Tuesday, October 14, 2008

ကိုဒီလင့်ခ်သို့တောင်းပန်လွှာ

ကိုဒီလင့်ခ် ခင်ဗျား … ကျနော်က အိုင်စီပရိသတ်၊ ဂစ်တာရူးသွပ်သူတယောက်ပါ။ ကိုညီလေးရဲ့ ပရိသတ် တယောက် ဆိုရင်လည်း မမှားပါဘူး။ ဖိုရမ်တွေထဲ ဝင်မွှေရင်း ကိုဒီလင့်ခ်ရေးထားတဲ့ ကိုညီလေးအကြောင်းတွေ ဖတ်ရတော့ ဒီပို့စ် လေးတွေကို ကျနော့်လိုပဲ ရော့ခ် ဂီတ ရူးသွပ်တဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေကို ပြချင်စိတ်ဖြစ်မိပါတယ်။ ကိုဒီလင့်ခ်အနေနဲ့ ကိုယ်ပိုင်ဘလော့လေး လုပ်သင့်တယ်လို့လည်း ထင်ပါတယ်။ မလုပ်နိုင်သေးခင်စပ်ကြားမှာ (လုပ်ပြီးသားဆိုရင်တော့ ဆောရီးပါနော်) ကျနော့် ဘလော့လေးမှာ တင်ထားချင်စိတ်ဖြစ်မိပါတယ် (တချို့က ဖိုရမ်တွေမှ ဝင်မဖတ်ပဲကိုးဗျာ) ကိုညီလေးကို ချစ်ခင် လေးစား သူတွေ အနေနဲ့ ကိုဒီလင့်ရဲ့ အတွေ့အကြုံနဲ့ ရှာဖွေဖော်ထုတ် တင်ဆက်မှုလေးတွေကို ဖတ်ရရင် ပျော်ရွှင် ကျေနပ်ကြ လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်ဗျာ။ ကိုဒီလင့်ခ်ရဲ့ စာတွေကို ကူးယူဖော်ပြလိုက်တဲ့အတွက် ကျနော် ဒီနေရာကနေ တောင်းပန်ပါတယ်။ ပျံ့နှံ့စေချင်တဲ့ စေတနာ သက်သက်နဲ့ ဒီလိုလုပ်လိုက်ရတယ် ဆိုတာ ကိုဒီလင့်ခ် နားလည်ပေးပါ ခင်ဗျာ။

ကျေးဇူးတင်စွာဖြင့်။
ဖြိုး

No comments: