Wednesday, November 26, 2008

Tag One Hate Myself

ကျွန်တော့အမတူးတူးသာ တဂ် ထားလို့သွားကြည့်ပီးရေးရဦးမယ်။အကြောင်းအရာကတော့သိပ်မပြောချင်တဲ့ကိုကိုယ်ကိုမုန်းတဲ့အကြောင်း၁၀ချက်တဲ့ ကဲလာပြီဗျာ
၁-လက်ရှိအနေအထားကိုသိပ်ကျေနပ်လွန်းနေခြင်း
ပျင်းတာလဲပါတယ် တခါတလေလုပ်ချင်တာများပီးမလုပ်ဖြစ် မလုပ်နိုင်တဲ့အခါလဲကျေနပ်လိုက်ရလို့ပါ
၂-ချစ်သူအနားမှာမနေပေးနိုင်ခြင်း
တခါတလေကိုယ့်ဆုံးဖြတ်ချက်တွေကိုမုန်းလိုက်တာဗျာ
၃-ဂစ်တာကိုမတောက်တခေါက် မဖြစ်ညစ်ကျယ်လောက်သာ တီးတတ်ခြင်း
၎-အပေါင်းအသင်းတွေကိုအရမ်းအားနာတတ်ခြင်း
ခြွင်းချက် ကတော့အရမ်းခင်တဲ့သူဆိုအားမနာပါကြုံရင်ဒုတ်ခပါပေးတတ်ပါသည်။သတိထားကြပါ။ ဟဲဟဲ
၅-ညဘက် စောစောမအိပ်တတ်ခြင်း(မနက်ဆိုမနိုးတော့ဘူး)
ဒါပေမဲ့ လက်ရှိအလုပ်နဲ့ကအဆင်ပြေနေတာပဲဗျ ၁၁း၃၀ မှအလုပ်ဝင်ရတာဆိုတော့ ၁၁နာရီမှကမန်းကတန်းထပါတယ်။
၆-လက်ထဲတွင်ပိုက်ဆံများများမရှိရင်မနေတတ်ခြင်း
တကယ်ဗျာ နေလို့ထိုင်လို့မကောင်းဘူးအဲဒီလိုအခြေအနေမျိုးတွေဆိုကိုယ့်စိတ်ကိုကအဲလိုဗျာ
၇-ဆေးလိပ် သောက်တတ်ခြင်း
ရန်ကုန်မှာမသိသာပေမဲ့ စင်ကာပူမှာ ၁ဗူး စလုံး၁၁ကျပ် လေငိုချင်တယ်
၈-ဘီယာလေး မဆိုစလောက် နှစ်ရက်လောက် သောက်တတ်ခြင်း
မိုးရွာတဲ့ရက် ရယ် မိုးမရွာတဲ့ရက် ရယ် တကယ်နှစ်ရက်ပဲသောက်တာ။ အဟတ်ဟတ်
၉-ဂစ်တာပဲရှိပြီး AMP ခုထက်ထိမဝယ်နိုင်သေးခြင်း
၁၀-ဗမာ လိုကောင်းကောင်းမရိုက်တတ်ခြင်း
စိတ်သွားတိုင်း လက်ကိုပြန်စောင့်နေရတာမုန်းစရာဗျာ

ကဲအမရေ ရေးလို့တော့ပြီးပြီ။ကျွန်တော်လဲ ရိုးရာမပျက် ပြန်တဂ် မယ် ၃ယောက် မဂျီးGreenGirl ။။ ကယ်ရီကေချာစွဲ တတ်တဲ့အကိုကြီး Htike22 ။ နောက် ကိုမင်္ဂလာ အားရင်ရေးပေးကျပါနော်...........

3 comments:

tututha said...

ရေးပေးတဲ့အတွက် ကျေးဇူးအရမ်း အရမ်းကို တင်တာပါပဲရှင် ... ပြန်လင့်ခ် ပေးခဲ့ပါတယ်။

GreenGirl said...

အဟဲ... ဒီမှာစတွေ့တာပဲ။ တက်ဆိုတော့လည်း တက်တာပေါ့နော်။
ကိုယ့်ကိုယ်ကိုမုန်းတာက ဒါလေးပဲလား။ အစ်မ GreenGirlကိုလည်း ဒွတ်ခပေးတ်ခြင်း
အဲ့ဒါလေးပါ မုန်းလိုက်ပါလား :P
စတာနော် စိတ်ဆိုးရ၀ူးတဲ့ :D

မင်္ဂလာပါ မေမေ နေကောင်းပါလားခင်ဗျာ said...

Mr.PHYO အားတဲ့ အချိန်လေးမျာ ဒီအမှတ်တရလေးဘဲ ရေးပို့ လိုက်ပါတယ်၊ ကိုရေးတာတော့ မဟုတ်ဘူး ကိုကျိုက်တဲ့ ကဗျာလေပါ။

ထူးခြားသေား ကဗျာလေး တစ်ပုပ်ပါ ၊ ကဗျာလေးနမ်မည်က -

“ အချစ် စာရင်း ”

အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲဒီလူ ငါ ချစ်တယ်။

ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးတံ ကိုက်လာသူ
အဲဒီလူ ငါ ချစ်တယ်။

ရေဒီယို ဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ ချစ်တယ်။

တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ ချစ်တယ်။

မျဉ်းကျားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့  အိမ်ကို ဖုန်းဆက်သူ
အဲဒီလူ ငါ ချစ်တယ်။

အိမ်သာထဲ ကွမ်းငုံ၊ ထောင့်စုံအောင် ကွမ်းသွေးထွေးသူ
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ ချစ်တယ်။

ဘတ်စ်ကားထဲ၊ ဘေးလူတွေ အားမနာဘဲ
ဆေပြင်းလိပ်ခဲသူ
အဲဒီလူ ငါ ချစ်တယ်။

ယောင်္ကျားတန်မဲ့၊ မှန်ကြိုက် စနိုးပွတ်
တိုဖတ်ရိုက်သူ
အဲဒီလူ ငါ ချစ်တယ်။

မိန်မတန်မဲ့၊ သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ ချစ်တယ်။

ထမင်းဝိုင်းဘေးနား၊ ခါးထောက်ရင်း နာဖာကလော်
ကလော်ရင်း သွားရည်ကျသူ
အဲဒီလူ ငါ ချစ်တယ်။

သူများအိမ် တက်နေ၊ နေတော့လဲ မဆင်း
ဆင်းတော့လဲ ငွေတောင်းသူ
အဲဒီလူ ငါ ချစ်တယ်။

ကတိလဲ မပေး၊ ပေးရင်လဲ မတည်သူ
အဲဒီလူ ငါ ချစ်တယ်။

အိမ်ရာဝင် အိမ်ရာထ
ဘုရား ၀တ်မချ၊ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ ချစ်တယ်။

အာဃာတထား၊ အမှန်းပွား
ဒေါသများသူ၊ မောဟထူ
အဲဒီလူ ငါ ချစ်တယ်။

အို.....ငါ့ကိုယ်ငါလဲ ငါ ချစ်တယ်။ ။

- ညီလေး ဖတ်ပြီးပြီလား ကိုယ်ကတော့ ကို့ ကိုယ်ကို မုန်းရလွန်းလို့  မေားပြီး မမုန်းနိင်တော့ဘူးကွာ ကိုယ် တင် မကဘူး အားလုံးကိုလည်း မမုန်း နိင်တော့ဘူးကွာ ဘာဖြစ်လို့ လည်းဆိုတော့ ဒို့  မြန်မာတွေ ဒီလောက် ရက်စက် ဒီလောက်အမုန်းတွေ များနေကြတာ မြန်မာ နိင်ငံနဲ မြန်မာလူမျိုး မျိုးတုန်းတဲ့ အထိ ဖြစ်နေကြအုံး မှာလား ဒီအတွက်ကြောင့် အမုန်းစာရင်း အစား အချစ် စာရင်လေး ရေးပေးလိုက်ပါတယ်။

- ညီလေးဖြိုး ရောက်ရာအရပ်မှာ စစ်မှန်တဲ့ မြန်မာ ပီသပါစေ လို့ ဆု့ တောင်းပေးလိုက်ပါတယ်။