Wednesday, November 12, 2008

ရင်စည်းမခြား ...


ရင်ထဲမှာနာတယ်
သူလည်း တို့လို လူငယ်ပါပဲ
ပျော်စရာတွေ့ရင်ပျော်ပြီး ငိုစရာတွေ့ရင်ငိုမယ်
သဘာဝကိုမြတ်နိုးလို့
နှလုံးသား လတ်လတ်ဆတ်ဆတ်နဲ့ ချစ်တတ်မယ်။

ရင်ထဲမှာနာတယ်
သူလည်းတို့လို လူငယ်ပါပဲ
လွတ်လပ်ခြင်းကို မြတ်နိုးလို့
အတွေးသစ်တွေ နိုးကြားနိုင်သလောက် နိုးကြားပြီး
တိုင်းပြည်ကို ချစ်တဲ့စိတ်ရှိတယ်။

ရင်ထဲမှာနာတယ်
သူလည်း တို့လိုလူငယ်ပါပဲ
မဟုတ်ရင်မခံချင်
အမှားတွေ့ရင်အမှန်ပြင်ချင်မယ်
လူတွေကို အသစ် အသစ်တွေ ပေးချင်တယ်။

ရင်ထဲမှာနာတယ်
သတ္တဝါနဲ့လက်နက်က မမျှတ
သူ့ရဲ့လူငယ်ဘဝတွေ လေထဲမှာလွင့်ပျံ့ကြဲ
တစစီ ... ကွဲကြေ
အနှစ် ၂၀ တဲ့
အဲဒါ လူငယ်တယောက်ရဲ့ တက်နေတဲ့ အညွန့်ကိုချိုးဖဲ့
လုံလောက်သတဲ့လား

ရင်ထဲမှာနာတယ် ..... ။ ။

1 comment:

pandora said...

ဲဖြိုးရေ အတူတူခံစားသွားပါတယ်။
ရင်ထဲမှာ အားလုံးနာနေကြပါတယ်။