Sunday, December 28, 2008

ကျနော် နှင့် စိတ်ကူးယဉ်ခြင်း


Nga yin khwint ko - zaw win htut.mp3 -
ကျနော် ကို ကိုဂျယ် က တဂ်ထားတယ်ဗျ စိတ်ကူးယဉ်တဲ့အကြောင်းလေး စီဘောက် မှာလာအော်ထားလို့သွားဖတ်ရသေးတယ် ကိုဂျယ်ကစာရေးတော့တော်တော်ကောင်းတဲ့လူဗျ သူ့ကောင်မလေး နဲ့အကြောင်းကိုရေးထားတာ ကျနော်တောင်အဲလိုစိတ်ကူးလိုက်ယဉ် မိသေးတယ် အဟီး ။ကျနော်ရေးတတ်သ လောက်ရေးမယ်နော် ကိုဂျယ် ခင်ဗျား ကိုခင်လို့ ။
ကျနော် ကတော့စိတ်ကူးယဉ်တတ်တဲ့ကောင်ပဲဗျ ဘာလို့လဲဆို တော့ပိုက်ဆံမှမပေးရတာ ကိုဖြစ်ချင်သလို ပိုးဆိုးပက်စက်ဖြစ်လို့ရတယ်လေ အဓိက ဖြစ်ချင်တာနဲ့စိတ်ကူးယဉ်တာကတော့ သူငယ်ချင်းတွေနဲ့ တီးဝိုင်းတဝိုင်း လောက်ထောင်ပီး သီချင်းတွေဆိုချင်တယ် ။ အောင်မြင်ချင်တာ မဟုတ်ဘူးအပျော်တမ်း တီးဝိုင်းလေးပဲဖြစ်ဖြစ် စိတ်ကူး ယဉ်တာပေါ့ဗျာ ။ ဒါကဂစ်တာ နဲ့ပတ်သတ်လို့ စိတ်ကူးယဉ်တာ ။ နောက်တခုက ကျနော် ပြောရင် ဖတ်ရင်း မရီကျနဲ့နော်ဗျ Hacker တစ်ယောက်လည်းဖြစ်ချင်သေးတယ် ဒါကတော့ မဖြစ်နိုင်ပါဘူး စာအုပ်တွေဖတ်လိုက်လုပ် ကိုယ့် Laptop နဲ့Desktop သာ တလှည့် ဆီ ဖော်မက် ချလိုက်ရတယ် အခုတော့စိတ်ကူးတောင်သိပ် မယဉ်တော့ဘူးဒီအကြောင်းကို ဟီးဟီး ။ အခုအချိန် မှာ စိတ်ကူးယဉ်တာ က ချစ်သူလေးအကြောင်း တွေပဲဖြစ်နေတယ် အခွင့်ရှိသေးလို့ သူ့အနားမှာအရင်လို ပြန်နေရမယ် ဆိုရင်သူ မကြိုက်တာဘာမှမလုပ်ဘူး ကုန်ကုန် ပြောရင် သူ့မျက်နှာတောင် တချက်အညို မခံဘူးဗျာ နောက်တခုယဉ်တာက အရင်လို အလုပ်ဆင်းလို့အိမ်ပြန်ချိန် ဆို သူ့ပခုံး ကိုကျနော်ကဖက်ရင်ဖက် မဟုတ်ရင် သူကကျနော့ လက်မောင်းကိုတွဲလို့ အရင်လိုလမ်း လျှောက်ချင်သေးတယ်ဗျ နောက်တပါတ် တခါ လောက် ကန်တော်ကြီး ထဲ မှာလမ်းသွားလျှောက်မယ် လမ်းလျှောက်လို့ညောင်းလာရင် ဟော်လိုရှိုး လေးထိုင်နားထောင်မယ် သီချင်းလိုက်ဆိုမယ် ။ အရင်အ ချိန်တွေလိုပေါ့ ။
အခု စိတ်ကူး နေတာကတော့ ကျနော် ဧပရယ် မှာပြန်ဖို့ နဲ့ သူနဲ့လက်ထပ် ဖို့အတွက်ပဲ ။ မနေ့က ကျနော့ အခန်း ကတူတူနေတဲ့ ညီလိုအကိုလို ခင်တဲ့သူပါပဲ သူပြန်လာတယ် ။သူကမင်္ဂလာ ပြန်ဆောင်တာလေ ပြန်ရောက်ရောက် ခြင်းပဲဓာတ်ပုံတွေပြတယ် ပျော်စရာကောင်းတယ်ဗျာ ။ ပုံတွေကြည့်ပီး သူ့အပျော်တွေကျနော့ကို ကူးတယ်ဗျ ။ ဆိုင်မှာတော့ မဟုတ်ဘူး ကျနော်ညကစိတ်ကူးယဉ်မိတာနဲ့ ကိုဂျဲ တဂ်တာနဲ့တိုက်ဆိုင်လို့ထည့်ရေးလိုက်တာ ။ တခါတလေစိတ်ကူးယဉ်တာတွေ ကပျော်စရာတွေကြီးဖြစ်နိုင်သလို တခါတလေတော့လည်း စိတ်ညစ်စရာတွေပါတတ်တယ်ဗျ ။ တတ်နိုင်ရင် တော့ ကျနော့သူငယ်ချင်းတွေလည်း စိတ်ချမ်းသာစရာလေးတွေ တွေးပီးစိတ်ကူးယဉ်ကျ ပေါ့ဗျာ ။ အခုလက်ရှိ ကျနော် ကတော့ ဂစ်တာနဲ့ အမ်ပလီဖိုင်ယာ ဝယ်ပီး ပီ ။ ကြွားတာဟုတ်ဘူးနော် ဘယ်လိုမှမထင်မှတ်ပဲ Singapore သူငယ်ချင်းတွေရပီး သူတို့ရဲ့ Family Band မှာ Second Lead နဲ့ Hollow ကို ကျနော် အလုပ်နားရက်မှာသွားသွား တီးဖြစ်ပါတယ် ။ ဘာပဲပြောပြော ကျနော့ရဲ့ ပထမစိတ်ကူး ကလက်တွေ့ဖြစ်လာတာပေါ့ဗျာ ။ ဒုတိယ စိတ်ကူး ကတော့ လုံးဝ ကိုမေ့ထား တယ် မဖြစ်နိုင်မှန်းသိလို့ ။ ကျနော့ ရဲ့ တတိယ စိတ်ကူးလေး ဖြစ်အောင်လည်း ကျနော်ကြိုးစားနေတယ် သူနဲ့လက်ထပ် ဖြစ်အောင်လို့ပေါ့ ကျနော့သူငယ်ချင်းတွေ လည်း ဆုတောင်းပေးကြပါဦးနော် ။ ကျနော့ မှာစိတ်ကူးမိတာကလောလော ဆယ် ဒါပဲဗျ ။
ကျနော်ရေးတတ်သလောက် လေးရေးထားတာပါ ။ ကိုဂျယ်လည်း ကျေနပ်မယ် လို့ထင်ပါတယ် ။ စာရေးတာက ကျနော့ အကိုတွေအမတွေ ကိုမှီအောင် အများကြီး ကြိုးစား ရဦးမယ် ။
နောက်ဆုံးပြောချင်တာက တော့ ကျနော့သူငယ်ချင်း တွေ နဲ့ ဘလော့ဂါ ညီ အကို မောင်နှမတွေ အကုန် လုံး စိတ်ကူးအိပ်မက်တွေ နဲ့ လက်တွေ့ဘဝမှာ တထပ် ထဲ ကျနိုင်ပါစေဗျာ

9 comments:

tututha said...

တကယ်လှတဲ့စိတ်ကူးလေးပဲ .. ကန်တော်ကြီးထဲမှာ ချစ်သူနဲ့ လမ်းလေးလျှောက် သီချင်းနားထောင် သီချင်းလေးတွေလိုက်ညည်း .. စိတ်ကူးတွေ အကောင်အထည်ဖော်နိုင်ပါစေ ..

မဆုမွန် said...

စိတ်ကူးယဉ်နဲ့ လက်တွေ့ဘ၀ တစ်ထပ်တည်း ကျပါစေ..နှစ်သစ်ကူးမှာ ချစ်သူနဲ့ ကန်တော်ကြီးမှာ လမ်းလျောက်ခွင့်ရပါစေသော်ဝ်

အိပ်မက်နိဒါန်း said...

ဒုတိယစိတ်ကူးလေးအမြန်ဆုံးဖြစ်နိုင်ပါစေ.ကန်တော်ကြီးထဲမှာလည်း ချစ်သူလေးနဲ့လမ်းလျှောက်နိုင်ပါစေ.

PHYO said...

ကျနော် မရေးတတ်ရေးတတ် ရေးထားတာကို လာဖတ်ပေးကျသောကွန်မန့်ရေးပေးသွားကြသော
အကို အ မ များအားလုံး ကျေးဇူးတင်ရှိပါကြောင်း ပေးတဲ့ဆုနဲ့လဲ အမြန်ဆုံးပြည့်ရပါလို၏ ။ ဟီးဟီး

ဖိုးဂျယ် said...

အကိုဖြိုးရေ စိတ်ကူးလေး ပြည့်ဝပါစေဗျာ
အကိုရေ စိတ်ကူးလေး အမြန်အကောင်ထည်ဖော်နိုင်ပါစေနော်
ရေးပေးလို့ကျေးဇူးပါ

မြတ်သွယ် said...

ကိုဖြိုးရဲ့ မောင်နှမတွေကိုတောင်းပေးတဲ့ ဆုလေးက ကောင်းသလို
ပုလဲလည်း ကိုဖြိုးကို ဆုတောင်းပေးပါမယ်
စိတ်ကူးယဉ်မှု ၁ခုက တကယ်ဖြစ်လာပြီပဲ
နောက်တစ်ခုကလည်း ကြိုးစားမယ်ဆိုတော့ ဖြစ်လာမှာပါ
ဆုတောင်းပေးပါတယ်
ချစ်တဲ့သူတွေပဲ တွဲလက်တွေခိုင်မြဲပါစေ
လျောက်မယ့်လမ်းလည်း ဖြောင်းဖြူးပါစေ

Anonymous said...

ရန်ကုန်မှာ ပဲဆောင်မှာ လားဗျို့ ဒီကပရိတ်သတ်ကြီးကျတော့ ကျွေးဘူးပေါ့လေ..
ပျော်ရွှင်ဖွယ် မင်္ဂလာပွဲကြီး ကျင်းပနိုင်ကြပါစေ...

may16 said...

စိတ်ကူးလေးကောင်းတယ် ကိုဖြိုးတင်ထားတဲ့ ဇော်ဝင်းထွဋ် သီချင်းကဘယ်အခွေကလည်းရှင် လိုချင်လို့ပါကျေးဇူးပြုပြီးပြောပေးပါနော်
ပျော်ရွင်ပါစေ.

PHYO said...

ကျနော့ ကို လည်း အမမေ ကပို့ပေးထားတာခင်ဗျ
ဒီသီချင်းလေး က ကြိုက်ရင် ကျနော်ပို့ပေးပါ့မယ်နော် အမရေ