နှစ်သုံးဆယ် ကြာဖြတ်သန်းခဲ့တဲ့ Schecter ကုမ္မဏီ ရဲ့ရာဇဝင်ကိုလည်းမေ့ထားလို့မရပါဘူး ။ ဂစ်တာကုမ္မဏီ တွေမှာသူရဲ့ Series သူ့ရဲ့မူပိုင်ပုံစံနဲ့ သီးသီးသန့်သန့် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြပါတယ် ။ ကုမ္မဏီ တခုရဲ့ ပုံစံကို ဂစ်တာလည်တိုင် ဂစ်တာကိုထည် ဂစ်တာခေါင်းကအစ နောက်ကုမ္မဏီ တခုက သိသိသာသာ ပုံစံတူ ထုတ်လုပ် လို့မရပါဘူး ။ သူ့မူပိုင်ခွင့် သူရဲ့ မှတ်ပုံတင်နဲ့ဖြစ်တဲ့အတွက် ခွင့်တောင်းပီး တန်ရာတန်ကြေး ပေးရပါတယ် ။ Fender ကုမ္မဏီ ကအစောပိုင်းမှာ Gibson ရဲ့ Series ပုံစံကို အကြောင်းမကြားပဲ ထုတ်ခဲ့တဲ့အတွက် တရားစွဲဆို ခံခဲ့ရပါတယ် ။
ကျနော်သိတဲ့ Schecter ဂစ်တာတွေအကြောင်းစပြောပါမယ် ။ Schecter ကုမ္မဏီ ကထုတ်တဲ့ Schecter Diamond Series တွေအကြောင်းပါ။Schecter Diamond Seri
es ကို စွဲစွဲမြဲမြဲ တီးနေတဲ့ ဒီနေ့နာမည်ကြီးဂစ်တာသမားက တော့ Avengend Sevenfold တီးဝိုင်းကရှေ့တန်း လူ Synyster Gates နဲ့Rancid တီးဝိုင်းကရှေ့တန်းလူ Tim Armstrong တို့ပါပဲ ။ Synyster Gates ကတော့ ၂၀၀၆ ခုနှစ်ရဲ့အကောင်းဆုံးဂစ်တာသမား အဖြစ် Total guitar မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့ပုဂ္ဂိုလ်ပါ ။ဒီ Schecter Diamond Seriesတွေကို Schecter ကုမ္မဏီ ရဲ့၁၉၉၆ ကနေ ၂၀၀၆ အထိနှစ် ၃၀မွေးနေ့အထိမ်းအမှတ်အဖြစ်ပိုပီး လူသိပိုများလာကြပါတယ် ။Schecter ကုမ္မဏီ ရဲ့ သန္နေတည်ရာနေရာကတော့ တောင်ကယ်လီဖိုးနီးယား မှာ၁၉၇၆ကစခဲ့တဲ့ Dave Schecter ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူဟာ ဂစ်တာအပို ပစ္စည်းလေးတွေ ရောင်းချရာကနေ ဈေးကွက်ဝင်ဂစ်တာတွေ ထုတ်လုပ်နိုင်တဲ့အထိအောင်မြင်မှူရခဲ့ပါတယ် ။ သူ သန္နေတည်ခဲ့တဲ့ Schecter ဂစ်တာတွေဟာ ကိုယ်ပိုင်သိက္ခာ ကိုယ်ပိုင်ပုံစံနဲ့ရပ်တည်နိုင်ခဲ့ပါပြီ ။ Schecter ကုမ္မဏီ ရဲ့နောက်ပိုင်းပုဂ္ဂိုလ်ရေးနဲ့နေရာဒေသအခြေအနေအရ အဓိကနေရာနှစ်နေရာကွဲသွားပါတယ် ။ တောင်ကယ်လီဖိုးနီးယား မှာ နဲ့ တောင်ကိုရီးယား မှာ နှစ်နေရာထုတ်လုပ် ပါတယ် ။

ဆက်ရေးမယ်ဗျို့
No comments:
Post a Comment