Monday, December 8, 2008

ကျနော်ကြည့်ဖြစ်သောစင်္ကာပူမှICရှိုး












ကျနော်ဒီနေ့IC SHOW သွားကြည့်ဖြစ်တယ်ဗျ။ မကြည့်ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ဂီတကိုချစ်တဲ့ကျနော် ရဲ့သူငယ်ချင်းတွေ အတွက်ဒီ Post လေးကိုအမှတ်တရ ရေးလိုက်တယ်ဗျာ။
ရှိုးလုပ်တဲ့နေရာကတော့ Chinese Garden နားက Jurong East Sport and Cultural Centre မှာ ပါ။ရှိုး စတဲ့အချိန်ကတော့ခြောက်နာရီခွဲ လောက် မှာပဲ။ကျနော့စိတ်ထင်လူကလဲတော်တော်များတယ်ဗျ။ဒီလောက်များမယ်တောင်မထင်ထားဘူး။ဘာပဲပြောပြော Chinese Garden နားက ဘီယာဆိုင်တွေနဲ့စားသောက်ဆိုင်တွေကတော့လွှတ်ရောင်းကောင်းတာပေါ့။ကျနော်လဲဘီယာလေး နဲနဲလက်နှစ်လုံးလောက်သောက်ပီးတော့ဟိုဓာတ်ပုံရိုက်ဒီဓာတ်ပုံရိုက်နဲ့ခန်းမထဲဝင်လိုက်ပါတယ်။ရှိုးကတော့မစသေးပါဘူးလူတွေကတော့အပေါ်မှာရောအောက်မှာရောနဲတာမဟုတ်ဘူးဗျ။သိတ်မကြာပါဖူးICရဲ့အဖွင့်တီးလုံးသံနဲ့Unpluggedရှိုးစပါတော့တယ်
စပီးဆိုတာ
တော့နောနော်ဗျာ ။ သူ့သီချင်းတွေကကောင်းပါတယ်ကျနော်ကတော့တစ်ခါလောက်ပဲနားထောင်ဖူးတော့သိပ်နားမယဉ်ဘူးဗျာ။ဘာပဲပြောပြောသူလဲသုံးပုဒ်ကိုအကောင်းဆုံးဆိုသွားပါတယ်။အောက်ကလူတွေကတော"့မျိုးကြီး မျိုးကြီး မျိုးကြီး " ပဲအော်နေတာဗျ။နောက်တယောက်က Lလွန်းဝါ "ရင်မှာချစ်များချစ်မိနေသလား မရေရာဘူးစိတ်ထဲက ငယ်ငယ်ကသံယောဇဉ် ခင်မင်ရုံစိတ်ကလေးများ" ဆိုတာနဲ့စပါတယ် နောက်တော့"တောင်ပြာတန်းကမောင့်အချစ်ကို" ရယ် အဆုံးသတ်က " ကိုချစ်တဲ့လမင်းရယ် မင်းနားမှာအမြဲခိုလှုံချင်တယ်အိပ်စက်ပီး" နဲ့အဆုံးသတ်ပါတယ်။သူလဲ သုံးပုဒ် ပဲဆိုပါတယ်။နောက်တယောက်ကတော့ဇော်ပိုင် အလှည့် ပေါ့ သူစဆိုတာကတော့မြူးပါတယ် စကတဲက Vamp Intro လေးနဲ့ "အချစ်ရယ်ငါမလွမ်းရဲဘူး အလည်လွန်သွားမိတယ်ငါဘဝလေး" အောက်မှာတော့ကတဲ့လူတွေက က နေကြပြီ ပေါ့။နောက်တပုဒ် က "အနမ်းရဲ့နေ့စွဲလေး" နောက်ဆုံးသီချင်းကတော့ ဖြိုးလဲမမှတ်မိတော့ဘူးဗျာ။ နောက်တယောက်က တော့ Rကြီး ခေါ် Rဇာနည် ပေါ့။စဆိုတာကတော့ "ဖြတ်" IC 15 Anniversary တုံးကသီချင်းပါပဲ။ပီးတော့ "ခွင့်ပြုတယ်ခွင့်လွှတ်တယ်"Rခိုင် ရေးတဲ့သီချင်း နောက်ဆုံးက "ယဉ်ယဉ်လေးနဲ့ရူး" ချင်ရောင်ဆောင်သွားပါတယ်ဗျာ။ကိုခရမ်းကလဲ Drum အပီတီးသေးတာပဲ ဘယ်သူပီးမှတီးတာလဲတော့ဖြိုးလဲသိပ်မမှတ်မိဝူးဗျာ။အောက်ကလူတွေကတော့ Rဇာနည် ကို " ကိုယ့်အနားရှိစေချင်" ဆိုစေချင်တာပေါ့မဆိုသွားဘူးလေ။ နောက်ပီး ကိုဝိုင်ဝိုင်းပေါ့ စဆိုတာတော့ "တယ်လီဖုံး"နောက် "သူငယ်ချင်းရှေ့ဆက်မင်းဘဝဟာအမြဲချိုမြိန်ပါစေ တခါတရံမှာခါးသီးလဲကျော်ဖြတ်လိုက်ပေါ့လေ" တို့နဲ့သုံးပုဒ် ပါပဲ။ဝိုင်ဝိုင်း ပီးတော့ ကဲလာပါပြီဗျာ အားလုံးအသေအော်ခေါ်နေတဲ့ မျိုးကြီး လေပြေနဲ့ ပေါ့။နောက် "မလာပါနဲ့" မေ့သွားပြန် ပီနောက်တစ်ပုဒ် ဟီးဟီး ။နောက်ဆုံးကတော့ကိုကြီးအငဲ ပဲ "အချစ်တွေခါး ကုန်ပီပေါ့ဗျာ" ဒီမှာလဲသောက်ထားတာပါးစပ်တွေကိုခါးနေတာပဲ အဟီး ။ နောက်တော့"ထပ်မဝေးဘူး" နောက်ဆုံးအပုဒ် ကတော့သူရဲ့ " ကိုယ်ရေးရာဇဝင်နဲ့" Unplugged ရှိုး ပထမပိုင်း ပီးပြီပေါ့ဗျာ။ကိုငဲ ကကျွန်တော်တို့ရဲ့ ဘယ်သွားသွားမျက်နှာမငယ်ရတဲ့ဂစ်တာသမားတစ်ယောက်ရှိပါတယ် ချစ်စမ်းမောင် လဲဆိုရောဝမ်းသာလိုက်တာဗျာ ။သူတီးတာကြည့်ချင်တာလေ စလိုက်မီးနဲ့ကွယ်နေတော့ဘယ်လိုမှမမြင်ရဘူး ။ကျနော်အရမ်း ကြိုက်တဲ့ Tapping တွေနဲ့သူရဲကောင်းတယောက် လိုသူတီးပြပါတော့တယ်အများစု ကတော့ခြောက်ကြိုးကဝေ ထဲကတီးလုံးတွေပါပဲ။ နောက်တော့နိုင်ငံခြားရှိုးတွေမှာတီးနေကျ ပုံစံ နဲ့ကိုသန့် ကထိုင်ပီးဂစ်တာကိုခေါင်းပေါ်တင်ပေးပါတယ် ။သူဘာတီးတော့မယ်ဆိုတာကတော့သိပီးသားပေါ့ "Right Here Waiting For U " ကိုလှလှပပတီးပြပါတော့တယ် နောက်ပီး "ရှမ်း ရိုးမ ကအိုးစည်သံဗေပုံတီးလို့ညံ" နောက်ဆုံး "မြနန္နာ" တီးလုံးလေးနဲ့ပထမပိုင်း ပြီးရောပေါ့။ ကျနော်လဲဓာတ်ပုံတွေဘာတွေသွားရိုက်လိုက်ပါသေးတယ်။ဒုတိယ ပိုင်း Solid Show မစခင်လာကြည့်တဲ့သူတွေကိုကံစမ်းမဲ နှိုက်ပေးပါသေးတယ် ပထမဆုက ဟုန်းသီရေတာ ဆိုလား ကို့ ကံကိုကတော့စိတ်ချပီးသား အရင်ထဲက ကံကမကောင်းတတ်တာ ဒီလောက်လူအများကြီးနဲ့ ပေါက်စရာကိုအကြောင်းမရှိဘူး။ဒုတိယဆုက MAI အသွားအပြန်လက်မှတ် နောက်ဆုံး ဆုကတော့ ကီလိုနှစ်ဆယ် အပိုဆိုလားပဲ စိတ်ကိုမဝင်စားတာဟဲဟဲ ။ ကဲစပါပြီ ဒုတိယပိုင်း Solid Show နောနော် ပေါ့"အိပ်လို့မရဘူး ဒီအကြေ္ပး တွေမကျေသေးဘူး" ဟီး သူနာမည်ကြီးတဲ့သီချင်းဆိုတော့အားလုံးလိုက်ဆိုကြပါတယ်။ပီးတော့ Lလွန်းဝါ ဆိုပါတယ် သိပ်မကောင်းပါဘူးဗျာ ။ နောက်ဇော်ပိုင်က "ပြိုပြိုမေရယ်" ဟီးရရစ်နဲ့ပဲပြိုလိုက်တယ်။Rဇာနည် ကတော့ဒုတ်ခတွေပေးတဲ့ကောင်ပဲပေါ့ စင်္ကာပူ ကသူတွေကို "ကိုယ့်အနားရှိစေချင်" နဲ့မျက်ရေတွေပက်ပက်စက်စက်ကျအောင်ဆိုပေးသွားတယ်လေ။ နောက်ဝိုင်ဝိုင်းဆိုပါတယ်။ မျိုးကြီးကတော့"ဟိုဟိုဟိုဟိုဟိုဟိုဟူးဟိုး"ဆို တဲ့လေပြေပါပဲ ရေလည်တီးလို့ကောင်းတဲ့သီချင်းပေါ့။နောက်ဆုံးတပုဒ် ကိုငဲ က"ရင်ဆိုင်မယ်လေ ရင်ဆိုင်မယ်လေ" ဆိုပီးတဲ့အချိန်မှာ သတ်မှတ်ထားတဲ့အချိန်ထက် ၁၀မိနစ်လောက်ကျော်နေပါပြီ။ဒါပေမဲ့ အောက်ကလူတွေကလဲပြန်ချင်ပုံမရသေးပါဘူး ညှိကျပါတယ်ပရိတ်သတ်နဲ့ကိုငဲနဲ့ သူပြောတာကတော့ရီရပါတယ်မြန်မာ ပြည်မှာလိုဒီမှာကနားလည်မှူနဲ့ဆက်ဆိုလို့မရဘူးဗျ သူတို့မီးဖြတ်လိုက်ရင်အားလုံးပြန်ရမှာ ကဲဒီလိုလုပ်ကျနော်တို့မြန်မာပီပီ ခိုးပီး လေးပုဒ် လောက်ဆက်စွဲ လိုက်ရအောင်ဆိုတော့အားလုံးလက်ခုပ်တွေတီးပီးကျေနပ်ကြပါတယ်။ကိုငဲစဆိုပါတယ် ပီးတော့မျိုးကြီးက'နားနားပီးပြော" ကိုဆိုပါတယ် ဝိုင်ဝိုင်းက တစ်ပုဒ် ဆိုပါတယ်အဆွေးသီချင်းပါပဲ။နောက်ဆုံးကတော့ ကိုလေးဖြူ မပါပဲနဲ့ "ဒီဇင်ဘာ" ကို ကိုငဲ ရယ်မျိုးကြီးရယ် ဝိုင်ဝိုင်းရယ် သုံးယောက်ဆိုပီး Singapore ရဲ့ IC ရှိုးကိုအောင်မြင်စွာ ပြီးဆုံးလိုက်ပါတော့တယ်။

3 comments:

အိပ်မက်နိဒါန်း said...

ဟယ်တော့...ကိုဖြိုးရေ
သွားကြည့်တာချင်းတူတူ ဘာလို့မတွေ့ရတာပါလိမ့်.ဓါတ်ပုံလေးတွေကြည့်သွားတယ်နော်.

Anonymous said...

ကျေးဇူး ပဲ..

♥ Acacia ♥ said...

အောက်ဆုံးက မျိုးကြီးနဲ့ တွဲရိုက်ထားတာ ကိုဖြိုးလားဟင်