Tuesday, December 23, 2008

ကျနော် နဲ့ဂစ်တာ

လောက မှာ လူရယ်လို့ဖြစ်လာရင် အနည်းနဲ့အများတော့ ဂီတတွေသံစဉ်တွေ ကိုဝါသနာပါကြမှာပါပဲ။ တချို့ က တီးတာ ဝါသနာပါသလို တချို့ကဆိုတာ ဝါသနာပါကြတာပေါ့ဗျာ ဘာပဲ ဝါသနာပါပါ ခံစားတတ်တဲ့ရင်ဘတ်ချင်း ကတော့ တူညီမှာသေချာတယ် ။ ကျနော့ အကြောင်း ဂစ်တာတီးဖြစ် ပုံကိုပဲပြောပြမယ်ဗျ ။ ကျနော် 2000 ပြည့်နှစ်မှာဆယ်တန်း အောင်တော့ ကျနော့ အကိုတွေဆီ သွားရင်းနဲ့သူတို့တီးတာကြည့်ပီး ဂစ်တာ တီးတတ်ချင်လာတယ်ဗျ ။ အဲဒါနဲ့ပဲ သူတို့ကိုဂျီကျ ပီးသင်ခိုင်း စတီးတုံးက ဂစ်တာကိုယ်ပိုင်တောင်ရှိတာဟုတ်ဖူး ဒီလိုပဲငှါးတီးရတာ ဗျနောက်မှတဖြေးဖြေး ဝယ်ရတာပေါ့ ။ စတီးတုံး ကလက်ထိပ်တွေအရမ်းနာတာပေါ့ ဗျာ ။သူများတွေတီးတာကြည့်ပီးလွယ်ပါတယ်လို့ထင်တာကိုး တကယ်တီးကြည့်တော့မှ မလွယ်ဘူးဗျ ဒါက လည်း အစပါပဲ အဲဒီနာတာ ကိုခင်ဗျားစိတ်ပျက်မယ် အားလျှော့မယ်ဆိုရင်တော့ တသက်လုံး ဂစ်တာတီး တတ်တော့မှာမဟုတ်ဖူး ။ တချို့တွေ ကနာတယ် ဆိုပီးတော့ လက်ထိပ်မှာ ပလာစတာ ကပ်ပီးတီးကျတယ် အဲဒါလည်းရှောင်သင့်တယ် ဗျ ဘာလို့လည်းဆိုတော့ တီးတာကြာရင်အသားမာ သူဘာသာတက်လာမှာလေ အသားမာတက်လို့တီးတာကြာရင် မနာတော့ပါဘူးဗျာစိတ်ချ ။ ကျနော်တို့ ကတီးသာတီးတာ အပျော်ပါ တကယ့် ကိုအပျော်တမ်းတီးတာ Band တွေဘာတွေလည်း မလုပ်ဖြစ်ကြပါဖူး ။ ကျနော်တို့ထဲမှာ တကယ် တီးတာတော်တာကတော့ ကိုတိန်ချမ်း နဲ့ကိုရဲဝင်း ဗျ ကိုရဲဝင်းကတော့ ကျနော့ ကိုစသင်ပေးတဲ့ အကိုဆရာ ပေါ့ ကိုတိန်ချမ်း ကတော့ ကချင်မှာနေတာများတယ် ရန်ကုန်ရောက်ရင်တော့သူ့ဆီကပညာ အများကြီး ရပါတယ် 2000-2001 လောက်တုံးကတော့ ဂစ်တာကိုတော်တော်တီးဖြစ်ခဲ့တာပေါ့ ။ နေ့ရော ညရော ရင်ထဲ ပိုက်ထားတာ ချစ်လွန်းလို့လေ ။ နေ့ဘက်ဆို မာရှီ ကွဲကွဲ နဲ့တီးကျတာ ပဲ ဘယ်လို ဘယ်လို အချိန်တွေကုန် မှန်းတောင်မသိဘူး ။ အခုပြန်စဉ်းစားရင် အ ခုပြန်လွမ်းပါတယ် ။ ညဘက် ဆိုရင်တော့ ရှက်ကီ သောက် ပီးတီးတာ ပဲဗျ သီတာလမ်း ကအိမ်တွေကိုတော့ အားနာစရာပဲဗျ ဟီးဟီး ။ ကျနော်နေတာက ကျောက်မြောင်း သီတာလမ်း တာမွေမှာ လေ ။ ကျနော်တို့ ကတော့ပုံမှန် တီးဖြစ်ကျတာပေါ့ တခါတလေ သူ့သူငယ်ချင်း ကိုယ့် သူငယ်ချင်း ပေါင်းပီးလူစုံသွားရင် တော်တော်လေးပျော်စရာကောင်းပါတယ်ဗျာ ။ တခါ တလေ ကျနော်တို့တီးနေတုံး ကိုငှက်(ထူးအိမ်သင်) ရောက်လာတတ်တယ် ။ သူ Stereo ကပြန်လာရင်ဖြစ်ဖြစ် ဘော်ဒါတွေနဲ့ သောက်စားပီး ဖြစ်ဖြစ် ပြန်လာရင် ကျနော်တို့နဲ့ကြုံ ဖြစ်ရင် ကိုငှက်နဲနဲ ဆိုပါတီးပါဆို မငြင်းပါဘူး ဘယ်တော့မှ ။ အရမ်း စိတ်ထားကောင်းတဲ့ လူဗျ ။ ဘယ်အချိန် ကြည့်ကြည့် မျက်မှန် ထူထူ ဆပင် ကဘုတ်သိုက် ခင်စရာ တော့တော်တော် ကောင်းတယ်ဗျာ ။ သူသေသွားတာ အရမ်းစော လွန်းတယ် ။ သူ့လောက် သီအိုရီ တွေဘာတွေ ပိုင်တဲ့သူ လည်း မတွေ့ဖူးသေးဘူး တကယ့် ကို ။ ဒီလိုနဲ့ ကျနော် တို့ ဒီလိုနေလာ ရင်း အိမ်ကလည်း ဆယ်တန်း ပီးတာလဲကြာပီ ပေါ့ ။ ဘာဆက်လုပ်မ လဲ အကျိုးရှိ မယ့်သင်တန်း လေးဘာလေးတက် ဆို ပီး ပြောတာနဲ့ ကျနော် KMD မှာ Network Engineering သင်တန်း တက်ဖြစ်တာ ဂစ်တာနဲ့ နဲနဲအဆက်ပျက် သွားတယ် အဆက်ပျက်တယ် ဆိုတာ မနက်ပိုင်းတွေပါဗျာ သင်တန်း ကပြန်လာတာနဲ့ ဂစ်တာကောက်ကိုင် ပီး တီးဖြစ်တာပါပဲ ။ နောက်ပိုင်း ကျနော် တို့သူငယ်ချင်းတွေ လည်း အားလုံးတကွဲတပြား နဲ့ နိုင်ငံခြား သွားတဲ့သူကသွားနဲ့ မစုံ ဖြစ်ကြ တော့ဘူး ။ အဲဒီလိုနဲ့ ကျနော် တို့အိမ်နားမှာ ဘိလိယက် ခုံဖွင့်တယ် ။ အဲဒီဆိုင်ပိုင်ရှင်အဖိုး ကြီးက အရင်တုံးက မဇ္ဇျိမ လှိုင်း မှာတီးတဲ့အဖိုးကြီး ဗျ သူဆီမှာလဲ ကျနော်ဂစ်တာသင်လိုက်ပါသေးတယ် နုတ်တွေလည်း ဖတ်တတ်တာ သူသင်ပေးတာ ပေါ့ဗျာ နောက်မှဆက်ရေးမယ်ဗျာ

No comments: