ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။

ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။

ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။

မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။

လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။

ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။

ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။

လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့ ၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့ 854 ရှိတယ်။

ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။

မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။

စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘ၀ကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘ၀တစ်ခု ရှိတယ်။

အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ၀န်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။

ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။

ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။

၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။

လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။

ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ၀ိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။

သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။

အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။

Friday, October 17, 2008

သေဘေးမှ သီသီလေးလွတ်သော်လည်း

အမတစ်ယောက်mailကနေပို့ထားတာလေးပါ

လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက် အစာရေစာငတ်မွတ်နေတဲ့
ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။ ကျားကြီးကတစ်ချက်ဟိန်းပြီး
ခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့် ပြေးပါတော့တယ်။
အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေးလိုက်လာနေတယ်။
နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။
ပြေးစရာမြေမရှိတော့ဘူး။
" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။
ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီး
တောင်ကမ်းပါးကနေ လွှားကနဲခုန်ချလိုက်တော့တယ်။ သိပ်ကိုကံကောင်းသွားတယ်။
သစ်ပင်တစ်ပင်ပေါ်မှာ သွားတင်နေတယ်။ ဒီအပင်က ကမ်းပါးပြတ်တစ်နေရာမှာ
ပေါက်နေတဲ့ ဆီးပင်။ ဆီးသီးတွေ ပင်လုံးပြည့် သီးနေလေရဲ့။
ဝမ်းမြောက်ဝမ်းသာ အားရအားတက်နေဆဲမှာပဲ ကမ်းပါးပြတ်အောက် ဟိုးအဝေးဆီက
ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ အောက်က
သူ့ကိုမော့ကြည့်နေတာ အတိုင်းသား မြင်လိုက်ရတယ်။ ရင်ထဲ "ဖိုကနဲ"
တုန်သွားတယ်။ တစ်ချက်ပြန်တွေးကြည့်ပြန်တော့ ကျားပဲဖြစ်ဖြစ်၊
ခြင်္သေ့ဘဲဖြစ်ဖြစ် သားရဲတိရိစ္ဆာန်ဘဲ။ ဘယ်အကောင်ရဲ့ အစားခံရခံရ အတူတူဘဲ
ဘာမှမထူးဘူးလို့ တွေးမိသွားပြန်တယ်။
စိတ်နှလုံး ဒုံးဒုံးချလိုက်နိုင်ချိန်မှာဘဲ အသံတချို့ ကြားရပြန်တယ်။
ကြွက်နှစ်ကောင်က ဆီးကိုင်းကို ကိုက်နေတဲ့ အသံဘဲ။ ရုတ်တရက်
တစ်ချက်ပြာသွားပေမဲ့ ချက်ခြင်းပြန်ပြီး ငြိမ်သက်သွားတယ်။ သစ်ကိုင်းကို
ကြွက်ကိုက်လို့ အကိုင်းကျိုးကျပြီးသေတာက ခြင်္သေ့ကိုက်စားလို့သေတာထက်တော့
တော်သေးတယ်လို့တွေးမိ သွားတာကိုး။
စိတ်ပြန်လည်ငြိမ်သက်သွားတော့ ဘေးပတ်ပတ်လည်မှာ
ဆီးသီးမှည့်တွေချည်းပဲဆိုတာ သေချာမြင်မိတော့ တယ်။
ဒါနဲ့ဆီးသီးတွေကိုခူးပြီး စားနေတော့တယ်။ သူ့တစ်သက်မှာ ဒီလောက်အရသာရှိတဲ့
ဆီးသီးမျိုး မစားခဲ့ဖူးဘူးလို့ သူခံစားမိတယ်။ သုံးထောင့်သဏ္ဍာန်ရှိတဲ့
သစ်ပင်ခွကြားကောင်းကောင်းတစ်ခု
ရှာပြီး သေချာ ထိုင်တွေးရင်း စဉ်းစားတယ်။
" အနှေးနဲ့အမြန် သေရတော့မဲ့အတူတူ မသေခင် တစ်ရေးတစ်မော
ကောင်းကောင်းအိပ်ပစ်လိုက်မယ်"
ဒါနဲ့ သစ်ကိုင်းကိုမှီပြီး တခေါခေါ အိပ်မောကျသွားတော့တယ်။
အိပ်ရာကနိုးလာတော့ ကြွက်အဖြူနဲ့အမဲနှစ်ကောင်းလုံးကိုမတွေ့ရတော့ဘူး။
ကျားနဲ့ခြင်္သေ့ကိုလည်း မတွေ့ရတော့ဘူး။ သူက သစ်ကိုင်းတွေကို အသာအယာဆွဲရင်း
ကမ်းပါးထိပ်ကို ခဲရာခဲဆစ် တဖြည်းဖြည်းချင်း တွယ်တက်လာခဲ့တယ်။
နောက်ဆုံးတော့ အသက်အန္တရာယ်ဘေးက သီသီလေးလွဲလာခဲ့တော့တယ်။
ဖြစ်ပုံက သူအိပ်ပျော်သွားတုံး ဆာလောင်လွန်းတဲ့ ကျားက
ဘယ်လိုမှမအောင့်မစောင့်နိုင်တော့တဲ့အဆုံး ကမ်းပါးပေါ်က ဟိန်းဟောက်ရင်း
လိုက်ပြီးခုန်ချသွားတယ်။ ကြွက်အဖြူနဲ့အမဲနှစ်ကောင်က ကျားဟိန်းသံကြောင့်
ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်။ ကမ်းပါးပေါ်က ခုန်ချလိုက်တဲ့ကျားနဲ့
ကမ်းပါးအောက်က ခြင်္သေံ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး နှစ်ကောင်လုံး
ဒဏ်ရာဒဏ်ချက်တွေနဲ့ မောဟိုက် ထွက်ခွာသွားကြပြီ။
လူတွေက အမိဝမ်းက ကျွတ်တဲ့အချိန်ကစပြီး
အကျပ်အတည်းအခက်အခဲတွေဟာ ကျားကြီးလိုဘဲ တစ်ကောက်ကောက်
နောက်ကမပြတ်လိုက်နေတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလည်း ကမ်းပါးအောက်က
လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေတယ်။ နေ့လယ်နေခင်းနဲ့
ညဥ့်နက်သန်းကောင်တို့နဲ့တူတဲ့ ကြွက်အဖြူနဲ့အမဲတို့ဟာ ခဏတာဘ၀ရဲ့
ခန္ဒာကိုယ်ကို တစ်လှည့်စီကိုက်ဖြတ်နေတယ်။ တနေ့နေ့မှာတော့ ခြင်္သေ့ကြီး
ခံတွင်းထဲ ကျရောက်မှာကတော့ ဧကန်ပါဘဲ။
လူ့ဘ၀ရဲ့ အဆိုးဆုံးအခြင်းအရာဟာ သေခြင်းဘဲဆိုတာ သိနေမှတော့
တစ်နည်းဘဲရှိတယ်။ သောကကင်းကင်းနဲ့ သစ်ပင်ပေါ်က အသီးကို ဇိမ်ခံတတ်ဖို့ဘဲ။
ပြီးတော့ သောကကင်းကင်းနဲ့ တစ်ရေးဝအောင် အိပ်ပစ်လိုက်ဖို့ဘဲ။
အဲဒီလိုရှုတ်ထွေးမှုကင်းတဲ့စိတ်မျိုးထားနိုင်မှသာ ဘ၀ရဲ့ ချိုမြိန်တဲ့
"ဆီးသီး"ရဲ့ အရာသာ ချဉ်ပြုံးပြုံးကို ခံစားရမှာပါ။

BeautyMax Magazin မှ မောင်မောင်လှိုင် ၏ စာပုဒ်လေးပါ။

Tuesday, October 14, 2008

ကိုဒီလင့်ခ်သို့တောင်းပန်လွှာ

ကိုဒီလင့်ခ် ခင်ဗျား … ကျနော်က အိုင်စီပရိသတ်၊ ဂစ်တာရူးသွပ်သူတယောက်ပါ။ ကိုညီလေးရဲ့ ပရိသတ် တယောက် ဆိုရင်လည်း မမှားပါဘူး။ ဖိုရမ်တွေထဲ ဝင်မွှေရင်း ကိုဒီလင့်ခ်ရေးထားတဲ့ ကိုညီလေးအကြောင်းတွေ ဖတ်ရတော့ ဒီပို့စ် လေးတွေကို ကျနော့်လိုပဲ ရော့ခ် ဂီတ ရူးသွပ်တဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေကို ပြချင်စိတ်ဖြစ်မိပါတယ်။ ကိုဒီလင့်ခ်အနေနဲ့ ကိုယ်ပိုင်ဘလော့လေး လုပ်သင့်တယ်လို့လည်း ထင်ပါတယ်။ မလုပ်နိုင်သေးခင်စပ်ကြားမှာ (လုပ်ပြီးသားဆိုရင်တော့ ဆောရီးပါနော်) ကျနော့် ဘလော့လေးမှာ တင်ထားချင်စိတ်ဖြစ်မိပါတယ် (တချို့က ဖိုရမ်တွေမှ ဝင်မဖတ်ပဲကိုးဗျာ) ကိုညီလေးကို ချစ်ခင် လေးစား သူတွေ အနေနဲ့ ကိုဒီလင့်ရဲ့ အတွေ့အကြုံနဲ့ ရှာဖွေဖော်ထုတ် တင်ဆက်မှုလေးတွေကို ဖတ်ရရင် ပျော်ရွှင် ကျေနပ်ကြ လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်ဗျာ။ ကိုဒီလင့်ခ်ရဲ့ စာတွေကို ကူးယူဖော်ပြလိုက်တဲ့အတွက် ကျနော် ဒီနေရာကနေ တောင်းပန်ပါတယ်။ ပျံ့နှံ့စေချင်တဲ့ စေတနာ သက်သက်နဲ့ ဒီလိုလုပ်လိုက်ရတယ် ဆိုတာ ကိုဒီလင့်ခ် နားလည်ပေးပါ ခင်ဗျာ။

ကျေးဇူးတင်စွာဖြင့်။
ဖြိုး

(*) ချစ်စမ်းမောင် {၀ါ} ကြိုး၆ချောင်းဖြင့်ဖမ်းစားသူ-၆ (*)

၁၉၉၈ ခုနှစ်မှာ သူ့ ပထမဆုံး Guitar Solo ခွေလေးထွက်လာသည်။ ခြောက်ကြိုးကဝေဟု အမည်တွင်သည်။စုစုပေါင်း ဂစ်တာဆိုလို၈ပုဒ်သာပါပါသည်။ မက်တယ်ဆိုလိုတွေ၊ Rock Solo တွေ၊ သူ့  ဆရာ ဦးဘွဲ့ ကြီးကို ဂုဏ်ပြုသောအားဖြင့် Jazz Solo တွေ Country Solo တွေ Classical Scale တွေ ကို Acoustic , Electric Guitar များဖြင့် စုံလင်အောင်တော့တီးပြထားပါသည်။
ကိုလေးဖြူကြီးက သူ ဖီလင်လာအောင် တစ်ချို့ ဂစ်တာဆိုလိုများတွင်သီချင်းဝင်ဆိုပေးသည်။ သူ ကိုယ်တိုင်လဲ လွင်တီးခေါင်အမည်ရှိ ဂစ်တာဆိုလိုတွင်သီချင်းဝင်ဆိုသည်။ သူ့ ဂစ်တာဆိုလိုလေးမထွက်ခင်ကတော့ အခွေ ထွက်ပြီးမကြာခင် ဂစ်တာနုတ်သင်္ကေတစာအုပ်ပါ ထွက်လာ မည်ဟု ကတိခံခဲ့သော်လည်း အဆိုပါ ဂစ်တာ ဆို လိုခွေလေးကိုထွက်လာပြီးမှ သူ လုပ်ပြခဲ့တာကို ကိုယ်တိုင်အားမရလို့ ထင့်.. အဆိုပါ ဂစ်တာဆိုလိုခွေလေးအတွက် ဂစ်တာနုတ်သင်္ကေတစာအုပ်လေးထွက်မလာခဲ့တော့…။ သူရဲ့  ခြောက်ကြိုးကဝေ ဂစ်တာဆိုလိုခွေလေးကို အောက်တွင်ဒေါင်းလုပ်နိုင်ပါသည်..။
Image

Code:
http://www.zshare.net/download/168500256777f815
password : http://crystalrays.net/

သူ့ ဂစ်တာဆိုလိုခွေလေးတွင် သူသီချင်းတစ်ပုဒ်ဝင်ဆိုခဲ့သည်နှင့်ဆက်စပ်ပြီး..ဂစ်တာတီးသာမက သီချင်းဆို ပါ ကောင်းသည့် သူ့ အကြောင်းလေး နည်းနည်းဖြည့်စွက်ချင်လာပြန်သည်။ မြန်မာ့ဂစ်တာသမိုင်းတွင် လိဒ်ဂစ်တာသမားများ သီချင်းဆိုသည်မှာလက်ချိုးရေတွက်လို့ ရပါသည်။.. သီချင်းအဓိက ဆိုခြင်းဖြင့်မြန်မာ့ ဂီတ လောကတွင်းသို့ ဝင်ရောက်လာခဲ့သော မြန်မာပြည်ကိုသိန်းတန်ကြီး လိဒ်တီးသည်ကိုထည့်သွင်း မတွက်ချက်လို ပါ.. ထို့ အတူ အဆိုတော်အဖြစ်ဂီတလောကထဲဝင်လာပြီးမှ ဂစ်တာတွေဝင်တီးခဲ့သော ကိုဖိုးချိုကိုလည်း ထည့် မတွက်လိုပါ…
သို့  ဖြစ်ရာ ပရို လိဒ်ဂစ်တာသမား များအဖြစ် ဂီတလောကအတွင်း သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီးမှ မိုက်ခရိုဖုန်းရှေ့ ထွက်ရပ်သော လိဒ်ဂစ်တာသမား မှာ စုစုပေါင်း မှ (၂) ဦးသာ ရှိပါသည်။ ၄င်းတို့ မှာ.. ACES နဲ့ Aurora တီးဝိုင်းမှ လိဒ်ဂစ်တာရစ်ဇ် ကိုပက်ထရစ်မေလာ ကြီးနှင့် IC မှ လိဒ်ဂစ်တာသူရဲ ကောင်း ကို စောချစ်စမ်းမောင် တို့  သာဖြစ်ပါသည်..။ ကိုပက်ထရစ်ကြီး ကတော့ သူကိုယ်တိုင် တစ်ခွေလုံးသီဆိုထားသော ဖွတ်ချက်ကလေးစီးဖူးသလား ဟေ့ အခွေထွက်ခဲ့ဖူးပါသည်။ နောက်တော့ ACES တီးဝိုင်းနဲ့ ရှိုးပွဲတွေတီးတိုင်း အဲဒီ့ဖွတ်ချတ်ကလေးစီးဖူးသလားဟေ့သီချင်းတစ်ပုဒ်ကို တော့ ကိုပက်ထရစ်ကြီးအမြဲသီဆိုလေ့ရှိခဲ့ပါသည်။
ကိုချစ်စမ်းမောင် ဆိုသောပထမဆုံးသီချင်းကို တော့ ဟန်းနီးမွန်းခရီး အခွေ တွင် စနားထောင်မိခြင်းဖြစ်ပါသည်…
သူ့ ဆရာ ဦးဘွဲ့ ကြီးရေးသားခဲ့သော သုခုမရဲ့ ကျေးကျွန်ကြီး သီချင်း ဖြစ် ပါသည်.. ဟန်နီးမွန်းခရီး VCD ထွက်သောအခါ သူဆိုသောသီချင်းကိုသူကိုယ်တိုင်ဝင်ရိုက်ပါသည်..ရထားသံလမ်းပေါ်တွင်ဖြစ်ပါသည်.. အဆိုပါသီချင်းကို တုပိ အမည်ရှိ ဆရာဝန်တစ်ဦးမှ မြန်မာ့ရုပ်မြင်သံကြားတွင်ပထမဦးဆုံးသီဆိုခဲ့ခြင်းဖြစ်ကြောင်းအမှတ်ယမိပါသေး သည်.. ကိုချစ်စမ်းမောင်က ဒုတိယသီဆိုသူဖြစ်ပါလိမ့်မည်..။ နောက်တော့ ၀ိုင်းဝိုင်းလိုက်ဖ်ရှိုးအခွေတွင် ၀ိုင်းဝိုင်း နှင့်အတူ တစ်ပိုဒ်တစ်လေ၀င်ဆိုခြင်းမျိုး ..ပြုလုပ်ပါသည်… ကိုချစ်စမ်းမောင် ဘုရားသီချင်းတစ်ပုဒ် ကို သီဆိုတာတော်တော်ကောင်းပါသည်.. ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာနှင့်မြိုင်နန်းစံပန်းတစ်ပွင့် သီချင်းတို့ ၏ အရှင်သခင် သင်္ဘောသီး ကိုသွှအောင် ကြီးရေး သော လမ်းပြပါ အမည်ရှိ ဘုရားသီချင်းတစ်ပုဒ် ဖြစ်ပါသည်.. အဆိုပါသီချင်းကို အင်းစိန် ခရစ်ယာန် ဘုရားကျောင်းဟောလ် တစ်ခုတွင် သီဆိုခဲ့ခြင်းဖြစ်ဟန်တူပါသည်.. ဗိုထီးတို့ The Wild Ones တီးဝိုင်းမှ ကိုအောင်ဒူး ကြီးက ကီးဘုတ်တီးပါသည်.. ကိုချစ်စမ်းမောင်က အဆိုပါသီချင်းကိုသီဆိုရင်း ဆောလစ်ဂစ်တာကို ပက်လက်လန်ပြီး သူ့  Resonator Guitar Solo Skill တွေကို အပီ ထုဆစ်ပြ သွားခဲ့ပါ သည်…

ကိုချစ်စမ်းမောင် ၏ ဂစ်တာ ဆိုလို ဗီဒီယိုကလစ်ပ်လေးတွေကိုနည်းနည်းကြည့်ရှုခံစားလိုက်ကြရအောင်နော်..
အောက်ကတစ်ခုကတော့ဖြင့် IC ရဲ့  မလေးရှားနိုင်ငံခရီးစဉ်တစ်ခုအတွင်း တီးထားတာလေးဖြစ်ပါသည်။ သူ့ လက်စွဲတော် Ibanez Solid Guitar ဖြင့် လှော်ပြခြင်းဖြစ်ပါသည်.. အဆိုပါဆိုလိုလေးအတွင်း သူ Scale တွေ ဘယ်လောက်ပြေးနိုင်ကြောင်း ပြထားပါသည်. သူ အသေပိုင်သော Tapping တွေကိုတော့သိပ်မပြထားပါ..
သို့ ရာတွင် စင်မြင့်ပေါ်မှာ ဆောလစ်ဂစ်တာ နဲ့ သူဂစ်တာဆိုလိုတွေ တီးပြတိုင်း အမြဲထည့်တီးပြလေ့ရှိသည့် လိဒ်ဂစ်တာကို ဘေ့စ်ဂစ်တာ တွင် Slapping တီးသကဲ့သို့ လက်မနှင့်လက်ညှိုးကိုအားပြုပြီး ဂစ်တာကြိုးတွေ
ကိုရိုက်ပြသော ပြကွက်ကတော့ဖြင့် ပြည်ပ Guitarist တွေပင်တီးတာမတွေ့ ခဲ့ဘူးပါ။ သူ့ Own-Tune Guitar Solo ဖြစ်နိုင်ပါသည်။ ယင်းပြကွက်လေးမှသည် ကိုချစ်စမ်းမောင်သည် muting Guitar Theory ကို မည်မျှပိုင်နိုင်ပါကြောင်း
လေ့လာတွေ့ ရှိနိုင်ကြမည်ဖြစ်ပါသည်...
နောက်တော့ သူ အမြဲလုပ်ပြသော အကွက်တစ်ကွက်ဖြစ်သည့် IC ဘေ့စ်စစ်သူကြီး ကို ခင်မောင်သန့် ကို သူ့ ဂစ်တာကို ပက်လက်လန် ထမ်းခိုင်းပြီး မြန်မာပြည်အလွမ်းပြေ မြန်မာသီချင်းလေး အချို့ ကို တီးပြပါသည်…
နောက်တော့ မြန်မာစင်မြင့်တေးဂီတ တစ်ခေတ်မှာ Unplugged Show ရယ်ဆိုပြီးတစ်ခေတ်ဖြစ်လာခဲ့ပြန် ပါသည်.. သို့ ဖြစ်ရာ IC ၏ နှစ်ပတ်လည် အမှတ်တယပွဲများကိုလည်း ဆောလစ်ဂစ်တာများမသုံးဘဲ .. Acoustic Guitar များဖြင့် Unplugged Show ၂ ခုလုပ်ခဲ့ရာ
ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါသည်.. ထိုပွဲများ ကို
Live Show VCD ခွေထုတ်ခဲ့ရာ အမြဲတမ်းအနိုင်ရခဲ့သော ခိုးကူးရောင်းသူတွေပင်အရှုံးပေးခဲ့ရပါသည်… IC ကိုချစ်သော ဂစ်တာသမားတွေကိုချစ်သော ပရိတ်သတ်ကြီးက IC Unplugged Show VCD ခွေများကို ခိုးကူးထက် မူရင်းခွေကိုသာ အလုအယက်
ဝယ်ယူခဲ့ကြသောကြောင့်ဖြစ်ပါသည်.. မူရင်းခွေကခိုးကူးခွေကို ပြတ်ပြတ်သားသားအနိုင်ရခဲ့တာ IC နှစ်ပတ်လည်လိုက်ဖ်ရှိုးအခွေသာ ရှိခဲ့ပါသည်..သမိုင်းတွင်ခဲ့ပါသည်..။
IC ၏ Unplugged Show များတွင် ကိုချစ်စမ်းမောင် ဆောလစ်ဂစ်တာလုံးဝမကိုင်ပါ.. Acoustic Guitar တွေကိုသာ တီးခတ်ခဲ့ ပြီး.. ရှိုးပွဲတိုင်းမဖြစ်မနေ သူ့ ဂစ်တာ စွမ်းရည်ကိုပြသသော ဂစ်တာဆိုလိုများကိုလည်း အက်ဖက်လုံးဝမပါသော Acoustic Guitar များဖြင့်သာချယ်မှုန်းသွားခဲ့ပါသည်…။ သို့ ဖြစ်ရာ Acoustic Guitar ဖြင့် Scale အစိပ်တွေ သူ ဘယ်လောက်ပြေးနိုင်ကြောင်း ထုတ်ဖေါ်ပြသ
သကဲ့ သို့  အဓိက Rock Guitarist တစ်ဦး ဖြစ်သည့် တိုင် Classical Skill တွင်လည်းမညံ့ပါကြောင်း ပြသပါသည်..။ အထူးအားဖြင့် Acoustic Guitar တွင် တွဲလုံးလေးများကို တီးခတ်ပြသည်မှာ အလွန်သာယာလှပပါသည်..။ Both-Hand Tapping တွေ တီးရာတွင် လက်ညှိုးတစ်ချောင်းတည်းဖြင့် ပုံသေထားပြီး Tapping တီးခြင်းမဟုတ်ဘဲ လက်ညှိုး၊လက်ခလယ် ၂ ချောင်းလုံးကိုအသုံးပြုချယ်မှုန်းရာတွင် ..လက်ညှိုးကို Bass Tapping Scale တွေတီးရင်း လက်ခလယ်ဖြင့် High Octave Tapping တွေကိုပါ တွဲ တီးပြ သွားသည် မှာ အင်မတန်ထူးခြားပြောင်မြောက်လှပြီိး သုခုမဆန်လွန်းပေသည်…။ ..သူ့ ခြောက်ကြိုးကဝေ ဂစ်တာဆိုလိုခွေတွင် တီးခဲ့သော ဂစ်တာဆိုလိုတစ်ပုဒ်ကိုပြန်လည် တီးပြရာတွင် Acoustic Guitar ကို လက် ၅ ချောင်းဖြင့် ဂစ်တာကော့ဒ်တွေကို ဆွဲယူပြီး Vamp တွေ လိုက်ယူပြသည်မှာ Vamp မှသည် Classical အသွင်လုံးဝဆောင် သွားကြောင်း အံ့သြ ချီးမွမ်း ဖွယ်ရာ တွေ့  လိုက်ရပါသေးသည်..။
ကိုချစ်စမ်းမောင်မှ ကော်နီလိုက်ဖ်ရှိုး တွင် အလွမ်းများငြိမ်းစေသတည်း သီချင်း၏ အင်ထရိုကို ဆောလစ်ဂစ်တာ Steel ကြိုးများသက်သက် ဖြင့် အက်ဖက်မပါဘဲ Clean တီးပြသွားခဲ့တာလေး အထူးပြောင်မြောက်ပါသည်.. ထို့ အပြင် ၀ိုင်းဝိုင်း လိုက်ဖ်ရှိုး အခွေတွင် ပထမဆုံး သီချင်း ၏နောက်ဆုံး Ending Guitar Solo အား Country Style ဖြင့် မြန်မာ ပြည် တွင်း မှာ ပင် အော်ဒါမှာ í ပြုလုပ်ထားသော ဂစ်တာအနီရောင်အသေးလေး( Guitar Solo ကို အသံလုံးသေးသေးဖြင့် Country သံ အစစ်ရအောင် ပျဉ်းမနားဘက်မှ
ဦးဘွဲ့  ကြီး၏တပည့်ဟောင်းတစ်ဦးထံ တွင် အထူး အော်ဒါမှာ ပြုလုပ်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည် ) ဖြင့် ချယ်မှုန်းပြသသွားသည်မှာလည်း အထူးအကြီးကြီး. အံ့ အားသင့်လောက်ပါသည်..။ ထို ဗီဒီယိုကလစ်ပ် ၂ ခုအား လိုက်ရှာတာ မတွေ့ တော့ပါ..လက်ထဲ တွင်လည်းမရှိသဖြင့်
ဒီပို့ စ်လေးမှာ တင်ပြခွင့်မရတာစိတ်မကောင်းပါ.. တစ်စုတစ်စည်းလေးကြည့်ရှုလေ့လာ စေချင်ပါသည်… ရှိသူများရှယ်ကြပါ.. ဒီအောက်ဖက်တွင်ထည့်သွင်းတင်ပြချင်လို့ ပါ..


ဂီတမျိုးရိုးမရှိပါဘဲနှင့် ဂီတသမား..ဂစ်တာသမားများဖြစ်လာသလို..မိခင်..ဖခင်ဘက်မှ အနုပညာသွေး..ဂီတသွေးက သားသမီးမှာလာ ပြပါသည်.. ကိုချစ်စမ်းမောင်၏ဆရာ ဦးစောဘွဲ့ မှူးသည် သူ ကိုယ်တိုင် ဂီတသမားတစ်ဦး ၏လမ်းကြောင်းကိုရွေးချယ်ခဲ့သော်လည်း သူ့ ၏သားသမီးများကို တော့ ဂီတ၊ ဂစ်တာ တို့ ဖြင့်အသက်မမွေးစေလိုကြောင်းကြားသိဖူးပါသည်..သို့ ရာတွင် ကလေးများတွင် အဖေဖြစ်သူ၏ သွေး ပါလာသည်ဖြစ်ရာ အားလုံးသိကြသည့်အတိုင်း. ဦးဘွဲ့ ကြီး၏ကလေးအားလုံးလို လို အဆိုတော်တွေ ဂစ်တာသမား ဒရမ်သမား တွေ ဖြစ်ကုန်ပါသည်..။
မကဗျာဘွဲ့ မှူး၊ မီးမီးခဲ။ ဘွဲ့ လေး ဘိုတောက် စသည် တို့ ဖြစ်ပါသည်..။ ဦးဘွဲ့ ကြီးကဆိုလျှင် သူ့ သား ဂစ်တာသမားကို သူ့  ထက်တောင် တစ်ချို့  တီိးကွက်များတွင် တော်သည်ဟု ချီးမွမ်း ဘူးပါသေးသည်..။ ဦးဘွဲ့  ၏သားဘွဲ့ လေး၏လက်ကို ကြည့်ချင်လျှင် ဗဒင်အမှတ်တယ ဗီစီဒီတွင် ကြည့်ပါ.. ဦးဘွဲ့ ၏သားတော်မောင်များ ၏ D-Blade အဖွဲ့ ၏ဂစ်တာစွမ်းတွေကိုတွေ့မြင် လေ့လာ နိုင် ပါသည်..။ ဦးဘွဲ့ ၏သားတော်မောင် ဂစ်တာသမားတစ်ဦးသည် အနုပညာထွန်းကားသည့် ဂစ်တာသမားတွေပေါသည့် ဖိလစ်ပိုင်နိုင်ငံတွင်လား..မသိပါ။ နိုက်ကလပ်မှာ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ပရိုဂစ်တာသမားအဖြစ် အကြာကြီး သွားတီးခဲ့ဘူးပါသည်..။ အပြည်ပြည်ဆိုင်ရာ သုံးနုတ်သင်္ကေတ ပဲပင်ပေါက် များမပိုင်ဘဲ..ပရိုအဆင့်မရှိဘဲ ထိုနိုင်ငံများတွင် ၀င်ဆံ့လို့ မလွယ်ကူပါ။ ဦးဘွဲ့ သား ဒရမ်မာ ( ဘိုတောက်ဟု ထင်ပါသည်။ )အား မြန်မာပြည် ဒရမ်မာ သဘာ အကျော်အမော်ကြီး ပလေးဘွိုင်းသန်းနိုင်ကပင် နှုတ်မှတော်တော် ကောင်းတဲ့ ဒရမ်မာလေးဗျာ -ဘယ်သူလဲသိချင်လို့ လိုက်မေးတော့မှ ကိုဘွဲ့ ကြီးသားလေး ဖြစ်နေတာသိရတယ် ဟု ထုတ်ဖေါ်ချီးမွမ်းသွားခဲ့ဖူးကြောင်း မှတ်သားဖူးပါသည်..။
ကိုစောချစ်စမ်းမောင်သည် မြန်မာပြည်၏အကောင်းဆုံးဂစ်တာသမားဖြစ်ချင်မှဖြစ်ပါလိမ့်မည်..သို့ သော် သူ သည် ဂစ်တာကိုချစ်သည်.. ဂစ်တာ ကို မြတ်နိုးသည်..ဂစ်တာကို ကိုးကွယ်သည်.. Creative Thinking ရှိ သည်..။ငယ်ရွယ်သေးသည် . အမြဲတစ်စေ ကြိုး ၆ခြောင်း၏ အဓိပ္ပါယ်ကို ဖွင့်ဆိုနေတတ်သည်။ ကြိုး ၆ ချောင်းထဲမှ နက်နဲသော ဒဿန များ ပဟေဠိများ ကိုစဉ်ဆက်မပြတ်ဖေါ်ထုတ်အဖြေရှာနေတတ်သည်..။ တစ်နေ့  ၃ နာရီ ဂစ်တာကျင့်သည်ဟု ဆိုသည်..။ သူ သည် စင်မြင့်တေးဂီတပွဲများတွင် ဂစ်တာသမားတို့ ၏ဘ၀ ကို အဖြည့်ခံသက်သက် ဖြင့် ကန့် လန်ကာ နောက်မှသာ ရပ်တည်မနေစေဘဲ အခြား အဆိုတော်များ -ကခြေသည်များနည်းတူ Entertaining အသွင်သဏ္ဌန် ဖြင့် ဂစ်တာသမားတို့ ၏ ဘ၀ကို လူတွေလေးစားလာအောင်..အသိအမှတ်ပြုလာအောင် ဦးဆောင်ရှေ့ ရွက် ကိုယ်စားပြု ဖေါ်ထုတ်ပြသ ပွဲထုတ် ပေးနိုင်ခဲ့သည်။ တနည်းအားဖြင့် ကဝေတစ်ကောင်အလား ပရိသတ်အား ကြိုး ၆ ချောင်းဖြင့်ဖမ်းစားနိုင်ခဲ့သည်..
သို့ ဖြစ်ရာ သူ့ အား မြန်မာပြည်၏အကောင်းဆုံးဂစ်တာသမားအဖြစ် အမည် မတပ်နိုင်သေးသည့်တိုင်အောင်.. Iron Cross ၏ ဂုဏ်ထူးဆောင် ဂစ်တာသူရဲကောင်း.. မြန်မာပြည်ရဲ့ ဂုဏ်ဆောင် လိဒ်ဂစ်တာသူရဲကောင်း တစ်ယောက်အဖြစ်ခန့်  ညား ထယ်ဝါစွာ ဆက်လက် ရပ်တည်လျှက်ရှိနေကြောင်းပါ….

ချစ်စမ်းမောင် {၀ါ} ကြိုး၆ချောင်းဖြင့်ဖမ်းစားသူ-၅

အနုပညာသမားတွေအောင်မြင်လာပြီဟေ့ဆိုလျှင် ငွေတွေလိုက်လာသည်။ မူးယစ်ဆေးဝါး၊လောင်းကစား ၊မိန်းမ ကိစ္စတွေကပ်ပါလာသည်။ နောက်ဆုံး ကျရှုံးခြင်းပင်လယ်မှာ နောင်တတွေတစ်သီကြီးနှင့် နစ်မြုတ်ကြရသည်။ သာဓကတွေအများကြီးတွေ့ ဖူးကြပါလိမ့်မည်။
ကိုချစ်စမ်းမောင်ကို လေးစားနှစ်သက်သည့်အချက်များ ထဲတွင် သူ့ ဂစ်တာကိုသာမက သူ့ ရဲ့  ကောင်းမွန်တဲ့စာရိတ္တ၊ ခင်မင်နှစ်လိုဘွယ်ကောင်းမှု၊မာန်မာနကင်းမဲ့မှု စသည့်အချက်များလည်းပါဝင်သည်။
သူ့ ကိုခေတ္တခဏသာတွေ့ခဲ့ရသည့်ချိန်တွင်ပင် တွေ့သည့်သူတိုင်းကို ပြုံးပြုံး ပြုံးပြုံးနှင့် တစ်လေးတစ်စားဆက်ဆံပြီး အော်တိုရေးခိုင်းသည့်ချာတိတ်လေးများကိုလည်းမညည်းမညူလက်မှတ်ရေးထိုးပေးနေသည့်ကိုတွေ့ရှိရပါသည်။

သူ့ ဆရာကြီးဦးဘွဲ့ မှူးအပါအ၀င် သူ့ ဝိုင်းတော်သားအားလုံးက သူ့ ကိုညီလေးညီလေးနှင့်ချစ်ကြခင်ကြပါသည်။ နောက်တော့ အနုပညာ ဂီတလောကတစ်ခုလုံးမှပင်သူ့ ကို ကိုညီလေးဟု ချစ်စနိုးခေါ်ကြပါသည်။
သူ့ ဂီတလောကထဲစ၀င်စကတည်းကပင် မူးယစ်ဆေးဝါးသုံးစွဲသည်၊မိန်းမရှုတ်သည်ဟုလည်းလုံးဝမကြားဘူးခဲ့သည် မှာ သူအိမ်ထောင်ကျသည်အထိပင်ဖြစ်ပါသည်။ သူ့ ဆရာ ဦိးဘွဲ့ ကြီးကလည်းသူတို့ အိုင်စီတစ်ဖွဲ့ လုံးကိုထိန်းထိန်း သိမ်းသိမ်းကွပ်ကဲခဲ့ပါသည်။စီးပွားရေးအရ နှင့် ခေတ်၏တောင်းဆိုချက်အရ ROCK Band ဖြစ်သဖြင့် ဆံရှည်ကြီးများထားကြသော်လည်း သူတို့  ၀ိုင်းတော်သားတွေ အကျင့်သိက္ခာဖြူစင်ကြပါသည်။

ကိုချစ်စမ်းမောင် အိမ်ထောင်ကျသည်မှာ ငွေကြေးတောင့်တင်းသည့် ခရစ်ယာန်သင်းအုပ်ဆရာကြီးတစ်ဦး(ဦးဒေးဗစ်ဟုသိရပါသည်။) ၏သမီးနှင့် ဟုသိရှိရပါသည်။ ကိုချစ်စမ်းမောင်၏ဇနီးသည်လည်း စိတ်ကောင်းနှလုံးကောင်း နှင့်လူမှုရေးလုပ်ငန်းများတက်တက် ကြွကြွ လုပ်သူတစ်ဦးဟုကြားသိရပါသည်။ သူတို့ ၏သမီးကလေးသည် ဖခင်ဘက်မှဂစ်တာသွေးပါသည်ထင့်၊ ငယ် ငယ်ရွယ်ရွယ်နှင့်စင်မြင့်ပေါ်တက် ပြီးသီချင်းဆိုတာကိုတွေ့ရှိရပါသည်။ ရုပ်ရည်လေးမှာလည်းချစ်စရာလေးပင်။
ကိုချစ်စမ်းမောင်သည် ရရှိသည့်ဝင်ငွေများကိုလည်းသုံးသုံးဖြုန်းဖြုန်းမဟုတ်ဘဲ စုစုဆောင်းဆောင်းနှင့်စနစ်တကျရှိပုံ ရပါသည်။ သူ့ တွင် စုဆောင်းထားသော ဟော်လို၊ဆောလစ်ဂစ်တာပေါင်း ၂၀ ကျော် ၃၀နီးပါးရှိပါသည်။ တစ်လုံးလျှင်မြန်မာငွေကျပ် သိန်း သုံးလေးဆယ်တန် ဆောလစ် ဂစ်တာများလည်းပါဝင်ပါသည်။
အိမ်ထောင် ကျပြီးနောက် PTL ကိုယ်ပိုင်စတူဒီယိုလေးကိုထူထောင်လာနိုင်ခဲ့သည့်အထိဖြစ်ပါသည်။ သူ့ စတူဒီယိုတွင် ရက်ကော ဒင်းသွားလုပ်ပါကလည်း စိတ်ပါဝင်စားစွာဖြင့်စေတနာထားပြီး သေသေချာချာလေးလုပ်ကိုင်ဆောင်ရွက်ပေးတတ် ကြောင်းလည်းကြားသိရပါသည်။

ကိုချစ်စမ်းမောင်၏ကိုယ်ပိုင်အခန်းတွင်းမှသူ့ စုဆောင်းထားသော ဂစ်တာများစွာနှင့်ပုံကို အထက်တွင်ဖေါ်ပြထားသည်ကို ကြည့်ရှုနိုင် ပါသည်။ သူ့  အနေဖြင့်ဘ၀တွင် ယခုလိုဂစ်တာတွေအများကြီးပိုင်ဆိုင်လိမ့်မည်ဟု အိမ်မက်ပင်မမက်ခဲ့ဘူးပါ
ဟုဆိုခဲ့ပါသည်။

မောင်မောင်ဒီလင့်ခ်သည် ကိုချစ်စမ်းမောင်ကဲ့ သို့ ဂစ်တာ အလုံး ၃၀ ခန့် မပိုင်ပါသော်လည်း ဆောလစ် ဂစ်တာနဲ့ ဟောလိုဂစ်တာစုစုပေါင်း ၈လုံး လောက်ပိုင်ဆိုင်ထားပါသည်။ ဥစ္စာခြောက်ကာ ကြိုးတွေလျှော့ထားလိုက် ကတ္တီပါခင်းထားသောဂစ်တာသေတ္တာတွေထည့်ထည့်သိမ်းလိုက်နဲ့  မြန်မာပြည်တွင် အလုပ်ရှုတ်ခဲ့ဘူးပါသည်။

ကိုချစ်စမ်းမောင်၏အခန်းနှင့်ဂစ်တာများကိုချိတ်ဆွဲ ခင်းကျင်းထားမှုနှင့် ကိုချစ်စမ်းမောင်မှ ဂစ်တာများကိုအလကား နေရင်း ကြိုးလျှော့ထားစရာမလိုပါဘူးဟု မြွတ်ဟခဲ့ဘူးသည့်ကိုဆက်စပ်တွေးခေါ်မိတော့မှ၊အော်-ငါ့နှယ့် ဥစ္စာခြောက်ပြီးဖရက်တံကောက်သွားမှာစိုးလို့  ကြိုးတွေအကုန်ခံပြီိးလျှော့ထားစရာမှမလိုဘဲ သူ့ လိုဘဲ တောက်လျှောက်ချိတ်ဆွဲထားလိုက်ရင် ဂစ်တာ ဘော်ဒီိဝိတ်က ဖရက်တံကို Balance လုပ်ပြီးပြန်ဆွဲချထားသလို ဖြစ်သွားတော့ ဖရက်တံကောက်သွားမှာမပူရတော့ ဘူးပေါ့ လို့  အသိအမြင်မှန်ရလာပါသည်။

လောလောဆယ်တော့ မောင်မောင်ဒီလင့်ခ်ဘေးမှာ Gibson ဂျမ်ဘိုဂစ်တာကြီးတစ်လုံးဘဲရှိပါသည်။ ကျန်ဂစ်တာတွေအားလုံးမြန်မာ ပြည်မှာကျန်ရစ်ခဲ့ပါသည်။ဆောလစ်ဂစ်တာမတီးတာကြာတော့ အက်ဖက်တွေအကြောင်း အကျယ်တ၀ံ့တင်ပြချင်တာ တောင်ပြန်စမ်းသပ်ခွင့် မရသဖြင့်အခက်တွေ့နေရပါသည်။ နောက်ထပ်ဂစ်တာတွေထပ်ဝယ်စုဖို့ အစီအစဉ်ရှိပါသည်။
ပြီိးရင်ကိုချစ်လို ချိတ်ဆွဲသိမ်းဆည်းရေးအစီအစဉ်အကောင်အထည်ဖေါ်ရပါမည်။

ကိုချစ်စမ်းမောင်သည် ဂစ်တာအမျိုးအစားတွေထဲမှာ Ibanez ကို အကြိုက်နှစ်သက်ဆုံးလို့ ကြားသိရပါသည်။ နောက်ပြီးသူ တီိးသည့် Ibanez ဂစ်တာတွေ ၏ဖရက် ဘုတ်ဒီဇိုင်းမှာ နွယ်ပင် တွေဖြစ်ကြောင်းသတိထားမိပါသည်။
ကျွန်တော်တင်ပြခဲ့သလို Entertaining Guitarists ၂ ဦးဖြစ်သော ကိုချစ်စမ်းမောင်နှင့် ကိုတိုးတိုး တို့  ၂ ဦးစလုံး
Ibanez ဂစ်တာများကို အထူးနှစ်သက်သည်ဟုလေ့လာသိရှိရပါသည်။

ကိုချစ်စမ်းမောင်က ကျွန်တော်သိပ်ကြိုက်ပြီး လေးစားခဲ့ရ ၊ အားကျခဲ့ရတဲ့ ဂစ်တာဆရာကြီးတွေက ကျွန်တော့ဆရာ ဦးစောဘွဲ့ မှူး၊ ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)နှင့် ကိုပက်ထရစ်မေလာ တို့ ပါဟု ပြောဆိုခဲ့ဖူးပါသည်။ (ဒီနေရာမှာ ဂစ်တာရူး အာပလာ မောင်ဒီလင့်ခ်နဲ့  စိတ်အဟာရချင်းလာတူနေပါလား )

တစ်ခါက ကိုချစ်စမ်းမောင်တို့ ၏ သူရဲကောင်လေးများ တီးဝိုင်းသည် ပြည်ပမှဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ သွား ရောက်ဖျော်ဖြေရပါသည်။ ကော်ပီသီချင်းများကို ဂုဏ်သိက္ခာအရ သီဆိုတီးခတ်ရန်မကြိုးစားတော့ဘဲ ကိုလေးဖြူ ကြီိး ကို မသွားကာ ကိုငှက် (ကိုထူးအိမ်သင်) ၏ သမိုင်းဝင် သီချင်း ဧရာဝတီ ကို ရော့ခ်ဗားရှင်းဖြင့်ခမ်းခမ်းနားနားကြီး တီးခတ်တင်ပြခဲ့ကြပါသည်။ အာရှနိုင်ငံအများအပြားမှနံမည်ကြီးတီးဝိုင်းများလာရောက် ကြသည်ဖြစ်ရာ ကိုချစ်စမ်းမောင်တို့  IC Rock Band အား မြန်မာနိုင်ငံမှ သာမာန်တီးဝိုင်းအဆင့်လောက်ဘဲထင်မြင်ပြီး ကိုချစ်တို့  ဂစ်တာကြိုးတွေဘာတွေညှိကြတော့၊ အခြား ဖိလစ်ပိုင် တိုင်ဝမ်နိုင်ငံများမှ Rock Band များမှ အထင်အမြင် သေးချင်သည့်သဘောမျိုးလေးတွေ ပြကြပါသည်။ သီချင်းသည် သွားလေသူ ကိုငှက်၏ နှလုံးသားနှင့် ထုဆစ်ခဲ့ သော ဇာတိသွေးဇာတိမာန်တက်ကြွစေသည့် ဂန္ဓ၀င် သီချင်းတစ်ပုဒ်ဖြစ်သည့် ဧရာဝတီ (သို့ မဟုတ်) ရာဇ၀င်များ၏သတို့ သမီးဖြစ်ပါသည်။ Metallica ကြီး ကိုလေးဖြူ၏ အသံသြဇာကတော့ အထူး စာဖွဲ့ ဖို့ ပင်မလို ပါ။ မြန်မာနိုင်ငံကိုကိုယ်စားပြုပြီး သီချင်းတစ်ပုဒ်တည်းကိုသာ တီးခတ်ဖျော်ဖြေခွင့်ရသည် ဆိုတော့ မြန်မာပြည်၏ဂစ်တာသူရဲကောင်း Entertaining Guitarist ကို ချစ်စမ်းမောင် ဘာတွေဘယ်လိုတီးပြသွားမည်ကို တော့ မှန်း ဆကြည့်ကြပါ။ ၆ကြိုးကဝေကြီး ပညာကုန်ထုတ်တော့မည်မှာ မြေကြီးလက်ခတ်မလွဲပင် ။
(အဲဒီ ဂျပန်ပွဲ အခွေလေးများ ဒီဖိုရမ်ထဲမှာ ဒီပို့ စ်ဖတ်ပြီး တင်ပေးမဲ့သူရှိရင်သိပ်ကောင်းမှာဘဲ၊ ) ^:)^
ပွဲပြီးတော့ အထင်အမြင်သေးချင်သည့်မျက်လုံးများဖြင့် ကြည့်ခဲ့ကြသော အခြားနိုင်ငံများမှ ဂစ်တာသမားများ ကိုချစ်စမ်းမောင် ကို မျက်လုံးအပြူးသားနှင့် တစ်လေးတစ်စား Congratulations ! လာလုပ်ရပါသည်။ အလေးလာပြုကြရပါသည်၊ မြန်မာ့ဂစ်တာကိုကမ္ဘာကသိအောင် ပြသနိုင်ခဲ့သဖြင့်အင်မတန်ဂုဏ်ယူဖွယ်ရာကောင်းလှပါသည်။

ကိုချစ်စမ်းမောင်ကြောင့်ဂစ်တာကိုင်ချင်စိတ်ကုန်ခမ်းသွားပြီိး ဂစ်တာကိုပစ်ချကာ မိုက်ကရိုဖုံးကိုင်လိုက်ရသည့်ဘ၀ ရောက်သွားသည့် ယနေ့  နံမည်ကြီိး Rocker တစ်ဦးရှိပါသည်။ ခေတ်လူငယ်တွေ၏အသဲစွဲ ကိုမျိုးကြီိး ဖြစ်ပါသည်။ ကိုမျိုးကြီးသည် မူလ က အဆိုတော်ကြီးအန်တီ ဒေါ်နွဲ့  ယဉ်ဝင်း၏ သားတော်မောင် ကို မျိုးမျိုးတို့ ၏ Ghost Rider Band တွင် Lead Guitarist တစ်ဦး ဖြစ်ခဲ့ပါသည်။ နောက်တော့ ကိုချစ်စမ်းမောင်နှင့်
တွေ့ ဆုံခင်မင်ကာ ကိုချစ်စမ်းမောင်ထံမှလည်း ဂစ်တာ ပညာများဆည်းပူးသင်ယူ ပြီးသည့် သကာလ ဆရာ ချစ်ကို နောက် ၁၀နှစ် လောက်ကြိုးစားတောင် လိုက်မမှီနိုင်တော့ပါဘူး၊ တော်ပါပြီ ဂစ်တာမတီးတော့ပါဘူး ၊ သီချင်းဘဲဆိုပါတော့မည် ဟု ဖြစ်သွားကာယနေ့ နံမည်ကြီိး ရော့ခ်ကာတစ်ယောက်ဘ၀သို့ အသွင်ပြောင်းရောက်ရှိသွားခဲ့ကြောင်း သိရှိ ရပါသည်။ IC ၏ နှစ်ပတ်လည် Live Show တွင် ကို မျိုးကြီးက ကိုချစ်စမ်းမောင်၏ Acoustic Guitar Solo Skill မပြသမီ ၊ ကျွန်တော့ကို လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကဂစ်တာသင်ပေးခဲ့တဲ့သူတစ်ဦးရှိပါတယ်။သူ့  ကိုကျွန်တော်က ဆရာ ချစ်လို့ ခေါ်ပါတယ် ၊ဆရာချစ်..! ဆိုပြီး ပရိတ်သတ်ကို မိတ်ဆက် ပေးခဲ့တာ ကြည့်ဖူးကြမှာပါ။


ချစ်စမ်းမောင် (၀ါ) ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ အပိုင်း(၅)ကိုဒီမှာဘဲရပ်နားလိုက်ပါရစေခင်ဗျာ။
မူလက ကိုချစ်စမ်းမောင် ၏ ဂစ်တာ ဗီဒီယိုကလစ်တွေကို အပိုင်း (၅)တွင် ဖွင့်ဆိုရှင်းပြဆောင်းပါးအသွင်ဖြင့် တင်ပြမည်ဟုစိတ်ကူးရှိခဲ့ပါသော်လည်း အပိုင်း(၆)ရောက်မှသာ ဆက်လက်ခံစားကြပါရန်….

ချစ်စမ်းမောင် {၀ါ} ကြိုး၆ချောင်းဖြင့်ဖမ်းစားသူ-၎


ပရိုဖစ်ရှစ်နယ် ဂစ်တာသမားတိုင်းသည် တေးစီးရီးပေါင်းများစွာ တီးခတ်ခဲ့ပါ သည်။ စင်မြင့်တေးဂီတပွဲပေါင်း များစွာ တီးခတ်ခဲ့ သည်ဆိုဦးတော့၊ Entertaining ဖြစ်ချင်မှဖြစ်ပါသည်။ ဆိုလိုသည် မှာ၊ ဥပမာအားဖြင့်… ကျွန်တော် အလေးစားဆုံး အနှစ်သက်ဆုံးသော ဆောင်းပါးရှင် ကိုကိုလိမ်၏ ညီအကိုတော် - ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း) သည်ပင်လျှင် ၄င်း၏ ကီးဘုတ်ပလေယာအဖြစ်လည်းကောင်း ဂစ်တာသမားအဖြစ်လည်ကောင်းတီးခတ်သည့် T-4 , မဇျ္စိမလှိုင်း Live Show များ ကို ၄င်း၏ဂစ်တာတီးနည်းစနစ်များ၊ ဟန်များအားရယူရန် အလို့ငှာ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသော်လည်း တိတ်သားပေါ်တွင် ၄င်းချယ်မှုန်းခဲ့သည့် ဂစ်တာသံတွေအတိုင်း အကုန် ချမပြဟုထင်မြင်မိပါသည်။ ထို့ အပြင် ပွဲအစမှအဆုံးကျောက်ရုပ်ထုကြီးရပ်နေသကဲ့သို့ ရပ်ပြီးတီးပါသည်။
အကျော်အမော် Pro Guitarist များဖြစ်ကြသော ကိုဇော်မျိုးထွဋ် ( Emperor )၊ ကိုပက်ထရစ်မေလာ တို့  နှင့်အခြားအခြားသော ဂစ်တာသမားများ အားလုံလုံးလိုလို သည်ပင်လျှင် အလားတူ Stage ပေါ်တွင် အချိန်ပြည့် နုတ်သင်္ကေတအား ဖတ်ရှု တီးခတ်ပြီး ကျောက်ချရပ်တန့်  တီးခတ်ကြပါသည်။

ကျွန်တော်၏တစ်သီးပုဂ္ဂလ အမြင်ခံစားမှုအရ မြန်မာ Pro Guitarist များအနက် (၂)ဦးသာလျှင် စင်မြင့်တေးဂီတ များတွင် Entertaining အသွင်ဆောင်သည်ဟုထင်မြင်မိပါသည်။ ၄င်း ပုဂ္ဂိုလ် (၂)ဦးမှာ Iron Cross မှ လိဒ်ဂစ်တာ သူရဲကောင်း ကိုချစ်စမ်းမောင်နှင့် ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦး၏တူ ၊ သွားလေသူ ဦးကြည်လွင်၏သား - ယခင် Emperor ဘန်ဒ် တွင် ဘေ့စ်စစ်သူ ကြီး ဗိုလ်ကျင် (ကျင်ခမ်းပုန်း)ထွက်ခွာသွားခိုက် Bass Guitarist အဖြစ် အချိန်အတိုင်းအတာတစ်ခုအထိဝင်ရောက်တီးခတ်ပေးခဲ့သော Audio Wave Band နှင့် Heaven Born Band မှ လိဒ်ဂစ်တာသူရဲကောင်း ကိုတိုးတိုး ဖြစ်ကြပါသည်။
၎င်းတို့ (၂)ဦးတီးခတ်သော စင်မြင့်တေးဂီတ Live Show များ ကြည့်ရှုဘူးသူတိုင်း သတိထားမိကြမည်ဟုထင်မြင် မိပါသည်။
ဆိုလိုသည်မှာ - ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း) သည် ကျွန်တော်အပါအ၀င် သူငယ်ချင်းအများစုမှ ကိုချစ်စမ်းမောင် ထက် အတွေ့အကြုံဝါပိုရင့်ပြီး (အကယ်ဒမီ တွေရထားတာကိုခဏဘေးဖယ်ထားပါဦး) ဂစ်တာ ပို တော်သည်၊ much better in creative thinking at Guitar ဟု ခံယူသတ်မှတ် ပါသော်လည်း၊ အထက်မှဖေါ်ပြသကဲ့သို့  စင်မြင့်ပွဲများတွင်မတုန်မလှုပ်ကျောက်ရုပ်၊ ကိုကိုလိမ်တင်ပြသကဲ့သို့ ကိုဇော် ကြီးသည် နုတ်ကို အလေးမထားဟုဆိုသော်ငြားလည်း ။ စင်ပေါ်ရောက်မှ နုတ်တွေ၊ပဲပင်ပေါက်တွေကို အတိအကျစားသုံး ပြနေပြန်ပါသည်။

ကိုချစ်စမ်းမောင်ကတော့ စင်ပေါ်တက်လာပြီး၊ ကီးဘုတ် စစ်သူကြီး ကိုဗညားနိုင်မှ Iron Cross အဖွင့်တီးလုံးစခေါ်လိုက် သည်နှင့် တပြိုင်နက် Overdrive တွေ အွန်ပြီးစင်ရှေ့ ပြေးထွက်လာကာ ၊ ဂစ်တာ ကခြေသည်တစ်ဦး အလား သူ့ အကြိုက်ဆုံးဂစ်တာဖြစ်သော Ibanez Solid Guitar အား အသကုန်လှော်ပြပါတော့သည်။ ဂစ်တာ ကို ပါးစပ်ဖြင့်ကိုက်တီး ခြင်း၊ ပြောင်းပြန်တီးခြင်း၊နောက်ပြန်တီးခြင်း၊ခြေထောက်ဖြင့်တီးခြင်း၊ ပလပ်စတစ်ဒလက်လေးတပ်ထားသော မော်တာ ဖြင့်တီးခြင်း စသည်ဖြင့် ဂစ်တာစွမ်းရည်အမျိုးမျိုး ပြသပါသည်။ တစ်ချို့ ကစကားတင်း ဆိုကြပါသည်။ အာလူးတွေ။အာပလာ တွေ ဂစ်တာ ကို နောက်ပြန်တီးတီး၊ ပြောင်းပြန်တီးတီး ဒီအသံကဒီအသံဘဲဟု ပြောပါသည်။ ဟုတ်သလိုလိုတော့ ရှိပါသည်။တကယ်တော့ မဟုတ်ပါဟု ဆိုချင်ပါသည်။

ကိုယ်တိုင်လည်း လိဒ်ဂစ်တာကိုနှစ်ရှည်လများလိုက်စားခဲ့တော့သိပါသည်။ ကီးတစ်ခုအတွင်းမှ ဒို ဆိုသော ဂစ်တာသံတန်ဖိုးလေးတစ်လုံးကို ပက်ထရွန် လက်ခတ်ဖြင့်တီးလျှင်အသံတမျိုး၊ လက်ညှိုးလက်ခလယ်တို့ ဖြင့်တီးလျှင်တစ်မျိုး၊ open string ခေါ်လွှတ်ကြိုး ဖြင့်တီးလျှင်တစ်သံ၊ Bass Guitar တီးသလို Slapping ရိုက်ထည့်လိုက်လျှင်အသံတစ်မျိုး။ မောင်ဒီလင့်အား Plucking စတင် ပြပေးခဲ့သူ ၊ ဂစ်တာကို တရုတ်ပုလွေသံမျိုးရအောင်တီးပြမယ်ကွဟုဆိုကာ ၊ Tapping ကို ပက်ထရွန်ဖြင့် Fingerboard ကို ပေါက်ပြသော တီထွင်ပါရဂူဖိုးဆိတ်ဖြူ ငယ်သူငယ်ချင်း ထိုက်ကြီး တီးပြဖူးသလို ဒို ကိုနှိပ်ထားပြီး ကြိုးကို လက်မလက်ညှိုးဖြင့်ညှပ်ဆွဲ ပြီး အားနှင့် ပြန်လွှတ်လိုက်သော် Fingerboard ကိုပြန်ရိုက်ပြီးထွက်လာသော ဒို အသံကတစ်မျိုး၊ လက်ညှိုးထိပ် ဖြင့် Fingerboard ကိုပေါက်ပြီး သမရိုးကျ Tapping ပုံစံမျိုးတီးလျှင်တစ်မျိုး၊ ပလပ်စတစ်ဒလက်တပ်ထားသော မော်တာ ဖြင့်တီးသော ဒို အသံက တစ်မျိုးဖြစ်ပါသည်။
ဒါဆိုလျှင် ဂစ်တာကို ဘယ်လိုတီးတီး ဒီအသံပါဘဲကွာ ဆိုသည်မှာမဟုတ်မမှန်နိုင်တော့ပါ ကြောင်းမှန်းဆနိုင်လိမ့်မမည်ဟုမျှော်လင့်မိပါသည်။

သို့ ဖြစ်ရာ ကိုချစ်စမ်းမောင်သည် စင်မြင့်ပေါ်တွင်သီချင်းအားလုံးကို အလွတ်တီးသည်။ နုတ်မကြည့်ပါဟုမဆိုနိုင် ပါသော်လည်း သီချင်းအများစုမှာ သူ အကြိမ်ပေါင်းများစွာတီးနေသဖြင့်လည်းကောင်း သူကိုယ်တိုင်စတူဒီယိုတွင် ရက်ကောဒင်းလုပ်တီးခဲ့သော သီချင်းများဖြစ်၍လည်းကောင်း အလွတ်တီးပါ က သူ့  ပညာခန်းတွေကိုပြသခြင်း ဖြစ်ပါသည်။ ထို့ အပြင် Iron Cross ၏ စင်မြင့် တေးဂီတတိုင်း Unplugged Show ပင်ဖြစ်စေဦး၊မဖြစ်မနေ Guitar Solo လက်စွမ်းပြ ကဏ္ဍလေးထည့်ထားပါသည်။

စင်မြင့်တေးဂီတကြည့်သူတိုင်းအားလူအများစုမှ သီချင်းအဆိုတော်တွေသွားကြည့်တာ ဟုထင်မြင်ကြပါသည်။ လုံးဝမှား ပါသည်။ ကျွန်တော်အပါအ၀င် ဂစ်တာသမားတွေကို ကြည့်ချင်လို့ ၊လေ့လာချင်လို့ ၊ သူတို့ ၏ဂစ်တာတီးနည်းစနစ်များ ကို အတုယူချင်လို့  သွားကြည့်သူများဒုနှင့်ဒေးဖြစ်ပါသည်။ အဆိုတော် ၏ စီးရီးခွေ ၀ယ်နားထောင်လျှင် ပို ၍ တောင် အသံကွာလတီကောင်းပါသေးသည်။ သို့ ဖြစ်ရာ တန်ဖိုးကြီးပေးဝယ်ခဲ့သော စတိတ်ရှိုးလက်မှတ်သည် ကိုချစ်စမ်းမောင်တို့ လို ရှိသမျှဂစ်တာ Skill တွေအကုန်ထုတ်ပြ ခြင်းကိုကြည့်ရှုခံစားခွင့်ရမှသာ လျှင် တန်သည်ဟူ ၍ မြင်လာမိပါသည်။

သူ့ ဆရာ ဦးဘွဲ့ ကြီးသည် သူ့ ထက်တော်ပါသည်။ သို့ သော် ဦးဘွဲ့ သည် ဆိုခဲ့ဘူးသလို ကို ချစ်စမ်းမောင် ကို စင်မြင့်တေးဂီတပွဲတွင် နေရာအပြည့် ပေးထားကာ 1st Lead တာဝန် ရာထူးကြီးအပ်နှင်းထားသော်လည်း၊ ငါသည် ချစ်စမ်းမောင်၏ဆရာဖြစ်သည် ဆိုတာကိုတော့ သူ ကိုယ်တိုင်ဆိုပြသည့်သီချင်းတစ်ပုဒ်ရှိ ဂစ်တာဆိုလိုမှတပါး။
များသောအားဖြင့် ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း) ကဲ့သို့ ပင် ထည်ထည်ကြီးရပ် တီးပြီး၊ တစ်ချိန်လုံးကိုချစ်စမ်းမောင်ကို Vamping တွေ ဟာမိုးနစ် နုတ်တွေနဲ့ ချည်း လိုက်ပံ့ပိုးပေးနေပါသည်။ တစ်ခါတစ်လေ၊စင်အောက်တောင်ဆင်းသွားပြီး ကိုချစ်စမ်းမောင်ကို တစ် ယောက်တည်းလွှတ်ထားခဲ့ပါသည်။ ပွင့်ပွင့်လင်းလင်း ကျွန်တော် တစ်ဦးတည်း၏ ပုဂ္ဂုလိက ခံစားမှု ကိုဗြောင် ဖွင့်ပြော ရလျှင် မြန်မာပြည်၏ဂစ်တာဘုရားကြီး ၂ ဆူဖြစ်သော ၊ ကိုချစ်စမ်းမောင်ထက်တော်သော ကိုဇော်ကြီးနှင့် ဦးဘွဲ့ တို့ သည်ပင်လျှင် စင်မြင့်တေးဂီတွင် ကိုချစ်စမ်းမောင် လို ဂစ်တာကို Entertaining အသွင်သဏ္ဍန်ဆောင်ပြီး မတီးကြပါ။ သို့ ဖြစ်၇ာ ပရိတ်သတ်၏အာရုံသည် မိုက်ခ် ကိုင်ထားသော အဆိုတော် ဆီမှာချည်းစုံပြုံနေပါသည်။ မတီးချင်လို့ လည်းဖြစ်ကောင်းဖြစ်နိုင်ပါမည်။ ဂစ်တာ ဘုရားကြီးများသည် တိတ်သား၊စီဒီပေါ် သာ ၄င်းတို့ ၏ ဂစ်တာ ဓမ္မတေးသံကို အပြည့်အ၀ ဖေါ်ထုတ် ရင့်ကျူး ကြပါသည်။ စင်မြင့်ပေါ်၌ မူ မျက်လွှာချပြီး အိနြေ္ဒ ဖြင့်သာ သီတင်းသုံးပါသည်။

ကိုချစ်စမ်းမောင်မှာမူ ဂစ်တာ ကို အနုပညာတစ်ရပ်၊ ကခြေသည်တစ်ဦးကဲ့သို့  အသုံးတော်ခံ တင်ပြသောအခါ ပရိတ် သတ် အပေါင်းမှာ လက်ခုတ်သံတဖြောင်းဖြောင်းဖြစ်ပါသည်၊ မှတ်မိပါသေးသည်။ ၁၉၉၆ လောက်ကပါ။ မင်္ဂလာဒုံလေတပ်ထဲ တွင် တီးသော Iron Cross ၏ စင်မြင့်တေးဂီတပွဲတွင်ဖြစ်ပါသည်။ ကိုချစ်စမ်းမောင်မှ ကိုလေးဖြူ ၏ Heavy Rock သီချင်း တစ်ပုဒ်၏ ဂစ်တာဆိုလိုအရောက်တွင် စင်မြင့်  ရှေ့  ပြေးထွက်လာ ကာ ဆောလစ် ဂစ်တာ ကိုပြောင်းပြန် အနေအထား (ကျွန်တော် ၏ ပထမပို့ စ်ပါဓါတ်ပုံအနေအထားပါ။ ) ဖြင့် ဆလိုက်မီး သေတ္တာ၏အစွန်းအား ပြေးထောက်ပြီး ဒူးထောက် ထိုင်ချကာ ဂစ်တာ စကေးအစိတ်တွေကိုအသကုန်လှော်ပြရာ။ ကျွန်တော့ဘေးတွင် ထိုင်ကြည့်နေသော အသက် ၆၀ ခန့် အဖွားကြီးမှာ သဘောတွေကျပြီး လက်ခုတ် တွေထတီးပါသည်၊ ( ခေတ်ပေါ် Rock တီးဝိုင်းကိုအဘယ်ကြောင့် အဖွားကြီး လာကြည့်သည်ကိုတော့ကျွန်တော်လဲမသိပါ။ သူ့ မြေးတွေ၊သားတွေစိတ်မချလို့ များ လိုက်လာတာလား။ အိမ်စောင့်မရှိလို့  လိုက်လာတာလားတော့မသိပါ။ )၊ ကျွန်တော့်ဖက်သို့ ပင်လှည့်လာကာ ။ ဒီကလေးသိပ်တော်တယ် ဟု ချီးမွမ်းပါသည်။ ယနေ့ ခေတ် လူကြီးသူမများသည် ယခင် ခေတ်ဟောင်းကာလများဆီကကဲ့သို့  ဂစ်တာကို သရုပ်ပျက် တူရီယာ။ ရော့ခ်ဂီတ ကို သရုပ်ပျက်ဟု ဘယ်သူမှမပြောကြတော့ပါ။ ခံစား နားလည်နေကြပြီဖြစ်ပါသည်။ နယ်မှသူငယ်ချင်းတစ်ဦး၏ အိမ်သို့ လိုက်လည်စဉ် ၄င်း၏ အမေဖြစ်သူ အသက် ၈၀ အဖွားကြီးတစ်ယောက်သည်ပင်လျှင် နေ့ စဉ် ဘုရားရှိခိုးပြီး ကိုလေးဖြူ၏ ကန္တာရလမင်း အခွေနားထောင်ကြောင်း၊ ဒီကလေးကအသံအောင်ကြောင်း ၊သူ့ သီချင်းတွေမှာဒ ဿ န တွေ၊ Message တွေပါသည် ဟု ချီးမွမ်းကြောင်း အံ့သြဖွယ်ရာ သတိယမိပါသေးသည်။

ဆိုလိုသည်မှာ ကိုချစ်စမ်းမောင် သည် ရိုးရိုးဂစ်တာသမားတစ်ဦးမဟုတ်ပါ။ Very Rare Entertaining Guitarist တစ်ဦး ဟုဆိုလိုရင်းဖြစ်ပါသည်။ မြန်မာပြည်တွင် လိဒ် ဂစ်တာသမားအကျော်အမော်တွေမြောက်များစွာ ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။ သို့ သော် ကိုချစ်စမ်းမောင်လို Entertaining Lead Guitarist မျိုးကို ကိုချစ်စမ်းမောင်အပါ အ၀င် ၊ မင်းသားကြီးဝင်းဦး၏ တူ Audio Wave Band နှင့် Heaven Born Band မှ Lead Guitarist ကိုတိုးတိုး ၂ ဦးသာ တွေ့ မြင်ဘူးပါသည်။ ကိုတိုးတိုး အား (၂)ပွဲသာ ကြည့်ဖူးပါသည်။ သူ ၏ လိဒ်ဂစ်တာသည်လည်း Entertaining Guitar ပင်ဖြစ်ပါသည်။ ကိုချစ်စမ်းမောင်လို သူသည်လည်း Solid Guitar တွင် Ibanez ကို အတော်ကြိုက်နှစ်သက်ပုံရပါသည်။ ကျွန်တော်ကြည့် ဖူးသော အော်ဒီယို ဝေ့ဖ် နှင့် ဟက်ဗဲဘွန်း (၂)ပွဲစလုံး တွင် ကိုတိုးတိုးသည် Ibanez ဂစ်တာတစ်လက်တည်းကိုသာမညှာတမ်း အသုံးပြုကာ Guitar Effect တွေ ကို ဘယ်လောက်နိုင်ကြောင်း ကို အသကုန် ပြ သွားပါသည်။ ကိုချစ်စမ်းမောင် သည်ပင်လျှင်သူ့ ဂစ်တာကိုညှာပါသည်။ ကိုတိုးတိုးမှာမူ သူ့  ဂစ်တာကို ပြောင်းပြန် အနေအထားဖြင့် Guitar Amp အကြီးကြီးတွေနှင့် အတင်း ပွတ်ဆွဲပြပါသည်။ မိုက်ခွက်နှင့်ပါးစပ်နှင့်ကပ်တေ့ကာ ပါးစပ် ကြီးကိုဖြဲဖြဲပြ သည် တွင် ညာခြေမှ Wah Wah Expression Pedal ကို ဟန်ချက်ညီညီ ၊ကားလီဗာနင်းသကဲ့ သို့  နင်း သောအခါ အဖွားအိုကြီးတစ်ယောက်အော်ဟစ်ရီမောသည့်အသံမျိုးတွေထွက်လာပါသည်။ သို့ ဖြစ်ရာ သူ အော်ရီသည့် အသံမျိုးကို ဆောလစ်ဂစ်တာဖြင့်ဖန်တီးချယ်မှုန်းပြခြင်းဖြစ်ပါသည်။ လေးစားဖွယ်ရာပင်။

ကိုတိုးတိုးသည် ကိုညီထွဋ်တို့ ၏ Emperor တီးဝိုင်း မှ ဗိုလ်ကျင် ထွက်သွားချိန်တွင် Emperor ၏ ဘေ့စ်စစ်သူကြီး ရာထူးတာဝန်ကို ခေတ္တ ၀င် ရောက်ထမ်းဆောင်ခဲ့ပါသေးသည်။ ထို့ အချိန်တွင်ပင်လျှင် Bass Guitar ကို ဗိုလ်ကျင်ကဲ့သို့  ထည်ထည်ကြီးရပ်မတီးဘဲ၊ Entertaining အသွင်ဆောင်ကာ ပြေးပြေးလွှားလွှားတွေတီးပြပါသည်။ စင်မြင့်ရှေ့ ပြေးထွက်လာကာ Slapping တွေကို ရောမစစ်သူကြီးတွေ စစ်ပွဲအတွင်း စီးချင်းထိုး သကဲ့သို့  လက်မနှင့်လက်ညှိုးခုတ်ပေါက်တီးခတ်ပြသည်မှာ စိတ်လှုပ်ရှားဖွယ်ရာသိပ်ကောင်းပါသည်။

ချစ်စမ်းမောင်(၀ါ)ကြိုး၆ချောင်းဖြင့်ဖမ်းစားသူ-၃

တူမချော က မောင်ဒီလင့်ခ် ကို မြ၀တီမှာသီချင်းတစ်ပုဒ်လောက်ရိုက်ချင်ကြောင်း၊ သီချင်းကောင်းကောင်းတစ်ပုဒ်လောက်ရေးပေးပါ။ သို့  တည်းမဟုတ် ၀ယ်ပေးပါ ဟုဆိုလာပါသည်။ ပထမဆုံးသွားသတိယမိတာ က တေးရေးဆရာ ကိုစိုင်းလိတ်ကြီး၊(ယခုတော့ကားမှောက်ပြီးဆုံးပါးသွားခဲ့ပါပြီ၊မရှိတော့ပါ။)
သူ ကမိန်းကလေးသီချင်းတွေေ၇းတာတော်သည်။ ကိုယ်နဲ့ လည်း သိပ်ခင်သည်။ သူ့ အိမ်လိုက်သွားတော့ လင်းစတူဒီယို သွားသည်ဟုဆိုပါသည်။ ဒီတော့ ကိုစိုင်းလိတ်ကြီးကိုရှာရန် လင်းစတူဒီယိုသို့ လိုက်သွားမိပါသည်။ လင်း သို့ ရောက်ပြီး ကိုလိတ်ကြီးကို
ရှာရန်စတူဒီယိုထဲဝင်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် IC မှစီးရီးတစ်ခုအတွက်ရက်ကောဒင်းလုပ်နေရာမှ
ပြီးသွားချိန်တွင် ၊ အိမ်ပြန်ရန် ပြင်ဆင်နေသော ကိုချစ်စမ်းမောင် ကို ကိုစိုင်းလိတ်ကြီးမှ နောက်နေချိန်နှင့် သွားတိုးပါသည်။ ကိုလိတ်ကြီးမှ ချစ်စမ်းမောင် မင်း တို့ က နံမည်ကြီးသွားတော့ ကြီးကျယ်သွားပြီပေါ့လေ
ဆိုပြီးနောက်နေပါသည်။
ကိုယ် နှစ်ရှည်လများ လေးစားခဲ့ရသော ဂစ်တာသမား ကိုချစ် ကို ပထမဦးဆုံးအကြိမ် ကိုယ်တိုင်
တွေ့ ဆုံခဲ့ခြင်းဖြစ်ပါသည်။ ကိုလိတ်ကြီးမှ ကိုယ့်အား ဂစ်တာဖြင့်အသက်မမွေးသော်လည်း ဂစ်တာဝါသနာလွန်စွာထုံကြောင်း၊မိတ်ဆက်ပေးရာ အဲဒါဆိုရင် ဦးဘွဲ့ ကြီးနဲ့  အပ်ပေးလိုက်ပါလားဟုပြောပါသည်။
ထိုအချိန်တွင် အံ့သြဖွယ်ရာ လင်းစတူဒီယိုထဲသို့ ဆယ်ကျော်သက် ကောင်မလေးများ အော်တိုစာအုပ်ကလေး
များကိုင်ဝင်လာသည်ကိုတွေ့ရပါသည်။ တွေ့ဖူးသည်မှာမိန်းကလေးငယ်ငယ်လေးများသည် နံမည် ကြီး အဆိုတော်များ ရုပ်ရှင် ဇာတ်လိုက်များ ကိုသာ လူသိများပြီး အော်တိုအလုအယက်ရေးခိုင်းခြင်းဖြစ်ပြီး အဆိုတော်များ နံမည်ကြီးရေး ဇာတ်လမ်းကြီးတွင်နောက်မှပံ့ပိုး မီးမှောင်းထိုးပေးသော တီးဝိုင်းဆရာ ဂစ်တာသမား များကို လည်းယခုကဲ့သို့ နေရာပေးတစ်လေးတစ်စား အော်တိုလာရေးခိုင်းသည့်ချာတိတ်မလေးများကိုလည်း လေးစားစိတ်ဖြစ်မိပါသည်။ ကိုချစ်စမ်းမောင်မှ ဘေ့စ် စစ်သူကြီး ကိုခင်မောင်သန့််  တို့ကိုခရမ်းတို့ နှင့်အတူ အိမ်ပြန်ခါနီး မညဉ်းမညူ လက်မှတ်တွေထိုးပေးနေသည်ကိုတွေ့ရပါသည်။ ကိုယ်သိချင်တာလေး နည်းနည်းလေး မေးချိန်ရလိုက်ပါသည်။
တစ်နေ့ဂစ်တာဘယ်နှစ်နာရီ ကျင့်လဲမေးတော့ အနည်းဆုံး ၃နာရီဖြစ်အောင်ကျင့်ပါသည်ဟုပြောပါသည်။
ကိုအဇူးရီထင်သလို ကိုချစ်စမ်းမောင်သည် လက်ကိုဆန်အိုးထဲတော့ထည့်မကျင့်ပါ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဂစ်တာ ဆိုလိုတွေဘယ်ဟာကိုပိုဖီလင်လာသလဲ မေးမိရာ ကိုယ်ပိုင်သံစဉ် ဂစ်တာဆိုလိုတွေက ကိုယ့်စိတ်ကြိုက် ကိုယ်ထွင်ရင်ထွင်သလို ချယ်မှုန်း ဖန်တီး၍ရသဖြင့်ပိုဖီလင်လာသည်ဟုပြောပါသည်။
နောက်တော့၊ စီးရီးတိုင်းကို အားထည့်ပြီးတော့ တီးပါသည် ဆိုသော်လည်း စတူဒီယိုဂျုတီချိန်များစွာယူပြီးအသေအချာဖန်တီးပေးလိုက်သော အခွေများကမပေါက်ဘဲ
တစ်ခါတစ်ရံ အချိန်မရသဖြင့် တက်သုတ်ရိုက်ဖန်တီးပေးလိုက်သော ဗဒင်၏ နေရာ လိုအခွေမျိုးကတအားပေါက်သွားတဲ့အဖြစ်မျိုးလည်းကြုံဖူးကြောင်းပြောပါသည်။ သို့ သော် ဗဒင်အခွေထဲမှ သိပ်ချစ်တာပဲ သီချင်း၏ Country Guitar Solo တွေ ကတော့ အတော်ပြောင်မြောက်ပါကြောင်းချီးမွမ်းခဲ့ပါသည်။ နောက်စတူဒီယို ရက်ကောဒင်း ရက်ရှိလျှင် ဂစ်တာတီးတာလာကြည့်နိုင်ပါတယ်လို့ ဖိတ်ကြားသွားပြီး၊ ပြုံးပြုံးပြုံးပြုံးနှင့် ဂစ်တာသူရဲကောင်းကြီး ပြန်သွားပါသည်။

ကိုချစ်စမ်းမောင်ကိုခဏတာလေးသာစကားဆိုမိသော်လည်း မြန်မာပြည်၏နံမည်ကြီး ထိပ်တန်း Guitarist တစ် ယောက်အနေဖြင့်၊ အခြားသော ဆင်တွေဖမ်းသည်။ကျားတွေဖမ်းပါသည်ဆိုသည့် တစိတ်ကိုတအိတ်လုပ်ကြ သည့် So-called Guitarist ကြီးများကဲ့သို့မဟုတ်ဘဲ။
မာန်မာန ထောင်လွှားနေသည့်ပုံစံမျိုးမရှိကြောင်း၊သူ့ဆရာ ဦးဘွဲ့ကြီးလို ချစ်စရာကောင်းပြီး
ရိုးသားကြောင်း အကဲခတ်မိပါသည်။ အထူးအားဖြင့် ဂစ်တာသေနာပတိကြီး ဦးဘွဲ့ ပဲ့ ကိုင်နေသည့် သူတို့ IC အဖွဲ့ ကိုအထူးလေးစားရခြင်းမှာ Player တွေအားလုံးမူးယစ်ဆေးဝါးသုံးစွဲမှုမရှိခြင်းပင်ဖြစ်ပါသည်။ (ဦးဘွဲ့ကြီး ငယ်စဉ်က ဆေးတွေ ကစ် တာတွေ မပြောတော့ဘူးပေါ့နော်) နောက်စည်းလုံးညီညွတ်မှု ရှိခြင်းဖြစ်ပါသည်။
တစ်ဦးကိုတစ်ဦးချစ်ခင်ကြခြင်း၊ရိုင်းပင်းကူညီိကြခြင်းဖြစ်ပါသည်။ လင်း စတူဒီယိုတွင်သူတို့ တီးဝိုင်းမှလူများကို
တွေ့ရသည်မှာလွန်စွာစိတ်ချမ်းသာဖို့ ကောင်းပါသည်။ ထိုအချိန်က IC ၏ ပင်တိုင် Vocalist ကိုထွန်းထွန်းလည်းအမေရိကသို့  မထွက်ခွာသေးပါ၊ ကိုကောင်းဆက်ကအခွေသွင်းနေပါသည်။ ကိုထွန်းထွန်းတို့ ကိုကောင်းဆက်တို့  ကိုလေးဖြူကြီးတို့ သည်လင်းစတူဒီယိုထဲတွင် IC အဖွဲ့ နှင့် တရုံးရုံးနောက်လိုက်ပြောင်လိုက်နှင့်လုပ်နေကြသည်မှာ ပျော်ရွှင်စရာပင်၊
သူငယ်ချင်း သင်းဘောသီး ငစိုး အခွေ ၂ ခွေလုပ်တော့ IC မဟုတ်သည့် နံမည်ကြီးတီးဝိုင်း တစ်ခုနှင့် အလတ်စား တီးဝိုင်းတစ်ခု တို့နှင့်အတူ မေစတူဒီယိုထဲတွင် တစ်လခန့် ငစိုးနဲ့  ဒီလင့်ခ်တို့ ညအိပ်ညနေပင် နေပြီိး ရက်ကောဒင်း တွေလုပ်ခဲ့ဖူးပါသည်။ ( အတင်း ပြောမှာ ဖြစ်လို့  ထို တီးဝိုင်းများ နံမည်မတပ်တော့ပါ။ )
အချင်းချင်းစည်းလုံးမှုမရှိဘဲတစ်ယောက်လစ်ရင်တစ်ယောက်အတင်းချပါသည်။ Arranger ကို ကီးဘုတ်သမား က သီချင်းနတ်အတွက်ဘားတွေခွဲ တာ သူ့ အတွက်နည်းနည်းလေးပေးတာ၊အဲဒါသူ့ ကိုချိုးတာသတ်တာဆိုပြီး
မကျေမနပ်အတင်းချပါသည်။ နောက်တော့လည်းခွာတွေပြဲကုန်ပါသည်။ မည်သည့်အလုပ်လုပ်စည်းလုံးမှုမရှိလျှင်အဆုံးမှာပျက်သုန်းရသည်မှာဓမ္မတာပင်။ကိုချစ်စမ်းမောင်တို့ IC Band မြန်မာ့ဂီတလောကတွင်တာဝေးပြေးနေသည်မှာ ၊အောင်မြင်နေသည်မှာ စည်းလုံးညီညွတ်မှု၊ချစ်ခင်မှုကြောင့်ပင်ဖြစ်ပါသည်၊
ကိုချစ်အကြောင်းဆွေးနွေးရင်တော့ပစ်ချော်သွားသဖြင့် ပြန်တည့်လိုက်ပါရစေဦး၊
ကိုချစ်စမ်းမောင်သည်မာန်မာနမရှိသလို၊ရိုးသားကြိုးစားသူ၊ကူညီတတ်သူ၊ သူ ကိုင်ထားသောဂစ်တာကိုသစ္စာရှိသူ Guitarist တစ်ယောက်ဖြစ်ပါသည်။ တူတော်မောင်ဂစ်တာရူး သည်၊ ကိုချစ်စမ်းမောင်ပိုင်သော PTL စတူဒီယိုတွင် သူတီးချင်သောဂစ်တာများကိုအလွတ်သဘော၊အပျော်သဘော သွားသွင်းတော့ကိုချစ်စမ်းမောင်သည် ဂစ်တာ ကဝေ တစ်ယောက် ဖြစ်သော်လည်း တူတော်မောင်တီးသော ဂစ်တာသံများကိုကောင်း၏ဆိုး၏မည်သို့ မျှဝေဖန်ထောက်ပြခြင်းမရှိဘဲ ကျကျနနစိတ်ဝင်တစားဖြင့် တူတော်မောင်တီးချင်ရာတီးသောဂစ်တာဆိုလိုများကို Tracking တွေ လိုက်ချိန် ကာရက်ကောဒင်း လုပ်ပေးကြောင်း အင်မတန်ကူညီပြီး စိတ်စေတနာကောင်းကြောင်း ပြောပါသည်။

သူသည် မြန်မာမိုနိုလိုင်း ဆရာကြီးများဖြစ်သော ကိုမင်းအောင်တို့ ၊ ကိုထွန်းရင်တို့ ထွက်ရှိသော မြစ်ဝကျွန်းပေါ်မှ ဟင်္သာတနယ် သားလေးဖြစ်ပါသည်။တိတိပပဆိုရလျှင် ဟင်္သာတ မြို့ နယ်အပိုင် ဒန္ဘီအမည်ရှိ ရွာလေးတစ်ရွာတွင်မွေးဖွားခဲ့သူတစ်ဦးဖြစ်ပါသည်။ ဂစ်တာ ကို အသက် ၄နှစ်အရွယ်တွင်စတီးနေပြီဆိုလျှင်လူ
တွေအံ့သြကုန်ကြမည်ဖြစ်ပါသည်။ဟုတ်ပါသည်။ ၄နှစ်သားကျောင်းစနေစဉ်အချိန်တွင်ကျောင်းကပွဲ၌ စင်ပေါ် တက်တီးခဲ့ခြင်းဖြစ်ပါသည်။ အကိုတွေအားလုံးခရစ်ယာန်တွေဖြစ်တော့ ဂစ်တာတီးကြသည်၊ဒီတော့မွေးကတည်းက သွေးထဲမှာ ဂစ်တာတွေစီးဆင်းနေသော ကိုချစ်စမ်း
မောင်လေးကို ကလေးဘ၀ထဲကပင် ဂစ်တာသင်ပေးခဲ့ကြသည်ပေါ့။ အထုံပါရမီရှိသူသည် သင်လွယ်တတ်လွယ် ပါသည်။ အတော်အတန်အသက်ရလာသောချာတိတ်ဘ၀တွင် ရွာတွင်အလှူ၊မင်္ဂလာဆောင် ဧည့်ခံပွဲများတွင် သူ့ နယ်ကတီးဝိုင်း ဆရာ နှင့် အတူ ဂစ်တာလိုက်တီးလျှင်တစ်ရက် ကို ၂၅ ကျပ်ရရှိသည်ဟုသိရပါသည်။
ထိုစဉ်က ရွာတွင်နေထိုင်စဉ် ကိုချစ်စမ်းမောင်တီးခဲ့သောဂစ်တာမှာ ခေတ်ကာလအခေါ်တွင် Resonator Guitar ခေါ် ဂစ်တာကို ပက်လက်လန်ပြီး၊ ဘယ်လက်မှ ဘားတန်းသစ်သားတုံးဖြင့်လိုက်ဖိတီးရသော ၊ မြန်မာဂီတာ မျိုး
ဖြစ်နိုင်သည်ဟုမှန်းဆမိပါသည်။ (မြန်မာ့ရုပ်မြင်သံကြားတွင် မြန်မာမိုနိုသီချင်းများကို ယင်းဂစ်တာဖြင့်တီးသည်ကို ကြည့်ဖူးခဲ့ပါသည်။ ) သို့ ဖြစ်ရာ၊ တစ်ချိန်တွင် ပြည်တွင်းပြည်ပစင်မြင့်ပေါ်၌ မှာ ဂစ်တာကိုပက်လက်လန်ကာ တီးပြသော ကိုချစ်စမ်းမောင်၏ Guitar Skill သည် ရွာမှာသူတီးခဲ့ရသော ဗမာ ဂီတာ ကို မြစ်ဖျားခံခဲ့သည်ဟုလည်း တွက်ဆမိပါသည်။

ရွာမှာနေထိုင်စဉ် တောက်မဲ့မီးခဲတစ်ရဲရဲဖြစ်သော မြန်မာပြည်၏ဂစ်တာသူရဲကောင်းအလျောင်းအလျာသည် လူပျိုပေါက်လေးဖြစ်လာသည့်အခါ ဂစ်တာ ကို စနစ်တကျ ရေဆုံးရေဖျား လိုက်စားချင်လာသလိုရန်ကုန်မြို့ ကြီး ၌လည်း ကျောင်းနေချင်ပါသည်။ဘ၀၏တိုးတက်ရာတိုးတက်ကြောင်းများကိုရှာချင်သည်။
ဒီတော့ရန်ကုန်မြို့ မှာ သူနာပြုဆရာမ လုပ်နေသော အမဖြစ်သူထံ စာရေးပြီး၊ အမနဲ့ အတူရန်ကုန်မှာကျောင်းလာနေရင်း သူချစ်သော ဂစ်တာ မှကြိုး ၆ချောင်း၏ နက်ရှိုင်းမှု ၊ပဟေဠိဆန်မှု တွေကို ရှာဖွေ စူးစမ်းဖော်ထုတ် ချင်ကြောင်းပူဆာသည် ။ အမ က မောင်ဖြစ်သူ၏ဆန္ဒကိုလိုက်လျောခဲ့ပါ၏
နောက်တော့အင်းစိန်က သူတို့ လိုကရင်လူမျိုး မြန်မာပြည်က ဂစ်တာ ဘုရားကြီး ဦးစောဘွဲ့ မှူးနဲ့ တွေ့ သည်။ ဦးဘွဲ့ ကြီး၏ ယုံကြည်စိတ်ချရသော ဂစ်တာ သာဝက တစ်ယောက်ဖြစ်ခဲ့ပေသည်။
ဦးဘွဲ့ ကြီးကို ကိုချစ်စမ်းမောင်စတွေ့ကာစက ဦးစောဘွဲ့ မှူးအစစ်ဟုမထင်မိခဲ့ကြောင်း စာစောင်တစ်ခုတွင်ဖတ်ခဲ့ဘူးပါသည်။ ဦးဘွဲ့ သည် ကိုချစ်စမ်းမောင်နှင့်စတွေ့ချိန်တွင် ဆေးဖြတ်ထားချိန် ဖြစ် လို့ ၊ လက်ကျနေချိန်ဖြစ်ပါသည်။ ထို့ ကြောင့် ကိုချစ်စမ်းမောင်မှ စောဘွဲ့  မှူး မှ ဟုတ်ပါ့မလားဟုထင်ခဲ့ခြင်းဟုသိခဲ့ရခြင်း ဖြစ်ပါသည်။ နောက်တော့ မှ ဦးဘွဲ့ ကြီးသည် တကယ့် ဂစ်တာ ဘုရားကြီးတစ်ဆူဖြစ်ကြောင်းသူယုံကြည် ခဲ့ခြင်း၊ ကိုးစားခဲ့ခြင်းဖြစ်ပါသည်။

ဦးဘွဲ့ ကြီးထံတွင် ဂစ်တာ ကိုစနစ်တကျ ဆည်းပူးလေ့ကျင့်သင်ယူခဲ့ယူမက လက်ထိပ်တွင်ဒုံးပျံတပ်ထားသည့်အလား Guitar Scacle တွေတအားပြေးနိုင် သော ၊ အထူးအားဖြင့် ဂစ်တာဆိုလိုများဖန်တီးရာတွင် Creative Thinker ဖြစ်သော ကိုချစ်စမ်းမောင် အား ဦးစောဘွဲ့ မှူး ဂစ်တာစာမေးပွဲအောင်လက်မှတ် ထုတ်ပေးလိုက်ချိန်တွင်၊ ဥက္ကံမြို့ စိုးသူစတိတ်ရှိုးတွင် သူ့  တပည့်ကို မြန်မာပြည်ရဲ့  အသက်အငယ်ဆုံး ဂစ်တာသူရဲကောင်းတစ်ယောက်အဖြစ်ကြေညာ ပွဲထုတ်ပေးပါသည်။
နောက်တော့ ဦးဘွဲ့ သည် Success တီးဝိုင်းမှ IC ( Iron Cross သူရဲ ကောင်းလေးများ )တီးဝိုင်းအဖြစ်ခွဲ ထွက်လိုက်ပြီး၊ မြန်မာပြည်အနှံ့အပြား ရှိုးပွဲတွေလိုက်တီးသလို၊ စီးရီးခွေပေါင်းများစွာကိုလည်းလက်ခံ
တီးခတ်ပေးပါသည်။ စင်မြင့်ရှိုးပွဲများတွင်ဦးဘွဲ့ ကြီးသည် 1st Lead မတီးဘဲ တပည့်ကျော် ကိုချစ်စမ်းမောင် ကို အထူးယုံကြည်စိတ်ချစွာ 1st Lead ရာထူးကြီးကို အပ်နှင်းထားပြီး၊၄င်းမှ 2nd Lead နှင့်ရမ်သမ်ကိုသာ တီးပါသည်။ စီးရီးခွေများသွင်းရာတွင်လည်းအလားတူပင် တစ်ချို့ သီချင်းများ ကို သူ ကိုယ်တိုင်တီးသော်လည်း အချို့ ဂစ်တာ ဆိုလိုများကို ကိုချစ်စမ်းမောင် ကို Guideline ပေးပြီး တီးခိုင်းပါသည်။ စိုးလွင်လွင်၏မာနမျက်နှာ စီးရီိးသည် ကိုချစ်စမ်းမောင် ၏ဂစ်တာ Skill များကို တိတ်သားပေါ်သို့ စတင်အသက်သွင်းခဲ့သော အခွေပင်ဖြစ်ပါသည်။
ယင်းအခွေမှ မာနမျက်နှာသီချင်း၏ ဂစ်တာ ဆိုလို ၁၆ ဘား လေးကို ကိုချစ်စမ်းမောင်သည်အချိန်ပေါင်းများစွာယူကာ အတော်ပင်ဦးဏှောက်စားခဲ့ရကြောင်းသိရှိရပါသည်။ ယင်းအခွေစသွင်းတော့ ကိုချစ်စမ်းမောင် က ၁၀ ကျောင်းသား တစ်ယောက်မျှသာရှိပါသေးသည်။ အတန်းထဲတွင်ကြွားကြွားဝါ၀ါ ထောင်ထောင်လွှားလွှားနေလေ့ မရှိဘဲ ရိုးရိုးကုပ်ကုပ်လေးသာ နေသူဖြစ်ရာ၊ သူ့  ကို Professional Guitarist တစ်ယောက်မှန်းမည်သူမျှမသိကြ၊
တညလုံး စတူဒီယိုထဲမှာ ရက်ကောဒင်း လုပ်ခဲ့ရတော့ နောက်နေ့ မနက်အတန်းထဲမှာကိုချစ်စမ်းမောင်တစ်
ယောက် အိပ်ငိုက်ငိုက်ပြီးစာရေးစားပွဲပေါ်ကို ခေါင်းငိုက်စိုက်ကျသည်။ သူ့ အိမ်မက်ထဲမှာတော့ ဂစ်တာတွေ..ဂစ်တာတွေ……….

ချစ်စမ်းမောင်(၀ါ)ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ-၂

နောက်တော့ ဦးဘွဲ့ ကြီးဦးဆောင်ပြီး ဒရမ်မာ-ကိုခရမ်း၊ ဘေ့စ်ဂစ်တာ-ကိုခင်မောင်သန့် ၊ ကီးဘုတ်-ကိုဗညားနိုင်
(ယခင် ကိုင်ဇာခွေတွေမှာဦးဘွဲ့ ကြီးနဲ့ တောက်လျှောက်လက်တွဲခဲ့တဲ့
ကီးဘုတ်ပလေယားပါ၊ ) တို့ နဲ့ သူရဲကောင်းလေးများ ( Iron Cross ) ဘန်းဒ် ကို
၁၉၈၉-၉၀ ပတ်ဝန်းကျင် လောက်မှာစဖွဲ့ ခဲ့ပြီးစီးရီးတွေတောက်လျှောက်တီးခဲ့ပါတယ်။
ဂျက်မြသောင်းအခွေကိုစတီးခဲ့တာထင်တယ်။ လိဒ်ဂစ်တာ ကို ဆရာ ဦးဘွဲ့ ကြီးနဲ့  ကိုချစ်စမ်းမောင်တို့  ၂ယောက်တီးပါတယ်။ ရက်ကောဒင်းတွေလုပ်ရင်ကိုဘဲ ဦးဘွဲ့ ကြီးဟာ သူ့ တပည့် ကိုချစ်စမ်းမောင်ကို Guideline တွေချပေးပြီးဆိုလိုတွေတီးစေပါတယ်။
တစ်ချို့ ဂစ်တာဆိုလိုတွေဆိုရင် ဦးဘွဲ့ ကြီး စတီးပြတာ အိုင်ဒီယာအယူအဆတွေသိပ်ကောင်းပါတယ်။
နောက်ပြီးတော့မှ ညီလေး-မင်း ငါတီးပြတာကို Flow ယူပြီး မင်းတီးကွာဆိုပြီးခိုင်းပါတယ်။
ကို ချစ်စမ်းမောင် ထပ်တီးပါတယ်။ ဦးဘွဲ့ တီးတဲ့ဆိုလိုဟာသိပ်ကောင်းသလို
ကိုချစ်စမ်းမောင်လိုက်တီးတာကလဲ ဂွဒ်ရှယ်ပါဘဲ။ ဥပမာပြရရင်- မန်းဒလေး ကိုနေ၀င်း ထုတ်လုပ်ခဲ့တဲ့
ကိုစိုးလွင်လွင်ရဲ့ မောင့်မျက်ရည်ဝိုင်းအခွေဖြစ်ပါတယ်။ အဲဒီ့အခွေမှာ ကိုချစ်စမ်းမောင်ရဲ့  ပြောင်မြောက်လှတဲ့
နောင်သမိုင်းဝင် လိဒ်ဂစ်တာ ဆိုလိုတွေကို ခန်းခန်းနားနားကြီးတွေ့ မြင်ခံစားကြရမှာပါ။

ဦးဘွဲ့ ကြီးကတော့ ဘယ်သွားသွား ရှိုးပွဲတွေလုပ်တိုင်း မြန်မာပြည်ရဲ့ အသက်အငယ်ဆုံးဂစ်တာသူရဲကောင်းချစ်စမ်းမောင် ဆိုပြီး အော်ပြီိးမိတ်ဆက်ပေးလိုက်တာနဲ့ တပြိုင်နက် ကိုချစ်စမ်းမောင်က လိဒ်ဂစ်တာမှာသူ့ သိပ်ခုံမင်တဲ့၊ပိုင်နိုင်တဲ့ Tapping တွေစပေါက်ပြီး သူ့ ဂစ်တာ Skill ကို အစွမ်းကုန်ပြသပါတော့တယ်။ ဂစ်တာကိုပြောင်းပြန်ရော၊ ပက်လက်လန်ရော၊ နောက်ပြန်တွေကောအကုန်တီးပြပါတော့တယ်။

ကိုချစ်စမ်းမောင်တို့ လိုက်ဖ်ရှိုးစတီးတဲ့ပွဲကတော့ ရန်ကုန်တိုင်း ဥကံ္ကမြို့ က ပွဲမှာပါ။ မင်းသားကိုစိုးသူ ကရာသက်ပန် အခွေ စထွက်ပြီးနံမည်ကြီးနေတဲ့အချိန်မှာပါ။
ကျွန်တော် ကိုချစ်စမ်းမောင် ဂစ်တာတီးထားတဲ့ အခွေတွေကို နံမည်ကြီးတွေရော၊နံမည်မကြီးတဲ့သူတွေရော ၀ယ်ပြီးနားထောင်လေ့လာကြည့်ပါတယ်။ အထူးအားဖြင့်မောင့်မျက်ရည်ဝိုင်းခွေက သူ့ ဂစ်တာဆိုလိုတွေကို
ကျွန်တော်သိပ်ခိုက်ခဲ့ပါတယ်။ သူ့ လိုက်ဖ်ရှိုးတီးတာကတော့မန်းဒလေးမှာလာတီးတော့မှသေချာကြည့်ခဲ့ဘူးတာပါ။

လိဒ်ဂစ်တာသရက်ဒ်မှာကျွန်တော် မဆွက ပြောခဲ့ဘူးသလို ပါဘဲ။ကျွန်တော် မောင်D-Link ဟာ ဂစ်တာဘာသာရပ်တွေအားလုံးထဲမှာ လိဒ် ဂစ်တာကိုအခိုက်ဆုံး၊တစ်ခါ-လိဒ်ဂစ်တာရဲ့  Technique တွေထဲမှာမှ
ဘာလို့ မှန်းမသိဘူး။ လက်ညှိုး၊လက်ခလယ်တွေနဲ့ ပေါက်ဆွဲပြီိးတီးတဲ့ Tapping Technique နဲ့ တွဲကြိုးတွေကို အခိုက်ဆုံးဆိုတာလေ။ နောက်ပြီးကျွန်တော် ကိုဒီလင့်ခ်ဟာဘာလို့ မှန်းတော့မသိဘူး။ ၊ဒုံးပျံ တပ်ထားသလို FingerBoard ပေါ်မှာ လက်ချောင်းလေးတွေ တအားပြေးနိုင်တာ ဂစ်တာ Scale တွေတအားမြန်အောင်
တီးနိုင်တာ ကို အရမ်းသဘောကျတယ်ဗျာ။ D-Link ချာတိတ်ဘ၀ က စင်ပေါ်မှာ
လိဒ်ဂစ်တာ တီးရင် သီချင်းနုတ်ထဲမှာမပါလဲ၊ Tapping တွေ၊ အလုံးမြန်မြန်ဖြီးလုံးတွေ လျှောက်ထည့်တီးတယ်။ အတူတီးနေတဲ့သူငယ်ချင်းတွေကတောင် ဟေ့ကောင် D-Link တစ်ချို့ ဂစ်တာဆိုလိုတွေက အဲလောက်ကြီးမလိုပါဘူးကွာ၊အလကားနေရင် Tapping တွေလျှောက်မထည့်နဲ့ ကွာဆိုပြီးဟန့််ဘူးပါတယ်။
ကိုချစ်စမ်းမောင်ကို ကျွန်တော်ချစ်တာ၊လေးစားတာအဲဒါပါပါတယ်။ သူ ဟာ အသက်ငယ်ငယ်စနံမည်ကြီးခါစမှာ Tapping Skill တွေအရမ်းပြပါတယ်။
သူ လဲ Tapping ကိုချစ်ပုံပါဘဲ။နောက်ပိုင်းသူ ရင့်ကျက်လာတော့ Tapping တွေသိပ်မတီးပြချင်တော့တာ
တွေ့ရပါတယ်။ နောက်ပြီး FingerBoard ပေါ်မှာသူ့လက်ချောင်းလေးတွေဟာဘယ်လောက်မြန်မြန်ပြေးနိုင်တဲ့ဆိုတဲ့ Speed ကိုသူအမြဲ ပြပါတယ်။

နောက်ပိုင်း မောင် D-Link ဟာ အိုင်စီစတိတ်ရှိုးတိုင်း တတ်နိုင်ရင် ရအောင်လိုက်ကြည့်ဖြစ်ပါတယ်။
ကိုချစ်စမ်းမောင်တို့ ဦးဘွဲ့ တို့ ရဲ့  ရဲရဲတောက်ဂစ်တာ သံတွေကို အာသာငမ်းငမ်းနဲ့ သောက်သုံးချင်လို့ ပါ။
နောက်ပိုင်း ဦးဘွဲ့ ကြီးဆုံးသွားတော့ ဦးဘွဲ့ ကြီးမပါတော့ဘဲ IC ဟာ ဖြစ်မှဖြစ်ပါ့မလား ဆိုပြီး
စိုးရိမ်မိခဲ့ပါသေးတယ်။ ဦးဘွဲ့ ကြီးမဆုံးခင်က IC မှာ ဦးဘွဲ့ ဟာ Arrangement ကို သူလုပ်ပါတယ်။ အင်ထရိုကိုဘယ်နှစ်ဘားဆွဲမယ်။ ကီးဘုတ်ကိုဘယ်နှစ်ဘား၊ဂစ်တာ ကိုဘယ်နစ်ဘားစသည်ဖြင့် Arranged လုပ်တာကိုပြောတာပါ။ဦးဘွဲ့ ကြီး၊ ( IC က လူတွေခေါ်တဲ့ ပါပါကြီး ) မရှိတဲ့နောက်ပိုင်းမှာ IC ဟာ အရှိန်မပျက်ပါဘဲ အောင်မြင်မှုသရဖူတွေအထပ်ထပ်ဆောင်းနိုင်ခဲ့ပါတယ်။ Creative Thinking ကောင်းတဲ့၊ကြိုးစားတဲ့၊ တော်တဲ့ ကိုချစ်စမ်းမောင် ဟာ ဦးဘွဲ့ ကြီးအားထားရတဲ့ တပည့် ဂစ်တာသူရဲကောင်းတစ်ဦးဆိုတော့ ဦးဘွဲ့ မရှိရင် IC ကို သူ ဘဲဦးဆောင်မလား၊ Arrange လုပ်မလားလို့ ဒွိဟပွားမိခဲ့ပါသေးတယ်။ သို့ သော် ဦးဘွဲ့ မရှိတော့ အတွေ့ အကြုံရင့်ပြီးအ၇ည်အချင်းရှိတဲ့ IC ရဲ့  ဘေ့စ်စစ်သူကြီး ကိုခင်မောင်သန့် ကဘဲ ဦးဘွဲ့ ကိုယ်စား Arrangement လုပ်တဲ့တာဝန်ကိုယူပါတော့တယ်။ IC ရဲ့  မန်နေဂျာကတော့ ဆရာဝန် ဦးကိုကိုလွင်ပါ။ သူ ဟာလဲလူတော်တစ်ယောက်ပါ။ နောက်ပိုင်းလူငယ် တွေသိပ်မသိနိုင်သေးတဲ့အချက်က
IC Manager ဦးကိုကိုလွင်ဟာ လည်း လိဒ်ဂစ်တာသိပ်ကောင်းတဲ့  ဂစ်တာသမားတစ်ဦးဆိုတာပါဘဲ။
သူ IC ကို ပဲ့ကိုင်နေတဲ့အချိန်မှာဂစ်တာကိုင်တာကိုလုံးဝမတွေ့ရတော့ပေမဲ့။ ဟိုးအရင် မြန်မာရုပ်မြင်သံကြားမှာ
စနေနေ့ စတီရီယိုသီချင်းကဏ္ဍလာလို့ ရှိရင် လိဒ်ဂစ်တာ ကို ကျွမ်းကျွမ်းကျင်ကျင်တီးနေတဲ့ ကိုကိုလွင်ကို မကြာခဏ သတိထားတွေ့ခဲ့ဘူးပါတယ်။ အထူးအားဖြင့် ကိုကိုလွင်ဟာ စည်သူလွင်ရဲ့ ငြိမ်းသတ်လို က်သီချင်း ဂစ်တာဆိုလို မှာ လိဒ်ဂစ်တာ Tapping တွေကို ကျွမ်းကျင်စွာ ပေါက်ဆွဲ တီးပြနေတာ ကို လား မသိဘူး MRTV မှာ ကြည့်ဖူးတာ သတိယမိနေပါသေးတယ်။ နှစ်တွေကဆယ်စုနှစ်တော့ကြာခဲ့ပါပြီ။

ကိုချစ်စမ်းမောင်အကြောင်းတင်ပြနေရင်းကနေ IC Band နဲ့ မန်နေဂျာ ဦးကိုကိုလွင်အကြောင်း
ရောက်ကုန်ပြီး တော့ပစ် ချော်သွားလို့ ၊ ကဲ-ဆရာချစ်အကြောင်းပြန်ဆက်ပါဦးမယ်။

IC ရဲ့  ဖန်ဆင်း ရှင် ဂစ်တာဘုရား ကြီး ဦးဘွဲ့ မပါတော့တဲ့ IC ရဲ့ ပထမဆုံး LiveShow ကို မောင် D-Link အမျိုးသားဇာတ်၇ုံမှာဖြစ်အောင်သွားကြည့်ခဲ့ပါတယ်။ အမျိုးသားဇာတ်ရုံမှာ IC ရဲ့  LiveShow ပေါင်းများစွာကို
မောင် D-Link သွားကြည့်ခဲ့ဘူးပါတယ်။ ကိုလေးဖြူရဲ့ ကန္တာရပင်လယ်လမင်းအော်သံ လိုက်ဖ်ရှိုးအပါအ၀င် ပါ။ ဦးဘွဲ့ ကြီးမဆုံးခင်က အမျိုးသားဇာတ်ရုံမှာ IC တီးရင် ဦးဘွဲ့ က သူတပည့် ကိုချစ်စမ်းမောင်ကိုအမြဲနေရာပေးပွဲထုတ်ပြီး
1st Lead တီးခိုင်းပါတယ်။သူကတော့ 2nd Lead နဲ့ ကိုချစ်စမ်းမောင် လိဒ်ဂစ်တာဆိုလိုတွေချယ်မှုန်းနေချိန်မှာ နောက်ခံ ဂစ်တာ Vamping တွေ ကို Overdrive အရောင်ဖျော့ဖျော့လေးနဲ့  လိုက်ဖြည့်ပေးပါတယ်။ အဲ-ဦးဘွဲ့ က သူ တပည့်ကိုနေရာတော့ပေးပါတယ်။သို့ သော် သူဟာ ဆရာပါဆိုတာကို သိရအောင်တော့ တစ်ကွက်တစ်လေ၀င်ပြတယ်ဗျ။ ဖန်ဆီးဒိုင်းသီချင်း ကိုဦးဘွဲ့ ကိုယ်တိုင်ဆိုပြီး လိဒ်ဂစ်တာ ဆိုလိုတွေကို
ပါးစပ်နဲ့ ကိုက် တီးပြတာတို့ ၊ တယောထိုးတဲ့  ဘိုးတံကြီးနဲ့ တီးပြတာတို့ ပါ။
Tapping တွေကို ဦးဘွဲ့ က ကိုချစ်စမ်းမောင်ကို စသင်ပေးခဲ့တယ်လို့ ကြားဖူးပေမဲ့၊
ဦးဘွဲ့ ရဲ့  Tapping တွေဟာ ကိုချစ်စမ်းမောင်ရဲ့ Tapping တွေထက် နဲနဲလေး ပျော့သလိုလေး
ခံစားမိပါတယ်။ ( D-Link ရဲ့  ပုဂ္ဂိလကခံစားမှုပါ )

ဆိုခဲ့သလို ဦးဘွဲ့ မရှိတော့တဲ့ IC ရဲ့  ပထမဆုံးည၊ အမျိုးသားဇာတ်ရုံလိုက်ကာကြီးဟာ ကိုဗညားနိုင်ရဲ့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ Suspense ဆိုင်သဇင်ဇာ သံကြီးနောက်ခံထားပြီး မှုတ်ထုတ်လိုက်တဲ့ မီခိုးလုံးအတုတွေကြားမှာ တဖြည်းဖြည်း မတက်လာရာမှာ Ibanez ဂစ်တာကိုကိုင်ပြီး။ စူးရှ ပြင်းထန်တဲ့ ရဲရဲတောက် လိဒ်ဂစ်တာသံတွေနဲ့ 
အတူ အပြေးလေး ထွက်လာတဲ့ မြန်မာပြည်ရဲ့  ဂစ်တာသူရဲ ကောင်း ကတော့ ကျွန်တော် တို့ ရဲ့ ကိုချစ်စမ်းမောင်ပါဘဲ။

ချစ်စမ်းမောင် (၀ါ) ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ


မြန်မာပြည်တွင် ကျွန်တော် ပုဂိုလ်ရေးအရ လွန်စွာ လေးစားသော Guitarist ပေါင်း များစွာရှိပါသည်။ယင်းတို့ အနက်မှအလေးစားဆုံး Guitarist ၃ ဦး ရှိပါသည်။၎င်းတို့ မှာ
(၁)ဇော်မျိုးထွဋ် {မဇ္ဈိမလှိုင်း} (၂) ဦးစောဘွဲ့ မှူး { Icron Cross } (၃) ကိုချစ်စမ်းမောင် { Icron Cross }တို့ ဖြစ်ပါသည်။ တစ်ဖန် ၄င်းတို့  သုံးဦး အနက်မှ ကျွန်တော်တတိယအလေးစားဆုံးသော ဂစ်တာသမား ကိုချစ်စမ်းမောင် နှင့်ပတ်သက်၍ ကျွန်တော်လေ့လာတွေ့ရှိခဲ့သလောက် ကျွန်တော်၏အမြင် ကိုတင်ပြချင်ပါသည်။ ကနဦးကျွန်တော်ဆိုခဲ့ဘူးသလို ဂစ်တာတစ်လက်အပေါ်တွင်ကျွန်တော်ရှုမြင်သော ကျွန်တော်၏ Personally-Feeling ဟုသာယူဆကြပါကုန်....။

ကျွန်တော်၏ ဂစ်တာသရက်ဒ်များအစတွင်နိဒါန်းပျိုးခဲ့သလိုကျွန်တော်သည် လိဒ်ဂစ်တာ ၀ါသနာအိုး တစ်ယောက်ဖြစ်ခဲ့ပါသည်။ပရိုအဆင့်အဖြစ်အသက်မမွေးခဲ့သည့်အတိုင်းသူငယ်ချင်းများနှင့်ဂစ်တာတွဲတီးလျှင်
အမြဲလိဒ်ဘဲတီးပါသည်။ မင်္ဂလာဆောင်ပွဲများ၊ ကောလိပ်၊တက္ကလိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲများ၊ အဆောင်ဒင်နာများတွင် အခကြေးငွေတပြားမှမရသည့်တိုင် ၀ါသနာဖြင့် လိဒ်ဂစ်တာ အတင်းလိုက်တီးပါသည်။ ဘေ့စ်ဂစ်တာလဲလူမရှိလို့ပါဆိုရင်တီးပါသည်။ဘ၀ပေးအခြေအနေအရဂစ်တာ တစ်လက်ဖြင့်လောကကြီးကို ရင်ဆိုင်နိုင်ခွင့်မရခဲ့သည်တိုင်အောင် ဂစ်တာသည် ကျွန်တော်ဘေးမှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိရပ်တည်ပေးခဲ့သော ကျွန်တော်၏ ရဲဖက် ကြီးဖြစ် ပါသည်။ ချစ်သူရည်းစားများစွာ တို့ သည်ကျွန်တော့်အား သစ္စာမဲ့ကြကုန်၏၊ထားသွားခဲ့ကြကုန်၏ သို့ သော် ကျွန်တော်သိပ်ချစ်သော ကျွန် တော့ကိုချစ်သော ဂစ်တာ ကကျွန်တော့ဘေးမှာ ထာဝရအမြဲ…….။

ကျွန်တော်၏ Live Concert များလက်မှတ်ဈေးကြီး ပေးဝယ်ကြည့်ရ သည့် ရည်ရွယ်ချက်မှာ Vocalist များကိုကြည့်ခြင်းထက် Lead ဂစ်တာသမား ကိုသွားကြည့်ခြင်းဖြစ်ပါသည်။ နယ်မြို့ များတွင် နေထိုင်စဉ် ကာလအတွင်း ညနေတိုင်း သူငယ်ချင်း ဂစ်တာသမားများနှင့်အတူ လက်ဖက်ရည် ဆိုင်ထိုင်ခြင်း၏ ရည်ရွယ်ချက်မှာလည်း၊ ကောင်တာအား အခွေပေါင်းစုံ ဖွင့်ခိုင်းပြီး သီချင်းများမှ ဂစ်တာဆိုလို များကို နားဆင်ပြီးသူငယ်ချင်းများ နှင့် Guitar-Talk ပြုလုပ်ကြခြင်းဖြစ်ပါသည်၊ လက်ဖက်ရည်သောက်ခြင်း ထက် ဂစ်တာ သောက်ခြင်းဆိုသည်က ပိုမှန်ပါလိမ့်မည်။

လက်ဖက်ရည်ဆိုင်တစ်နေ့ ၂ကြိမ်ခန့် ဝိုင်းထိုင်ကာအခွေပေါင်းစုံနေ့ တိုင်း နားထောင်ကာ ဂစ်တာဆိုလိုများ နားထောင်ခြင်း၏အကျိုးကျေးဇူးမှာ နှစ်ကာလကြာရှည်သော အခါ ဂစ်တာနုတ်သင်္ကေတများ ကို ဂစ်တာကိုင်စရာ
မလိုဘဲ တိုက်ရိုက်တန်း ရေးချနိုင်ခြင်း၊ ဂစ်တာသံများကိုနားထောင်ရင်း ၄င်းဂစ်တာဆိုလို ကို မည့်သည့်
Lead Guitarist က တီးသည်ဟု တန်းပြော နိုင်ခြင်း၊ မြန်မာပြည်ဂစ်တာသမားများ ၏ ဂစ်တာ ဆိုလိုများကို ဖန်တီးခြင်းအနုပညာ၊အယူအဆလေးများ ကိုယ်ပိုင်ဟန်လေးများ ကို မှန်းဆလာနိုင် ပါတော့သည်။

မြေလတ်မြို့ လေးတစ်မြို့ တွင်နေထိုင်စဉ်အတွင်း ညနေစောင်းတစ်ခုတွင် သူငယ်ချင်း များမှ ကျွန်တော့်အား စိုးလွင်လွင် မာနမျက်နှာအမည် ရှိ အခွေသစ်ထွက်ကြောင်း၊ လက်ဖက်ရည်ဆိုင်မှာဖွင့်နေပြီ၊ သွားနားထောင်ကြရအောင်ကွာဆိုပြီး စက်ဘီများဖြင့်လာခေါ်သဖြင့် ထုံးစံ အတိုင်း ဆုံစည်းရာ လက်ဘက်ရည်ဆိုင်သို့ချီတက်ခဲ့ ကြပါသည်။ လက်ဖက်ရည်ဆိုင်များ၏ ထုံးစံအတိုင်း နံမည်ကြီး
အဆိုတော် များ၏ အခွေထွက်လျှင်တစ်နေကုန် ဒါဘဲဖွင့်ပါ သည်။ ကျွန်တော် တို့ လက်ဖက်ရည်ဆိုင်သို့
ရောက်သောအခါ တိုက်တိုက်ဆိုင်ဆိုင်မာနမျက် နှာ သီချင်းပင်ဖွင့်နေလာနေ ပါသည်။ မာနမျက်နှာသီချင်းအား စိုးလွင်လွင်မှသီဆိုနေချိန်အတွင်း နောက်မှ Distortion Guitar Effect ဖြင့် Flat ဂစ်တာကော့ဒ်များကိုVamping
ရိုက် သော ဂစ်တာသံပြင်းပြင်းများ က ကျွန်တော်တို့ ၏ရင် ကိုခုံစေပါသည်။ ဂစ်တာသံ များကိုနားထောင်ရသည်မှာ သုံးထားသော ဂစ်တာ အက်ဖက်မှာ ထိုစဉ်က ကိုညီထွဋ်၏ Heavy Rock များကို ချယ် မှုန်းစဉ် သူ့ အကို ကိုဇော်မျိုးထွဋ် သုံးလေ့ရှိသော Metal Zone ကဲ့သို့ သော Boss Overdriven Guitar Effect သံမျိုးမဟုတ်ဘဲ။ DS-1 Distortion ဂစ်တာ အက်ဖက် ကို ဘဲ Expression Pedal ဖြင့် တွဲကစားနေသည့် ဂစ်တာသံမျိုးဟု ကောက်ချဆွဲမိပါသည်။ နောက်တစ်ခွေလုံးကိုဆက်နားထောင်ကြပါသည်။

မာနမျက်နှာ အခွေထွက်ချိန် တွင် ဦးစောဘွဲ့ မှူးသည် ၄င်း၏ Iron Cross (သူရဲကောင်းလေးများ) တီးဝိုင်းအဖြစ် ခွဲထွက် ၇ပ်တည်ခြင်း မရှိသေးဘဲ ယခင်ကကိုင်ဇာခွေများကို တီးခဲ့သော Success တီး ၀ိုင်းအမည်နဲ့ ဘဲဟု ထင်ပါသည်။ သူငယ် ချင်း များ က ထိုအချိန်က စိုးလွင်လွင်အခွေမှန်သမျှကို Success တီးဝိုင်းဖြင့် တီးသည်ဆိုတော့ ကိုင်ဇာအခွေများစွာ၏ ဂစ်တာ ဆိုလိုများ ကို ဦးဘွဲ့ နှင့်အတူ လက်တွဲကာ ချယ်မှုန်း ဖန်တီးခဲ့သည့် ကိုဗထူးချစ် မရှိတော့သည့်တိုင် လိဒ်ဂစ်တာသမားက ထုံးစံအတိုင်း ယခုစိုးလွင်လွင် အခွေ တွင် ဦးဘွဲ့ ကြီးဘဲဖြစ်မှာ ပါဟုထင်ထားခဲ့ကြပါသည်။

သို့ ရာတွင်ကျွန်တော်တို့ သူငယ်ချင်းတစ်စု မာနမျက်နှာ တစ်ခွေလုံး၏ဂစ်တာသံများ ကို သောက်သုံးပြီးသည့် အခါ အချို့  ဂစ်တာ ဆိုလိုများမှာ ဦးဘွဲ့  ကြီး၏ ဟန်များ ကို ခံစားမိသော်လည်း ပြောင်မြောက် သော ဂစ်တာသံ အချို့ မှာ ဦးဘွဲ့ ကြီးမဟုတ်နိုင်တော့ဘူးလို့ ဂစ်တာသံများကို နှစ်ရှည်လများသောက်သုံးခဲ့သော ကျွန်တော်တို့ ၏ နှလုံးသားများမှ အလိုလိုသိရှိ ခံစားမိလာပါသည်။ ဦးဘွဲ့ ကြီး သည် ဂစ်တာဘုရားကြီးတစ်ဆူဖြစ်သော်လည်း သူ၏ဂစ်တာ ဆိုလိုများတွင် Flat သံ၊ Sharp သံတွေ ကို ဂစ်တာဆိုလို ၏ အစပိုင်း Bar တွင် ခေါ်လုံးအဖြစ် တီးသည်မှလွဲ၍ Guitar Scale အစိတ်များတွင် ပြွတ်သိပ်ပြီး တီးခဲလှသည်ဟုထင်မြင်မိပါသည်။

ယခု မူ ဂစ်တာဆိုလိုများက သိပ်ကိုပြောင်မြောက်လွန်းနေ သည်။ Timing မြန်သော ရော့ခ်စတိုင်များသာမက တိုင်မင်အနှေး သီချင်း များ၏ဆိုလိုများကိုလည်း Guitar Effect များ၏ Power ကို အပြည့်အ၀အသုံးချကာ လှလှ ပပလေး ကစားသွားတာ တွေ့ရပါသည်။ သို့ ဖြစ်ရာ ဦးဘွဲ့ ကြီး၏ ဂစ်တာ သံ၊ဂစ်တာဟန်များကို အခြေခံကာ လမ်းကြောင်းအသစ်ပေါ် တက်လှမ်းလာသော လူငယ်ဂစ်တာ သမားအသစ် တစ်ယောက်ဖြစ်ရမည်ဟု ကောက်ချက်ချမိကြပြီး၊ အမှတ်မထင် စိုးလွင်လွင်အခွေကာဗာ ကို ကောင်တာမှသွားရောက်တောင်းယူကာ ဂစ်တာသမား၏နံမည် ကို ဖတ်ကြည့် မိလိုက်ရာ ၊ Guitars : စောဘွဲ့  မှူး၊ ချစ်စမ်းမောင် ဟု ရေးထားသည်ဟုတွေ့ ရှိရပါသည်။ ဟာ-ချစ်စမ်းမောင်တဲ့။ ဂစ်တာသမားအသစ်ကွဟု သူငယ်ချင်းများ ပြိုင်တူ မြည်တမ်းမိလိုက်ကြပေသည်။

Monday, October 13, 2008

Metal Band ကြော်ငြာ ပေါ့ဗျာ



ဒါ ကတော့ကျွန်တော်ညီမလေး ပါဗျာ သူတို့ band လေးနဲ့ လုပ်ထားကြ တာပါ။နားထောင်ချင်ရင်တော့အောက်ကlink မှာdownload လုပ်လိုက်ကြပါနော်။ band name ကတော့ Buffalo လိုခေါ်ပါတယ် ဗျာ။


www.2shared.com/file/4087367/b878e430/01_Track_01.html
www.2shared.com/file/4087367/b878e430/01_Track_01.html
www.2shared.com/file/4087367/b878e430/01_Track_01.html