Wednesday, December 17, 2008

အရင် အတိုင်းရန်ကုန်

ငါ့အခန်း လေးထဲမှာအလင်းတန်းများပျောက်ကွယ်
ကြာလာရင်အမှောင်နဲ့နေသားကျတော့မယ်
ငါ့အခန်းထဲကနေအပြင်ကို ထွက်
ရန်ကုန် မြို့ကြီးလဲ ငါ့အတိုင်းပဲ

ငါ့အတ္တကိုအိတ်နဲ့ထုပ် လိုက်တယ်
လူမမြင်အောင်ယူကာအမှိုက်ပုံးလေးထဲထည့်
ကွဲသွားတဲ့ ငါ့ရင်ခုံသံတွေပြန့်ကျဲ
ရန်ကုန်မြို့ကြီးလဲဒီ အတိုင်းပဲ

ငါအချိန်တွေဖြုန်းတီးပြစ်ခဲ့တယ်
တမင်တကာ ကာရံထားဒီတံတိုင်းများခြားရင်းနဲ့
ဘဝရဲ့ထွက်ပေါက်အဖြေမှန်ကိုရှာဆဲပဲ
ရန်ကုန်မြို့ကြီးရယ် နာဖျားဆဲ

ငါအချိန်တွေဖြုန်းတီးပြစ်ခဲ့တယ်
အိမ်အပြင်မှာ လုံခြုံ လဲအိမ်ထဲကနှင်းကျတယ်
ဘဝရဲ့ထွက်ပေါက်အဖြေမှန်ကိုရှာဆဲပဲ
ရန်ကုန်မြို့ကြီးရယ် အရင်အတိုင်းပဲ

လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်
ပြန်အစဉ်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်
မင်းအပြစ် မဟုတ်ခဲ့တာ ငါတို့ နားလည်
ရန်ကုန် မြို့ကြီးရယ် မငို လိုက်နဲ့ ။ ။


သေချာနားထောင်ရင်းနဲ့
တော်တော်ကြိုက်သွားတာဗျာ
ကျနော့ သူငယ်ချင်းတွေနားထောင်ရင်လဲကြိုက်မှာပါ
အားလုံးပျော်ရွှင်ကျပါစေဗျာ



No comments: