Saturday, December 20, 2008

ကျနော် နဲ့ ပြဿနာ

ဒီရက်ပိုင်းတွေဗျာစိတ်မကြည်ရတဲ့ကြားထဲပြသနာကလဲအဖော်အပေါင်းနဲ့ကိုတက်တာ။စိတ်ညစ်ရပါလား။ကျနော် လဲ Technician လုပ်တာကြာပြီ Singapore မှာတင် တနှစ်ပြည့်ပီ ဗျာ အခုဖြစ်တာမျိုးကတခါမှမဖြစ်ဖူးဘူး။ကျနော့အလုပ်အကြောင်း ကိုပြောပြမယ်ဒီလို ဗျာ ။ Singapore မှာကကျနော်လက်ရှိလုပ်နေတဲ့ IT Hardware အလုပ်ကရှားပါတယ် အလုပ်စရှာထဲက Strait Time မှာမပါသလောက်ကိုရှားတာ ။ အလုပ်ရပေမဲ့လဲ ဖြတ်သန်း ရတာခက်တယ်ဗျ Singapore ကလူတော်တော်များများက အားတိုင်းယားတိုင်း Complain ကြီးပဲတတ်ချင်နေကျတာ ။ ကျနော်လဲတတ်နိုင်သလောက် သီးခံပါတယ်တခါတလေတော့ လဲလွန်တယ်ဗျလူတွေက ပြဿနာဖြစ်ပုံကိုပြောပြမယ် ဒီလိုဗျ Monday တုံးကCustomer တယောက်စက်လာပြင်တယ် ကျနော့ဆိုင်မှာ ကုလားပါဗျာ ။အမျိုးအစား က Compaq Presario Laptop ဗျ ။ လာပြင်ကထဲ ကစိတ်တော့နဲနဲထင့်သား အင်းသူပြောတာက HardDisk ပျက်လို့တဲ့ Alright ပေါ့ Power On ကြည့်တော့အထဲမှာ ရထားတောင် မောင်းနေသလားမှတ်ရတယ် ကလစ် ကလစ် ဂျစ်ဂျစ် ဒါပဲကြားရတယ် ။ ဟုတ်တယ်မင်း HardDisk လဲ ရမှာ ပြောတော့ သူကငါ 160GB (SATA) ချိန်း ချင်တယ်ပေါ့ရတယ် ငါချိန်း ပေးမယ်မင်း Confirm ဆိုရင်ပိုက်ဆံ အရင်Counter မှာပေးလိုက်ပေါ့နော် လို့ပြောပီး သူရှေ့ မှာပဲကျနော် HardDisk ချိန်း ပေးလိုက်ပါတယ်။ အခု HardDisk ကအသစ် ဆိုတော့ မင်း ဝင်းဒိုး အသစ်ပြန်တင်ရမှာ လို့လဲသူကိုပြောပါတယ် မင်းတို့စီမှာ Full Installation ဆိုရင်ဘယ်လောက်လဲ ဆိုတော့ဒီလောက်ဒီလောက် ကျမယ် ပြောတော့အတင်း ကိုဈေးဆစ် တယ် ကျနော်လဲနားအေးပီးရော ဈေးလျှော့ ပေးပါတယ်ဗျာ ။ အဆင်ပြေတယ်ပေါ့ဈေး က စက်ထားခဲ့လိုက်တစ်ရက် ကြာမယ်ပေါ့ အဲဒီမှာပြောစရာရှိတာက စ လာပြတုံး က ဝင်းဒိုး မတတ်ဘူးဆိုတော့ Other Hardware Parts တွေလဲ Check လုပ်လို့မရဘူး ကျနော်ပြောတာက ဝင်းဒိုးပေါ်မှာ ကောင်းကောင်း အလုပ် လုပ် မလုပ် ကိုပေါ့ ။ ပုံမှန် ကတော့ဒီလောက် လဲမ လိုပါဘူး အဆင်ပြေပါတယ် သူလဲပြန်ရော ကျနော် လဲတခြားလုပ်စရာရှိတာ နဲနဲလုပ်လိုက်သေးတယ် ပီးတော့မှအဲဒီ စက် ကို Window Install လုပ်တယ် ပီးတော့ Driver တင်တယ်ပေါ့ဗျာ အဲဒီမှာစတွေ့တာပဲ Wireless Driver ကဘယ်လိုမှ တင်လို့မရဘူး နည်းပေါင်းစုံနဲ့ဘယ်လိုတင်တင် ကိုမရတာ တခြားဟာတွေကအဆင်ပြေ တယ် ။ Wireless ပဲအဆင်မပြေ ဖြစ်နေတာ ကျနော်ကတော့သိလိုက်တယ် သူ့ Wireless Hardware ကိုကပျက်နေရင် Driver ဘယ်လောက်တင်တင်အလကားပါပဲ အချိန်တောင်ကုန်သေးတယ် ဒါနဲ့ကျနော်လဲသူ့ဆီ ဖုန်းဆက်လိုက်တယ် မင်းဟာကတော့ ဒီလိုဒီလိုဖြစ်နေတယ်ပေါ့ ကောင်းပြီ ငါလာခဲ့မယ်ဆိုပီးဒီလူ ရောက်လာပါတယ် ။ ကျနော်လဲအစတုံး ကတော့ ကောင်းကောင်းမွန်မွန်ပဲသူ့ကိုရှင်းပြပါတယ် ။ သူကဘာပြောလဲဆိုတော့ ငါ့အိမ်မှာ Wireless ကကောင်းတယ် မင်းဆိုင်ရောက်မှပျက်တာ ဘာညာပေါ့ ။ ဟာ ကျနော်လဲတော်တော်ဒေါသထွက် သွားတယ်ဗျ ။ Ok ဆိုပီး စိတ်နဲနဲလျှော့လိုက်တယ် မင်းပြောသလိုဆို မင်းအိမ်မှာကောင်းတဲ့ဟာ ငါကိုဒီမှာမင်း စမ်းပြသလား မင်းလာပြင်ထဲက ဝင်းဒိုးမတက်ဘူး Harddisk Detect မသိဘူး ဟုတ်ပြီနော် ငါ Harddisk ကိုလည်း မင်းရှေ့မှာ တပ် ပေးတာ ဟုတ်ပီနော် ပြောလို့မရဘူးဗျာ English ကလဲညံ့ပဒီကုလားက စိတ်လည်းတော်တော် ကုန်နေပါပီ ကုလား ကလည်းတခွန်းပဲပြောတတ်တယ် "My Feeling Is So Bad" ကျနော်ကတော့ပြောလိုက်တယ်စိတ်ထဲက လဲသေလိုက်ပါလားလို့ နောက်ဆုံး ကျနော့ Boss ကိုသွားပြောလိုက်တယ် ရှင်းလည်းပြလိုက်တယ် ဟေ့ Boss ဒီလိုပဲ မင်းနဲနဲ ပြောပေးဦး ဒီကုလားStupid Guy ကို ငါတော့မပြောချင်တော့ဘူးလို့ ။ ကျနော့ Boss ကလည်း ကိုယ့် ထက်တောင်ပြတ်သားသေးတယ်သူ့ကိုမေးတာပေါ့ မင်းဘာလုပ်ချင်လဲ ငါတို့အချိန်ကုန်တယ် OK! ကိတ်စ မရှိဘူး ဒါကတော့ မင်းWireless က သူဘာသာအရင်ထဲကပျက်တာ ငါတို့လည်း ဒါကို အာမမခံ နိုင် ဘူး ငါလုပ်ပေးနိုင်တာကတော့ မင်း Laptop ကိုပြန်ယူသွား Harddisk လဲ ပြန်ယူမယ် မင်းပိုက်ဆံကို လည်း ပြန်အမ်း ပေးမယ် ဆိုပီးအပြတ်ပြောတာ ဟီးဟီး အဲလိုဆိုတော့လည်း မဟုတ်ပြန်ဘူး သူပြောတတ်တဲ့ ဟာလေးပြောပီးပေတေ နေတာဗျာကျနော်က တော့ Neglect လုပ်လိုက်ပါပီဗျာ ဘာမှကိုပြောချင်စိတ်မရှိတော့တာ အဲလိုနဲ့ပီးပြီ မှတ်တာမပီးဘူးလေ သူကိုတခုခု တော့လုပ်ပေးပါဘာညာဆိုပီး ကုလားဂျီ ဂျီတာ ဒီရောက်မှကျနော်လည်း ဒီလိုရှင်းရတာ ပထမဆုံး အကြိမ် စိတ်ကိုကုန်ရော နောက်တော့ ကျနော့ Boss လည်းမခံစားနိုင်တော့ဘူး ထင်ပါတယ် Wireless Adapater တစ်ခု ပေးလိုက်တယ် FOC နော် ဟားဟား အဲဒီတော့မှပဲ ကုလားလည်းပျော်ပီးပြန်သွားတာများခင်ဗျားတို့ကိုမြင်စေချင်တယ် ။ ကျနော်ပြောချင်တာကသင်ခန်းစာ တော့ရတာပေါ့ နောက်ဆို သေချာလုပ်ရတော့မယ် ပေါ့လို့မရတော့ဘူး ကြိုပြောထားမှ ဒီလိုမျိုးဖြစ်တတ်တာ ကို ဟီးဟီး ။ ကျနော့သူငယ်ချင်းတွေ လဲသိရအောင် ရှောင်လို့ရအောင် လို့ဘာရယ်မဟုတ်ဘူးရေးလိုက်တာ ။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေဗျာ
ဖြိုးသူ

6 comments:

Anonymous said...

ဒါတော့ ကိုယ်ပိုင် အတွေ့ကြုံပေါ့နော် .ညှဲညှဲ... မှတ်သားစရာပဲဗျို့... ဘယ်ဆိုင်မှာ လဲ.. ချဲလင်ဂျာလား..

PHYO said...

အနော့ ဆိုင်လား Challenger ဟုတ်ဘူး PC Zone

ဖိုးဂျယ် said...

ဒါဆို တခုခုဖြစ်ရင် အကိုဆီဂျီလာကျမှ
ကျတော်က မောင်နှမတွေကြားမှ
ရစ်တယ် ဂျီကျတယ် နာမည်ကြီးနော်
ဟီး

PHYO said...

လာခဲ့ပါကိုဂျယ် ကျနော်သိတာဆိုရင်
ကြိုက်တဲ့အချိန်လာ လုပ်ခိုင်းလို့ရပါတယ်

ဖြိုးငယ် said...

လုပ်ငန်းခွင် အတွေ့အကြုံလေးပေါ့ .. မှတ်သားရတာပေါ့ဗျာ

tututha said...

တခုခုဖြစ်ရင် ဒီလိုပဲ ဘလော့မှာရင်ဖွင့်ချလိုက်။ လူအများကြီးကို တပြိုင်တည်းပြောရလည်းရောက်၊ ကိုယ်လည်းပို့စ်အသစ်ရ။ အရမ်းကောင်းပါတယ်။