Friday, December 26, 2008

ခိုင်မြဲခြင်း

ကောင်းကင်ထက်မှာအိမ်ဆောက်မယ်
ဖိုးလမင်းမြေပြင်ပေါ်ဆင်းသက်
ဒီအတွေးတွေ အကုန်လုံးဖြစ်နိုင်တယ်
ငါ့ရင်ခွင်ထဲ အချစ်တွေကိုထုတ်ယူနိုင်ဖို့ခက်မယ်ကွယ်

အရှင်းသန့်ဆုံး ကြယ်စင်များရယ်
ငွေကြေး တွေနဲ့အောင်မြင်မှူတွေ
မင်းဆီက အနမ်းများစွာနဲ့
လဲယူနိုင်ဖို့ခက်လိမ့်မယ်

ငါမင်းကိုပဲချစ်တယ်


ဘာမှမဟုတ်ဘူး ကဗျာဟုတ်ဘူးနော် အဲနောင်းသီချင်း
ရီးစား ကိုသတိရလို့
အဟီး

ဒီသီချင်းကတော့ကောင်းတယ်ဗျ
ကျနော် ရုပ်ရှင် ကြည့်တုံးက ဇာတ်ဝင်သီချင်းဗျ
ဘယ်သူဆိုတာ လဲမသိဘူး ကျနော့သူငယ်ချင်းတွေသိရင်လည်း
ပြောပြပါဦးဗျာ
C G
မင်းကျေနပ်အောင် မထားနိုင်ခဲ့လို့
Am Em/G
အမှားများတွေ့ရင် အမှန်ပြင်ပေးမိသူ

F C G
စေတနာ စကားများ နားမှာခါးသလား


လောကကြီးထဲ ကောင်းမွန်စွာနဲ့
လမ်းလျှောက်တဲ့ရင် ဒီအသည်းနှလုံးကို
နင်ခွဲလိုက် စိတ်လိုက် ပိုင်းလိုက်
C G
မလိုချင်ပါဘူး မင်းရဲ့တုံ့ပြန်မှူ
Am G
တနေ့နေ့ မင်းသာပျံသန်းသွားရင်

F G
နင်ခွဲခဲ့ ထားခဲ့ မေ့ခဲ့ ငါ့ရင်ခွင်ကို


ထပ်ဖန်တလဲလဲ မင်းညာနေလည်း
အခုတော့မင်းကို ပြစ်မသွားရက်သူ
ဒဏ်ရာများထဲမွေ့လျှော်တဲ့သူ

လောကကြီးအကြောင်း နားမလည်ပါဘူး
ဘဝရဲ့အဓိပ္ပယ် မသိသေးတဲ့အရွယ်
နင်ချစ်လိုက် မုန်းလိုက် ကစားလိုက်

မလိုချင်ပါဘူး မင်းရဲ့တုံ့ပြန်မှူ
တနေ့နေ့ မင်းသာပျံသန်းသွားရင်
နင်ခွဲခဲ့ ထားခဲ့ မေ့ခဲ့ ငါ့ရင်ခွင်ကို ငါ့အတွက်အားလုံးပြည့်စုံ ငါအသက်ရှင်နိုင်ပီ

6 comments:

ဖိုးဂျယ် said...

အကိုရေ ဒီသီချင်းလေးရှိရင်
တားတားလေးကို ပေးပါ့လား
တားတားလေး အဲ့သီချင်းကြိုက်တယ်။

thinzar said...

သဉ္ဇာလဲ ရှာနေတာပါရှင့်....။
အဲဒီသီချင်းကို city FM ကနေနားထောင်ဖူးတာ
သီချင်းလေးတဲ့အခါသံချောင်းခေါက်လိုက်နော်။

thinzar said...

သီချင်းလေးရတဲ့အခါ သံချောင်းခေါက်ပါလို့ရေးတာပါ။
ရကောက် က ဘယ်နားပြုတ်ကျန်ခဲ့မှန်းမသိဘူး..။
ဟီးဟီး.. ဆောရီး........။

Anonymous said...

ကူးယူဖို့အတွက် တင်ပေးပါဗျို့ ဒေါင်းလို့ရအောင်
ပါလုပ်ပေးထားပါဗျာ။

PHYO said...

ဟီးဟီး အကို တို့ အမ တို့ရေကျနော်လည်း
ရှာနေတုံးရရင်တင်ပေးမယ် စိတ်ချ

အိပ်မက်နိဒါန်း said...

ဇော်ဝင်းထွဋ် ဆိုတာလေ ကိုဖြိုးရဲ့..အကြိုက်ဆုံးထဲက တစ်ပုဒ်ပေါ့.အိမ်မက်ဆီမှာရှိတယ်.